မြန်မာရေတပ်နှင့်ဆက်နွယ်သော ကုမ္ပဏီထံသို့ အမေရိကန်ဒေါ်လာ(၁)သန်းခွဲတန် ဆိုနာစနစ် ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦး ဝန်ခံ

 4972

Pika (NP News) - သြဂုတ် ၂၈

စင်ကာပူနိုင်ငံသားနှစ်ဦးက မြန်မာရေတပ်စီမံခန့်ခွဲနေသော survey centre ကို ဆိုနာစနစ်များ ရောင်းချမှုနှင့်အတူ စစ်လက်နက်ပစ္စည်းများ အပါအဝင် မဟာဗျူဟာမြောက် ကုန်ပစ္စည်းများ ရောင်းချခြင်းကို ထိန်းချုပ်သောဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံပြောခဲ့သည်။

Hydronav Services (S)ကုမ္ပဏီမှ အသက်(၅၇)နှစ်အရွယ် အရောင်းမန်နေဂျာ Poiter Agus Kentjana နှင့် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် Wui Ong Chuan တို့သည် မဟာဗျူဟာမြောက်ကုန်စည်ရောင်းချမှု ထိန်းချုပ်ရေးအက်ဥပဒေအရ လိမ်လည်မှုတစ်ခုနှင့် စွဲချက်တစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ အသက်(၇ဝ)အရွယ် Wui Ong Chuan သည် Hydronav Services (S)ကုမ္ပဏီ၏ သွင်းကုန် နှင့် ပို့ကုန်လုပ်ငန်းများ တွင် ပါဝင်သည့် တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါအမှုတွင် ပင်လယ်ကြမ်းပြင်မြေပုံအတွက် multibeam echosounder စနစ်တစ်ခု ပါဝင်ကြောင်းလည်း သိရသည်။ အဆိုပါစနစ်ကို မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Light of Universe သို့ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆) သန်းနီးပါးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာရေပိုင်နက်အတွင်း ရေကြောင်းနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဆိုပါ စနစ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ကြောင်း သိရသည်။ စင်ကာပူ အစိုးရရှေ့နေက အဆိုပါစနစ်ကို စစ်ရေးရည်ရွယ်ချက်ဖြင့် လက်ရှိအချိန်အသုံးပြုနေခြင်းမျိုး မတွေ့ရကြောင်း ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး Hydronav Services (S)ကုမ္ပဏီကို အမေရိကန်ဒေါ်လာ(၁)သန်းကျော် ဒဏ်ငွေ ဆောင်ခိုင်းခြင်း အပါအဝင် ပါဝင်ပတ်သက်သူများကို ဒဏ်ငွေပေးဆောင်စေရန်အတွက် စီစဉ်နေကြောင်း တရားရုံးက ပြောကြားခဲ့သည်။

Poiter Agus Kentjana နှင့် Wui Ong Chuan တို့သည် အဆိုပါစနစ်ရောင်းချသူ နော်ဝေးကုမ္ပဏီ Kongsberg Maritime ကို လိမ်လည်လှည့်ဖျားရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း သိရသည်။ Poiter Agus Kentjana နှင့် Wui Ong Chuan တို့က အင်ဒိုနီးရှာကုမ္ပဏီ PT Bina Nusantara Perkasa သည် အဆိုပါစနစ်ကို နောက်ဆုံးအသုံးပြုသူ ဖြစ်မည်ဟုပြောဆိုကာ နော်ဝေးကုမ္ပဏီ Kongsberg Maritime ကို လိမ်လည်လှည့်ဖြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နော်ဝေးနိုင်ငံမှ အဆိုပါစနစ်ကို တင်ပို့ပေးရန်အတွက် နော်ဝေးအာဏာပိုင်များထံမှ အတည်ပြုချက်ကို ရရှိရန် အင်ဒိုနီးရှားနိုင်ငံက နောက်ဆုံးအသုံးပြုသူဖြစ်မည်ဆိုသည့် လိမ်လည်စာရင်းသွင်းမှုကို Poiter Agus Kentjana ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာအတုကို လက်ခံရရှိပြီးနောက် နော်ဝေးအာဏာပိုင်များသည် multibeam echosounder စနစ်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ(၁၇)ရက်တွင် နော်ဝေးနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာေရတပ္ႏွင့္ဆက္ႏြယ္ေသာ ကုမၸဏီထံသို႔ အေမရိကန္ေဒၚလာ(၁)သန္းခြဲတန္ ဆိုနာစနစ္ ေရာင္းခ်ခဲ့ေၾကာင္း စင္ကာပူႏိုင္ငံသားႏွစ္ဦး ဝန္ခံ
Pika (NP News) - ၾသဂုတ္ ၂၈

