နတ်မောက်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

1165
NP News - ဩဂုတ် ၂၇
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဓားဖြင့်ထိုးခုတ်သတ် ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်၊ ည ၁၀နာရီအချိန်တွင် နတ်မောက်မြို့နယ်၊ ဆည်လည်ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ ဆည်လည်ကျေးရွာနှင့် ကန်သာကျေးရွာသွား ချောင်းမကြီးလှည်းလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆည်လည်ကျေးရွာတွင် နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ အင်အား(၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာပြီး အထက်ပါနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဆည်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ငြိမ်း (၅၅)နှစ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၅နာရီ ၅၀မိနစ်အချိန်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ နေပူကုန်းကျေးရွာနှင့် ကုလားကျေးရွာကြား တောတန်းအတွင်း၌ အမျိုးသား(၂)ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူအမျိုးသား(၂)ဦးသည် အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့် ကိုမျိုးအောင်(ခ)ဘာချို(၃၃)နှစ်နှင့် ဦးလှရွှေ(၅၆)နှစ်တို့ဖြစ်ပြီး အထက်ပါ တောတန်းအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ စစ်ဆေးနိုင်ရေး ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
နတ္ေမာက္ၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဩဂုတ္ ၂၇
မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဓားျဖင့္ထိုးခုတ္သတ္ ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၄ ရက္၊ ည ၁၀နာရီအခ်ိန္တြင္ နတ္ေမာက္ၿမိဳ႕နယ္၊ ဆည္လည္ေက်း႐ြာအေနာက္ဘက္ တစ္မိုင္ခန႔္အကြာ ဆည္လည္ေက်း႐ြာႏွင့္ ကန္သာေက်း႐ြာသြား ေခ်ာင္းမႀကီးလွည္းလမ္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ဆည္လည္ေက်း႐ြာတြင္ ေနထိုင္သည့္ ေသဆုံးသူအမ်ိဳးသားသည္ ၎၏ေနအိမ္၌ရွိေနစဥ္ PDF အဖြဲ႕ အင္အား(၆)ဦးက ဆိုင္ကယ္ (၃)စီးျဖင့္ေရာက္ရွိလာၿပီး အထက္ပါေနရာသို႔ ဖမ္းဆီးေခၚေဆာင္သြားကာ ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
ထိုသို႔ ဓားျဖင့္ထိုးခုတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဆည္လည္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးျမင့္ၿငိမ္း (၅၅)ႏွစ္တြင္ လည္ပင္းျပတ္ရွဒဏ္ရာ တစ္ခ်က္ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ဩဂုတ္လ ၂၆ ရက္၊ နံနက္ ၅နာရီ ၅၀မိနစ္အခ်ိန္တြင္ မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ေနပူကုန္းေက်း႐ြာႏွင့္ ကုလားေက်း႐ြာၾကား ေတာတန္းအတြင္း၌ အမ်ိဳးသား(၂)ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ေသဆုံးသူအမ်ိဳးသား(၂)ဦးသည္ ေအာင္မဂၤလာရပ္ကြက္ေနသူမ်ားျဖစ္သည့္ ကိုမ်ိဳးေအာင္(ခ)ဘာခ်ိဳ(၃၃)ႏွစ္ႏွင့္ ဦးလွေ႐ႊ(၅၆)ႏွစ္တို႔ျဖစ္ၿပီး အထက္ပါ ေတာတန္းအတြင္း၌ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရ၍ စစ္ေဆးႏိုင္ေရး ဝမ္းတြင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။
ထို႔ေနာက္ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။