ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံကနေ ကြက်သွန်များတင်သွင်းဖို့ခွင့်ပြု

 631

ဂျန်ဇက် (NP News) - ဩဂုတ် ၂၉

ဘင်္ဂလားဒေရှ့်အစိုးရဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံကနေ ကြက်သွန်တင်သွင်းမှုတွေကိုခွင့်ပြုပေးလိုက်ကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်စိုက်ပျိုးရေးဝန်ကြီးဌာအတွင်းဝန်တစ်ဦးဖြစ်တဲ့ Wahida Akhter က အိန္ဒိယနိုင်ငံက ကြက်သွန်တင်သွင်းနေတာတွေကို ကန့်သတ်လိုက်တဲ့အတွက် ဈေးကွက်အတွင်းထောက်ပံ့ရေးကွင်းဆက်မပြတ်စေဖို့ ရည်ရွယ်ပြီး နိုင်ငံ(၉)နိုင်ငံကကြက်သွန်တွေ တင်သွင်းဖို့ ခွင့်ပြုလိုက်တာဖြစ်ကြောင်းပြောပါတယ်။

၎င်းက "အိန္ဒိယနိုင်ငံက အရင်တုန်းက ကြက်သွန်တွေတင်သွင်းတာ လုပ်ခဲ့တယ်။ ဒါပေမယ့်လက်ရှိအချိန်မှာတော့ တင်သွင်းမှုသိပ်မရှိတော့ဘူး။ ဘင်္ဂလားဒေရှ့်ဟာ ပုံမှန်အားဖြင့်ကြက်သွန်တွေကို အိမ်နီးချင်းနိုင်ငံတွေထံကနေ တင်သွင်းခဲ့ရတယ်။ ပြည်တွင်းဈေးကွက်မှာ အခက်အခဲမဖြစ်ရအောင် အခြား ၉နိုင်ငံကနေ ကြက်သွန်တင်သွင်းမှာကို ခွင့်ပြုပေးခဲ့တယ်။" လို့ပြောပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မြန်မာနိုင်ငံထံကနေ ကြက်သွန်တန်ချိန် ၂၀၀ တင်သွင်းဖွယ်ရှိနေကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ့်အစိုးရဟာ မြန်မာနိုင်ငံအပြင် ယူအေအီး၊ တူရကီ၊ ကာတာ၊ အီဂျစ်၊ ပါကစ္စတန်၊တရုတ်၊ နယ်သာလန်၊ ထိုင်း တို့က ကြက်သွန်တွေ တင်သွင်းသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဘင်္ဂလားဒေရှ့်ဟာ တရုတ်နိုင်ငံထံကနေ ကြက်သွန်တန်ချိန် ၂၄၀၀၊ အီဂျစ်နိုင်ငံကနေ ကြက်သွန်တန်ချိန် ၃၉၁၀၊ ပါကစ္စတန်နိုင်ငံကနေ ကြက်သွန်တန်ချိန် ၁၁၈၂၀၊ ကာတာနိုင်ငံကနေ ကြက်သွန်တန်ချိန် ၁၁၀၀၊ တူရကီနိုင်ငံကနေ ကြက်သွန်တန်ချိန်၂၁၁၀၊ မြန်မာနိုင်ငံကနေ ကြက်သွန်တန်ချိန် ၂၀၀၊ ထိုင်းနိုင်ငံကနေ ကြက်သွန်တန်ချိန် ၃၃ တန်၊ နယ်သာလန်နိုင်ငံကနေ ကြက်သွန်တန်ချိန် ၄တန်၊ ယူအေအီးနိုင်ငံကနေ ကြက်သွန်တန်ချိန် ၃တန် တင်သွင်းဖွယ်ရှိနေကြောင်း ဘင်္ဂလားဒေရှ့်စိုက်ပျိုးရေးဝန်ကြီးဌာနကဆိုပါတယ်။

zawgyi version
ဘဂၤလားေဒရွ႕္အစိုးရက ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း(၉)ႏိုင္ငံကေန ၾကက္သြန္မ်ားတင္သြင္းဖို႔ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉

ဘဂၤလားေဒရွ႕္အစိုးရဟာ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း(၉)ႏိုင္ငံကေန ၾကက္သြန္တင္သြင္းမႈေတြကိုခြင့္ျပဳေပးလိုက္ေၾကာင္း ဘဂၤလားေဒရွ႕္အေျခစိုက္သတင္းေတြက ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒရွ႕္စိုက္ပ်ိဳးေရးဝန္ႀကီးဌာအတြင္းဝန္တစ္ဦးျဖစ္တဲ့ Wahida Akhter က အိႏၵိယႏိုင္ငံက ၾကက္သြန္တင္သြင္းေနတာေတြကို ကန႔္သတ္လိုက္တဲ့အတြက္ ေဈးကြက္အတြင္းေထာက္ပံ့ေရးကြင္းဆက္မျပတ္ေစဖို႔ ရည္႐ြယ္ၿပီး ႏိုင္ငံ(၉)ႏိုင္ငံကၾကက္သြန္ေတြ တင္သြင္းဖို႔ ခြင့္ျပဳလိုက္တာျဖစ္ေၾကာင္းေျပာပါတယ္။

၎က "အိႏၵိယႏိုင္ငံက အရင္တုန္းက ၾကက္သြန္ေတြတင္သြင္းတာ လုပ္ခဲ့တယ္။ ဒါေပမယ့္လက္ရွိအခ်ိန္မွာေတာ့ တင္သြင္းမႈသိပ္မရွိေတာ့ဘူး။ ဘဂၤလားေဒရွ႕္ဟာ ပုံမွန္အားျဖင့္ၾကက္သြန္ေတြကို အိမ္နီးခ်င္းႏိုင္ငံေတြထံကေန တင္သြင္းခဲ့ရတယ္။ ျပည္တြင္းေဈးကြက္မွာ အခက္အခဲမျဖစ္ရေအာင္ အျခား ၉ႏိုင္ငံကေန ၾကက္သြန္တင္သြင္းမွာကို ခြင့္ျပဳေပးခဲ့တယ္။" လို႔ေျပာပါတယ္။

ဘဂၤလားေဒရွ႕္ႏိုင္ငံဟာ ျမန္မာႏိုင္ငံထံကေန ၾကက္သြန္တန္ခ်ိန္ ၂၀၀ တင္သြင္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ဘဂၤလားေဒ့ရွ႕္အစိုးရဟာ ျမန္မာႏိုင္ငံအျပင္ ယူေအအီး၊ တူရကီ၊ ကာတာ၊ အီဂ်စ္၊ ပါကစၥတန္၊တ႐ုတ္၊ နယ္သာလန္၊ ထိုင္း တို႔က ၾကက္သြန္ေတြ တင္သြင္းသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘဂၤလားေဒရွ႕္ဟာ တ႐ုတ္ႏိုင္ငံထံကေန ၾကက္သြန္တန္ခ်ိန္ ၂၄၀၀၊ အီဂ်စ္ႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၃၉၁၀၊ ပါကစၥတန္ႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၁၁၈၂၀၊ ကာတာႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၁၁၀၀၊ တူရကီႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္၂၁၁၀၊ ျမန္မာႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၂၀၀၊ ထိုင္းႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၃၃ တန္၊ နယ္သာလန္ႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၄တန္၊ ယူေအအီးႏိုင္ငံကေန ၾကက္သြန္တန္ခ်ိန္ ၃တန္ တင္သြင္းဖြယ္ရွိေနေၾကာင္း ဘဂၤလားေဒရွ႕္စိုက္ပ်ိဳးေရးဝန္ႀကီးဌာနကဆိုပါတယ္။

Related news

© 2021. All rights reserved.