စင္ကာပူႏိုင္ငံသားႏွစ္ဦးက ျမန္မာေရတပ္စီမံခန႔္ခြဲေနေသာ survey centre ကို ဆိုနာစနစ္မ်ား ေရာင္းခ်မႈႏွင့္အတူ စစ္လက္နက္ပစၥည္းမ်ား အပါအဝင္ မဟာဗ်ဴဟာေျမာက္ ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းကို ထိန္းခ်ဳပ္ေသာဥပေဒကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ဝန္ခံေျပာခဲ့သည္။

Hydronav Services (S)ကုမၸဏီမွ အသက္(၅၇)ႏွစ္အ႐ြယ္ အေရာင္းမန္ေနဂ်ာ Poiter Agus Kentjana ႏွင့္ ကုမၸဏီ၏ ဒါ႐ိုက္တာတစ္ဦးျဖစ္သည့္ Wui Ong Chuan တို႔သည္ မဟာဗ်ဴဟာေျမာက္ကုန္စည္ေရာင္းခ်မႈ ထိန္းခ်ဳပ္ေရးအက္ဥပေဒအရ လိမ္လည္မႈတစ္ခုႏွင့္ စြဲခ်က္တစ္ခုအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ျခင္းျဖစ္သည္။ အသက္(၇ဝ)အ႐ြယ္ Wui Ong Chuan သည္ Hydronav Services (S)ကုမၸဏီ၏ သြင္းကုန္ ႏွင့္ ပို႔ကုန္လုပ္ငန္းမ်ား တြင္ ပါဝင္သည့္ တစ္ဦးတည္းေသာ ဒါ႐ိုက္တာျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါအမႈတြင္ ပင္လယ္ၾကမ္းျပင္ေျမပုံအတြက္ multibeam echosounder စနစ္တစ္ခု ပါဝင္ေၾကာင္းလည္း သိရသည္။ အဆိုပါစနစ္ကို ျမန္မာႏိုင္ငံမွ ကုမၸဏီတစ္ခုျဖစ္သည့္ Light of Universe သို႔ အေမရိကန္ေဒၚလာ (၁ ဒသမ ၆) သန္းနီးပါးျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာေရပိုင္နက္အတြင္း ေရေၾကာင္းႏွင့္ပတ္သက္ေသာ သုေတသနလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္ အဆိုပါ စနစ္ကို ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး စစ္ဘက္ႏွင့္ အရပ္ဘက္ႏွစ္မ်ိဳးလုံးတြင္ အသုံးျပဳႏိုင္ေၾကာင္း သိရသည္။ စင္ကာပူ အစိုးရေရွ႕ေနက အဆိုပါစနစ္ကို စစ္ေရးရည္႐ြယ္ခ်က္ျဖင့္ လက္ရွိအခ်ိန္အသုံးျပဳေနျခင္းမ်ိဳး မေတြ႕ရေၾကာင္း ေျပာဆိုခဲ့သည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး Hydronav Services (S)ကုမၸဏီကို အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္ ဒဏ္ေငြ ေဆာင္ခိုင္းျခင္း အပါအဝင္ ပါဝင္ပတ္သက္သူမ်ားကို ဒဏ္ေငြေပးေဆာင္ေစရန္အတြက္ စီစဥ္ေနေၾကာင္း တရား႐ုံးက ေျပာၾကားခဲ့သည္။

Poiter Agus Kentjana ႏွင့္ Wui Ong Chuan တို႔သည္ အဆိုပါစနစ္ေရာင္းခ်သူ ေနာ္ေဝးကုမၸဏီ Kongsberg Maritime ကို လိမ္လည္လွည့္ဖ်ားရန္ ပူးေပါင္းႀကံစည္ခဲ့ေၾကာင္း သိရသည္။ Poiter Agus Kentjana ႏွင့္ Wui Ong Chuan တို႔က အင္ဒိုနီးရွာကုမၸဏီ PT Bina Nusantara Perkasa သည္ အဆိုပါစနစ္ကို ေနာက္ဆုံးအသုံးျပဳသူ ျဖစ္မည္ဟုေျပာဆိုကာ ေနာ္ေဝးကုမၸဏီ Kongsberg Maritime ကို လိမ္လည္လွည့္ျဖားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာ္ေဝးႏိုင္ငံမွ အဆိုပါစနစ္ကို တင္ပို႔ေပးရန္အတြက္ ေနာ္ေဝးအာဏာပိုင္မ်ားထံမွ အတည္ျပဳခ်က္ကို ရရွိရန္ အင္ဒိုနီးရွားႏိုင္ငံက ေနာက္ဆုံးအသုံးျပဳသူျဖစ္မည္ဆိုသည့္ လိမ္လည္စာရင္းသြင္းမႈကို Poiter Agus Kentjana ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အစီရင္ခံစာအတုကို လက္ခံရရွိၿပီးေနာက္ ေနာ္ေဝးအာဏာပိုင္မ်ားသည္ multibeam echosounder စနစ္ကို ၂ဝ၁၈ ခုႏွစ္ ဇူလိုင္လ(၁၇)ရက္တြင္ ေနာ္ေဝးႏိုင္ငံမွ စင္ကာပူႏိုင္ငံသို႔ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.