ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ၍ (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့

6408

NP News - သြဂုတ် ၂၅
မကွေတိုင်း၊ ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လိုက်ပါလာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ၍ (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၂၅ ရက်) နံနက် ၆ နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာနှင့် ဂွေးချို ကျေးရွာအကြားရှိ ကားလမ်းပိုင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြော သည်။
ဂွေးချိုကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် (၆)ဦးသည် စူပါကာစတန်အမျိုးအစား ယာဉ်ဖြင့် မောင်းနှင်လိုက်ပါလာစဉ် အချိန်တွင် ရေစကြို PDF အဖွဲ့က သေနတ်များဖြင့် ဝိုင်းဝန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အလစ်အငိုက်မှာ အပစ်ခံရလို့ အဲဒီလောက် ဆိုးသွားတာပါ။ နောက်ပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေ သွားတဲ့ကားကို အတိအကျသတင်းပေးတဲ့သူရှိလို့ ဒီလိုဖြစ်သွားတာ။ ဒီဖြစ်စဉ်က တော်တော်လေးဆိုးပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် စူပါကာစတန်ယာဉ်၌ သေနတ်ကျည်ဆံ အချက်ပေါင်းများစွာ ဖောက်ဝင်မှုများရှိခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်(၆)ဦးသည်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ယာဉ်ပေါ်၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လိုက်ပါလာသည့်ကားအား ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေနတ်(၅)လက် နှင့် ကျည်ဆံ (၁ဝဝ)ကျော်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ရေစကြိုမြို့နယ် PDF အဖွဲ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

Zawgyi Version;
ေရစႀကိဳၿမိဳ႕နယ္၌ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ေမာင္းႏွင္လာသည့္ကား ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ၍ (၆)ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့
NP News - ၾသဂုတ္ ၂၅
မေကြတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၌ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ေမာင္းႏွင္လိုက္ပါလာသည့္ကား ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ၍ (၆)ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ၾသဂုတ္ ၂၅ ရက္) နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ေခ်ာင္းေက်း႐ြာႏွင့္ ေဂြးခ်ိဳ ေက်း႐ြာအၾကားရွိ ကားလမ္းပိုင္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာ သည္။
ေဂြးခ်ိဳေက်း႐ြာမွ ျပည္သူ႔စစ္အဖြဲ႕ဝင္ (၆)ဦးသည္ စူပါကာစတန္အမ်ိဳးအစား ယာဥ္ျဖင့္ ေမာင္းႏွင္လိုက္ပါလာစဥ္ အခ်ိန္တြင္ ေရစႀကိဳ PDF အဖြဲ႕က ေသနတ္မ်ားျဖင့္ ဝိုင္းဝန္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
“အလစ္အငိုက္မွာ အပစ္ခံရလို႔ အဲဒီေလာက္ ဆိုးသြားတာပါ။ ေနာက္ၿပီးေတာ့ ျပည္သူ႔စစ္အဖြဲ႕ေတြ သြားတဲ့ကားကို အတိအက်သတင္းေပးတဲ့သူရွိလို႔ ဒီလိုျဖစ္သြားတာ။ ဒီျဖစ္စဥ္က ေတာ္ေတာ္ေလးဆိုးပါတယ္” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူက ေျပာသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ စူပါကာစတန္ယာဥ္၌ ေသနတ္က်ည္ဆံ အခ်က္ေပါင္းမ်ားစြာ ေဖာက္ဝင္မႈမ်ားရွိခဲ့ၿပီး ယာဥ္ေပၚလိုက္ပါလာသည့္ ျပည္သူ႔စစ္အဖြဲ႕ဝင္(၆)ဦးသည္လည္း က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ယာဥ္ေပၚ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ေမာင္းႏွင္လိုက္ပါလာသည့္ကားအား ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္အတြင္း ေသနတ္(၅)လက္ ႏွင့္ က်ည္ဆံ (၁ဝဝ)ေက်ာ္ကို သိမ္းဆည္းရရွိခဲ့သည္ဟု ေရစႀကိဳၿမိဳ႕နယ္ PDF အဖြဲ႕က ႐ုပ္သံဖိုင္ျဖင့္ ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။