အချင်းချင်းရန်ဖြစ်စကားများရာမှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးမှု မန္တလေး၌ဖြစ်ပွား

5948
သန့်ဇင်(NP News)-ဩဂုတ် ၂၀
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အချင်းချင်းရန်ဖြစ်စကားများရာမှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၂ဝ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်နှင့် ၁၂၈ လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
"ဖြစ်တာကတော့ အမျိုးသား(၂)ဦး အချင်းချင်းရန်ဖြစ်စကားများရာက ဖြစ်တာပါ" ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၂ဝ)အရွယ်အမျိုးသားမှာ ထိုးသွင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်အသက်(၂၃)အရွယ်အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားနှင့် ဒဏ်ရာရရှိသူတို့အား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
အခ်င္းခ်င္းရန္ျဖစ္စကားမ်ားရာမွ ထိုးသြင္းဒဏ္ရာျဖင့္ အမ်ိဳးသားတစ္ဦး ေသဆုံးမႈ မႏၲေလး၌ျဖစ္ပြား
သန႔္ဇင္(NP News)-ဩဂုတ္ ၂၀
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ အခ်င္းခ်င္းရန္ျဖစ္စကားမ်ားရာမွ ထိုးသြင္းဒဏ္ရာျဖင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ဩဂုတ္လ ၂ဝ ရက္ ည ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၁ လမ္ႏွင့္ ၁၂၈ လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
"ျဖစ္တာကေတာ့ အမ်ိဳးသား(၂)ဦး အခ်င္းခ်င္းရန္ျဖစ္စကားမ်ားရာက ျဖစ္တာပါ" ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၂ဝ)အ႐ြယ္အမ်ိဳးသားမွာ ထိုးသြင္းဒဏ္ရာျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ၿပီး က်န္အသက္(၂၃)အ႐ြယ္အမ်ိဳးသားမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူ အမ်ိဳးသားႏွင့္ ဒဏ္ရာရရွိသူတို႔အား မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။