စိတ်ကျန်းမာရေးမကောင်းသည့်အမျိုသားတစ်ဦး ရေနစ်သေဆုံးမှု စစ်ကိုင်းမြို့တွင်ဖြစ်ပွား

642
သန့်ဇင် (NP News) - ဩဂုတ် ၂၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး ကန်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၅ ရက်) ညနေ ၃ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းအနောက်ပိုင်းရှိ မောင်တော်နှမတော်ကန်တော်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း အိုးဘိုလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့ စိတ်ကျန်းမာရေးက မကောင်းဘူးဗျ။ အအေးခံတာလိုလို ဘာလိုလိုနဲ့ ဆင်းသွားပြီးပြန်မပေါ်လာတော့တာပေါ့” ဟု အိုးဘိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသူအမျိုးသားမှာ အိုးဘိုကျေးရွာတွင်နေထိုင်သည့် အသက်(၂၉)နှစ်အရွယ် ခိုင်ထွေးအောင်ဖြစ်ပြီး ရေနစ်စဉ် အချိန်မှီသွားရောက်ကယ်ဆယ်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူအမျိုးအား အိုးဘိုလူမှုကူညီရေးအသင်းမှ အုက်စက်ညောင်ကုက္ကားသုသာန်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
စိတ္က်န္းမာေရးမေကာင္းသည့္အမ်ိဳသားတစ္ဦး ေရနစ္ေသဆုံးမႈ စစ္ကိုင္းၿမိဳ႕တြင္ျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၅
စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕တြင္ စိတ္က်န္းမာေရးမေကာင္းသည့္ အသက္(၂၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ကန္အတြင္း ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၂၅ ရက္) ညေန ၃ နာရီအခ်ိန္တြင္ စစ္ကိုင္းၿမိဳ႕၊ ပန္းဘဲတန္းအေနာက္ပိုင္းရွိ ေမာင္ေတာ္ႏွမေတာ္ကန္ေတာ္အတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း အိုးဘိုလူမႈကူညီေရးအသင္းထံမွ သိရသည္။
“သူ႔ စိတ္က်န္းမာေရးက မေကာင္းဘူးဗ်။ အေအးခံတာလိုလို ဘာလိုလိုနဲ႔ ဆင္းသြားၿပီးျပန္မေပၚလာေတာ့တာေပါ့” ဟု အိုးဘိုလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ေရနစ္ေသဆုံးသူအမ်ိဳးသားမွာ အိုးဘိုေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၂၉)ႏွစ္အ႐ြယ္ ခိုင္ေထြးေအာင္ျဖစ္ၿပီး ေရနစ္စဥ္ အခ်ိန္မွီသြားေရာက္ကယ္ဆယ္ခဲ့ေသာ္လည္း ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ေရနစ္ေသဆုံးသူအမ်ိဳးအား အိုးဘိုလူမႈကူညီေရးအသင္းမွ အုက္စက္ေညာင္ကုကၠားသုသာန္သို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။