ဂျာမနီနိုင်ငံသားများ၏(၇ဝ)ရာခိုင်နှုန်းခန့်က ဂျာမန်အဓိပတိအသစ်ကို လိုလားနေကြကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ

1175

Pika (NP News) - သြဂုတ် ၂၁
ဂျာမနီနိုင်ငံရှိ မဲဆန္ဒရှင်များ၏ သုံးပုံနှစ်ပုံကျော်သည် ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး မကျေနပ်ကြကြောင်း မဲရုံအေဂျင်စီ INSA မှ ကောက်ယူထားသော စစ်တမ်းအသစ်အရ သိရသည်။
SPD၊ Greens နှင့် Free Democrats (FDP) ပါတီတို့ ပါဝင်သော ဂျာမနီညွန့်ပေါင်းအစိုးရအဖွဲ့သည် တစ်နှစ်ခွဲခန့် တာဝန်ယူပြီးနောက် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး စိတ်ပျက်နေသည့် ဂျာမနီနိုင်ငံသား အများအပြား ရှိလာခဲ့ကြောင်း သိရသည်။
ဖြေဆိုသူများ၏(၁၅)ရာခိုင်နှုန်းခန့်ကသာ အိုလက်ဖ်ရှိုးလ်၏ ညွန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်မှုများသည် ကောင်းမွန် ကြောင်းဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ ထက်ဝက်နီးပါးက CDU/CSU နှင့် SPD တို့ပါဝင်သော ယခင်ညွန့်ပေါင်းအဖွဲ့ ၏ လုပ်ဆောင်မှုများက ပိုမိုကောင်းမွန်သည်ဟု ယုံကြည်နေကြကြောင်းသိရသည်။ ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံ (၆၄)ရာခိုင်နှုန်းနီးပါးက ဂျာမနီနိုင်ငံသည် အစိုးရအပြောင်းအလဲများရှိမှသာ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ် ကြောင်း ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ လေးပုံတစ်ပုံ(၂၂)ရာခိုင်နှုန်းခန့်ကသာ လက်ရှိညွန့်ပေါင်းအဖွဲ့ကို ဆက်လက်တာဝန်ယူစေလိုကြကြောင်း ဖြေဆိုခဲ့ကြသည်။
ပြီးခဲ့သော သီတင်းပတ်တွင် နိုင်ငံ့အကြီးဆုံး ပြည်သူ့ကဏ္ဍ ဝန်ထမ်းသမဂ္ဂမှ ပေးအပ်သော Forsa Institute စစ်တမ်း တစ်ခုတွင် ဂျာမနီနိုင်ငံသားများ၏ အစိုးရအပေါ် ယုံကြည်မှုများစံချိန်တင်ကျဆင်းခဲ့ပြီး ဂျာမနီလူမျိုးအများစုက နိုင်ငံ့ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်များကို အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းမရှိဟု ထင်မြင်နေကြကြောင်း သိရသည်။
ဩဂုတ်လအစောပိုင်းက ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ ဂျာမနီအစိုးရ၏ လူထုထောက်ခံမှုများသည် ၂ဝ၂ဝ ပြည့်နှစ်တွင် (၆ဝ)ရာခိုင်နှုန်းမှ (၂၁)ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံသားမ်ား၏(၇ဝ)ရာခိုင္ႏႈန္းခန႔္က ဂ်ာမန္အဓိပတိအသစ္ကို လိုလားေနၾကေၾကာင္း စစ္တမ္းတစ္ခုတြင္ ေဖာ္ျပ
Pika (NP News) - ၾသဂုတ္ ၂၁
ဂ်ာမနီႏိုင္ငံရွိ မဲဆႏၵရွင္မ်ား၏ သုံးပုံႏွစ္ပုံေက်ာ္သည္ ဂ်ာမန္အဓိပတိအိုလက္ဖ္ရႈိးလ္၏ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္ၿပီး မေက်နပ္ၾကေၾကာင္း မဲ႐ုံေအဂ်င္စီ INSA မွ ေကာက္ယူထားေသာ စစ္တမ္းအသစ္အရ သိရသည္။
SPD၊ Greens ႏွင့္ Free Democrats (FDP) ပါတီတို႔ ပါဝင္ေသာ ဂ်ာမနီၫြန႔္ေပါင္းအစိုးရအဖြဲ႕သည္ တစ္ႏွစ္ခြဲခန႔္ တာဝန္ယူၿပီးေနာက္ ၎တို႔၏ လုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္ၿပီး စိတ္ပ်က္ေနသည့္ ဂ်ာမနီႏိုင္ငံသား အမ်ားအျပား ရွိလာခဲ့ေၾကာင္း သိရသည္။
ေျဖဆိုသူမ်ား၏(၁၅)ရာခိုင္ႏႈန္းခန႔္ကသာ အိုလက္ဖ္ရႈိးလ္၏ ၫြန႔္ေပါင္းအဖြဲ႕၏ လုပ္ေဆာင္မႈမ်ားသည္ ေကာင္းမြန္ ေၾကာင္းေျဖဆိုခဲ့ၾကၿပီး ေျဖဆိုသူမ်ား၏ ထက္ဝက္နီးပါးက CDU/CSU ႏွင့္ SPD တို႔ပါဝင္ေသာ ယခင္ၫြန႔္ေပါင္းအဖြဲ႕ ၏ လုပ္ေဆာင္မႈမ်ားက ပိုမိုေကာင္းမြန္သည္ဟု ယုံၾကည္ေနၾကေၾကာင္းသိရသည္။ ေျဖဆိုသူမ်ား၏ သုံးပုံႏွစ္ပုံ (၆၄)ရာခိုင္ႏႈန္းနီးပါးက ဂ်ာမနီႏိုင္ငံသည္ အစိုးရအေျပာင္းအလဲမ်ားရွိမွသာ ပိုမိုတိုးတက္ေကာင္းမြန္လာမည္ျဖစ္ ေၾကာင္း ေျဖဆိုခဲ့ၾကၿပီး ေျဖဆိုသူမ်ား၏ ေလးပုံတစ္ပုံ(၂၂)ရာခိုင္ႏႈန္းခန႔္ကသာ လက္ရွိၫြန႔္ေပါင္းအဖြဲ႕ကို ဆက္လက္တာဝန္ယူေစလိုၾကေၾကာင္း ေျဖဆိုခဲ့ၾကသည္။
ၿပီးခဲ့ေသာ သီတင္းပတ္တြင္ ႏိုင္ငံ့အႀကီးဆုံး ျပည္သူ႔က႑ ဝန္ထမ္းသမဂၢမွ ေပးအပ္ေသာ Forsa Institute စစ္တမ္း တစ္ခုတြင္ ဂ်ာမနီႏိုင္ငံသားမ်ား၏ အစိုးရအေပၚ ယုံၾကည္မႈမ်ားစံခ်ိန္တင္က်ဆင္းခဲ့ၿပီး ဂ်ာမနီလူမ်ိဳးအမ်ားစုက ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ ၎တို႔၏ အလုပ္မ်ားကို ေအာင္ျမင္စြာလုပ္ကိုင္ႏိုင္ျခင္းမရွိဟု ထင္ျမင္ေနၾကေၾကာင္း သိရသည္။
ဩဂုတ္လအေစာပိုင္းက ျပဳလုပ္ခဲ့ေသာစစ္တမ္းတစ္ခုအရ ဂ်ာမနီအစိုးရ၏ လူထုေထာက္ခံမႈမ်ားသည္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ (၆ဝ)ရာခိုင္ႏႈန္းမွ (၂၁)ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့ေၾကာင္းသိရသည္။