သြစတြေးလျမြောက်ပိုင်းမှာ စစ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်(၃)ဦးသေဆုံး

893
ဂျန်ဇက် (NP News) - ဩဂုတ် ၂၈
သြစတြေးလျနိုင်ငံမြောက်ပိုင်းရှိ ကျွန်းနားမှာ မရိန်းတပ်ဖွဲ့ (၂၃)ဦးကိုတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့ရကြောင်းသိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မရိန်းတပ်ဖွဲ့သုံးဦး သေဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ ရုပ်အလောင်းများကို မိခင်နိုင်ငံကို ပြန်လည်သယ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်စစ်သားတွေတင်ဆောင်လာတဲ့ MV-22B Osprey အမျိုးအစားစစ်လေယာဉ်ဟာ Melville ကျွန်းနားမှာ သြဂုတ်လ ၂၇ ရက်က ပျက်ကျသွားခဲ့ကြောင်း၊ အဆိုပါမရိန်းတပ်ဖွဲ့ဝင်တွေဟာ စစ်ရေးလေ့ကျင့် ခန်းအစီအစဉ်မှာပါဝင်ခဲ့သူတွေဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စစ်လေယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာရသွားသူ (၈)ဦးကို Royal Darwin ဆေးရုံကိုပို့ဆောင်ကုသပေးနေပြီး ကျန်ရှိသူများကိုတော့ မိခင်တပ်ရင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ သြစတြေးလျနိုင်ငံမှာ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့စစ်သားတွေ အပါအဝင် စစ်သားပေါင်း (၂၅၀၀)ကျော်ပါဝင်တဲ့ "Exercise Predators Run 2023" အမည်ရှိစစ်ရေးလေ့ကျင့်ခန်းကို ပူးတွဲလုပ်ဆောင်နေခဲ့ကြောင်းသိရပါတယ်။
အမေရိကန်စစ်တပ်နဲ့ သြစတြေးလျစစ်တပ်တို့ဟာ သေဆုံးခဲ့တဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ဝင် သုံးဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေပြီး အမေရိကန်နိုင်ငံရှိ မိသားစုထံ ပို့ဖို့စီစဉ်နေကြောင်း သိရပါတယ်။ စစ်လေယာဉ်ပျက်ကျရတဲ့အသေးစိတ်အကြောင်းအရင်းကို အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုတွေကို အနည်းဆုံး ၁၀ ရက်ကြာလုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

zawgyi versionၾသစေၾတးလ်ေျမာက္ပိုင္းမွာ စစ္ေလယာဥ္ပ်က္က်မႈေၾကာင့္ အေမရိကန္မရိန္းတပ္ဖြဲ႕ဝင္(၃)ဦးေသဆုံး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၈
ၾသစေၾတးလ်ႏိုင္ငံေျမာက္ပိုင္းရွိ ကြၽန္းနားမွာ မရိန္းတပ္ဖြဲ႕ (၂၃)ဦးကိုတင္ေဆာင္လာတဲ့ ေလယာဥ္တစ္စီးပ်က္က်ခဲ့ရာ မရိန္းတပ္ဖြဲ႕ဝင္(၃)ဦး ေသဆုံးခဲ့ရေၾကာင္းသိရပါတယ္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က မရိန္းတပ္ဖြဲ႕သုံးဦး ေသဆုံးခဲ့ရျခင္းအေပၚ ဝမ္းနည္းစိတ္မေကာင္းျဖစ္မိေၾကာင္း၊ ႐ုပ္အေလာင္းမ်ားကို မိခင္ႏိုင္ငံကို ျပန္လည္သယ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ အေမရိကန္စစ္သားေတြတင္ေဆာင္လာတဲ့ MV-22B Osprey အမ်ိဳးအစားစစ္ေလယာဥ္ဟာ Melville ကြၽန္းနားမွာ ၾသဂုတ္လ ၂၇ ရက္က ပ်က္က်သြားခဲ့ေၾကာင္း၊ အဆိုပါမရိန္းတပ္ဖြဲ႕ဝင္ေတြဟာ စစ္ေရးေလ့က်င့္ ခန္းအစီအစဥ္မွာပါဝင္ခဲ့သူေတြျဖစ္ေၾကာင္း သိရပါတယ္။
အဆိုပါ စစ္ေလယာဥ္ပ်က္က်မႈေၾကာင့္ ဒဏ္ရာရသြားသူ (၈)ဦးကို Royal Darwin ေဆး႐ုံကိုပို႔ေဆာင္ကုသေပးေနၿပီး က်န္ရွိသူမ်ားကိုေတာ့ မိခင္တပ္ရင္းကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရပါတယ္။ ၾသစေၾတးလ်ႏိုင္ငံမွာ အေမရိကန္၊ ၾသစေၾတးလ်၊ ဖိလစ္ပိုင္၊ အေရွ႕တီေမာနဲ႔ အင္ဒိုနီးရွားႏိုင္ငံရဲ႕စစ္သားေတြ အပါအဝင္ စစ္သားေပါင္း (၂၅၀၀)ေက်ာ္ပါဝင္တဲ့ "Exercise Predators Run 2023" အမည္ရွိစစ္ေရးေလ့က်င့္ခန္းကို ပူးတြဲလုပ္ေဆာင္ေနခဲ့ေၾကာင္းသိရပါတယ္။
အေမရိကန္စစ္တပ္နဲ႔ ၾသစေၾတးလ်စစ္တပ္တို႔ဟာ ေသဆုံးခဲ့တဲ့ အေမရိကန္မရိန္းတပ္ဖြဲ႕ဝင္ သုံးဦးရဲ႕႐ုပ္အေလာင္းကို ျပန္လည္ရွာေဖြၿပီး အေမရိကန္ႏိုင္ငံရွိ မိသားစုထံ ပို႔ဖို႔စီစဥ္ေနေၾကာင္း သိရပါတယ္။ စစ္ေလယာဥ္ပ်က္က်ရတဲ့အေသးစိတ္အေၾကာင္းအရင္းကို အေမရိကန္စစ္ဘက္က သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေသးဘဲ စုံစမ္းစစ္ေဆးမႈေတြကို အနည္းဆုံး ၁၀ ရက္ၾကာလုပ္ေဆာင္သြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။