အမျိုးသားဖြစ်သူက ၎င်း၏အမျိုးသမီးအား ဓားဖြင့်(၈)ချက်ထက်မနည်း ခုတ်သတ်မှု သထုံမြို့တွင်ဖြစ်ပွား

 1593

NP News - ဩဂုတ် ၂၈

မွန်ပြည်နယ်၊ သထုံမြို့တွင် အမျိုးသားဖြစ်သူက ၎င်း၏အမျိုးသမီးအား ဓားဖြင့်အချက်ပေါင်းများစွာခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂၇ ရက်)၊ နံနက်ပိုင်းအချိန်တွင် သထုံမြို့၊ ကော့သန်ကျေးရွာ၊ လယ်ထဲရှိ နေအိမ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“သူ့ယောကျ်ားက ထမင်းစားမယ်ပြောတာကို သူကတံမြက်စည်းနဲ့ရိုက်လို့ဆိုပြီး ယောကျ်ားဖြစ်သူက ဓားနဲ့ခုတ်လိုက်တာပါ။ ယောကျ်ားဖြစ်သူက ခုတ်ပြီးတော့ ရဲစခန်းမှာသွားအဖမ်းခံတယ်”ဟု အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဓားခုတ်ခံရမှုကြောင့် အမျိုးသမီးတွင် ယာဘက် နားအောက်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းတွင်ပြတ်ရှဒဏ်ရာ(၄)ချက်၊ လက်ကောက်ဝတ် နှစ်ဖက်စလုံးတွင် ပြတ်ရှဒဏ်ရာ(၂)ချက် နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးသည် မနွယ်နွယ် (၃၉)နှစ်ဖြစ်ပြီး ဓားခုတ်ခံရသည့် ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

မနွယ်နွယ်၏ ရုပ်အလောင်းအား သထုံပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ကျောက်တန်းသုဿန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားျဖစ္သူက ၎၏အမ်ိဳးသမီးအား ဓားျဖင့္(၈)ခ်က္ထက္မနည္း ခုတ္သတ္မႈ သထုံၿမိဳ႕တြင္ျဖစ္ ပြား
NP News - ဩဂုတ္ ၂၈

မြန္ျပည္နယ္၊ သထုံၿမိဳ႕တြင္ အမ်ိဳးသားျဖစ္သူက ၎၏အမ်ိဳးသမီးအား ဓားျဖင့္အခ်က္ေပါင္းမ်ားစြာခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၂၇ ရက္)၊ နံနက္ပိုင္းအခ်ိန္တြင္ သထုံၿမိဳ႕၊ ေကာ့သန္ေက်း႐ြာ၊ လယ္ထဲရွိ ေနအိမ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အၾကင္နာတြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

“သူ႔ေယာက်္ားက ထမင္းစားမယ္ေျပာတာကို သူကတံျမက္စည္းနဲ႔႐ိုက္လို႔ဆိုၿပီး ေယာက်္ားျဖစ္သူက ဓားနဲ႔ခုတ္လိုက္တာပါ။ ေယာက်္ားျဖစ္သူက ခုတ္ၿပီးေတာ့ ရဲစခန္းမွာသြားအဖမ္းခံတယ္”ဟု အၾကင္နာတြဲလက္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ဓားခုတ္ခံရမႈေၾကာင့္ အမ်ိဳးသမီးတြင္ ယာဘက္ နားေအာက္တြင္ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဦးေခါင္းတြင္ျပတ္ရွဒဏ္ရာ(၄)ခ်က္၊ လက္ေကာက္ဝတ္ ႏွစ္ဖက္စလုံးတြင္ ျပတ္ရွဒဏ္ရာ(၂)ခ်က္ ႏွင့္ လည္ပင္းတြင္ ျပတ္ရွဒဏ္ရာ(၁)ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသမီးသည္ မႏြယ္ႏြယ္ (၃၉)ႏွစ္ျဖစ္ၿပီး ဓားခုတ္ခံရသည့္ ဒဏ္ရာမ်ားေၾကာင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

မႏြယ္ႏြယ္၏ ႐ုပ္အေလာင္းအား သထုံျပည္သူ႔ေဆး႐ုံႀကီးမွတစ္ဆင့္ ေက်ာက္တန္းသုႆန္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.