ထိုင်းနိုင်ငံမှာ စစ်အာဏာအသိမ်းခံရတဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖြူထိုင်းပါတီ ပြော

4277

ဂျန်ဇက် (NP News) - ဩဂုတ် ၃ဝ
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဖြူထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sutin Klungsang က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းခံရမှုကို ရက်ပေါင်းများစွာကြာဖြတ်သန်းခဲ့ရကြောင်း၊ လက်ရှိအချိန်မှာတော့ စစ်အာဏာအသိမ်းခံရမှုနေ့ရက်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ Sutin Klungsang ဟာ ထိုင်းအစိုးရအဖွဲ့အသစ်မှာ ကာကွယ်ရေးဝန်ကြီးအသစ် ရယူဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါ တယ်။
Sutin Klungsang ဟာ ထိုင်းစစ်ဘက်အရာရှိကြီးများရဲ့အကြံပေးအဖြစ်တာဝန်ယူခဲ့ဖူးပြီး လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့အရေးကြီးဆုံးဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် တာဝန်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။ ၎င်းက "အစိုးရအဖွဲ့အသစ်အမည်စာရင်းကို တရားဝင်ကြေညာပြီးချိန်အထိ စောင့်ဆိုင်းကြပါ" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း စုစည်းညီညွှတ်မှုများ ဖြစ်အောင်လုပ်ဆောင်ဖို့ နိုင်ငံသားတိုင်းရဲ့ ဦးစားပေးဖြစ်သင့်ကြောင်း Sutin Klungsang က ပြောပါတယ်။ ဖြူထိုင်းပါတီ နဲ့ ထိုင်းစစ်တပ်ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုရာမှာ Sutin Klungsang က အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုများအနက် နောက်ဆုံးနှစ်ကြိမ်မှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ ဖြူထိုင်းပါတီ ဝန်ကြီးချုပ်တွေ ထံကနေ အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။
၂ဝဝ၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ ဖြူထိုင်းပါတီဝန်ကြီးချုပ် သက်ဆင်ထံကနေ သိမ်းယူခဲ့ခြင်းဖြစ် ပြီး ၂ဝ၁၄ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုက သက်ဆင်ရဲ့ညီမဖြစ်သလို ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်တစ်ဦး ဖြစ်တဲ့ ယင်လပ်ထံကနေ အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဖြူထိုင်းပါတီဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sutin Klungsang က ထိုင်းစစ်သားတိုင်းဟာ နောက်ထပ် စစ်အာဏာသိမ်းမှုမျိုးထပ်ဖြစ်ပွားမှာ မလိုလားဘူးလို့ ယုံကြည် ကြောင်းပြောပါတယ်။
၎င်းက "ထိုင်းနိုင်ငံမှာ လက်ရှိအချိန်က စတင်ပြီး စစ်အာဏာသိမ်းတာမျိုးထပ်မံမရှိသင့်တော့ဘူး၊ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့ နေ့ရက်တွေ ပြီးဆုံးသွားပြီလို့ ယုံကြည်ထားတယ်" လို့ ပြောပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးရာထူးကို စစ်တပ်က မဟုတ်ဘဲ အရပ်သားတွေ ရယူခဲ့ဖူးပြီး ဝန်ကြီးချုပ်ဟောင်းယင်လပ်၊ Samak Sundaravej နဲ့ Chuan Leekpai တို့ဟာ ကာကွယ်ရေးဝန်ကြီးတာဝန်တွေကို ရယူခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ စစ္အာဏာအသိမ္းခံရတဲ့ေန႔ရက္ေတြ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ျဖဴထိုင္းပါတီ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၃ဝ
ထိုင္းႏိုင္ငံမွာ စစ္အာဏာသိမ္းခံရတဲ့ေန႔ရက္ေတြ ကုန္ဆုံးသြားၿပီျဖစ္ေၾကာင္း ျဖဴထိုင္းပါတီရဲ႕ ဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Sutin Klungsang က ေျပာပါတယ္။
ထိုင္းႏိုင္ငံဟာ စစ္အာဏာသိမ္းခံရမႈကို ရက္ေပါင္းမ်ားစြာၾကာျဖတ္သန္းခဲ့ရေၾကာင္း၊ လက္ရွိအခ်ိန္မွာေတာ့ စစ္အာဏာအသိမ္းခံရမႈေန႔ရက္ေတြ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း ၎က ေျပာပါတယ္။ Sutin Klungsang ဟာ ထိုင္းအစိုးရအဖြဲ႕အသစ္မွာ ကာကြယ္ေရးဝန္ႀကီးအသစ္ ရယူဖြယ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ပါ တယ္။
Sutin Klungsang ဟာ ထိုင္းစစ္ဘက္အရာရွိႀကီးမ်ားရဲ႕အႀကံေပးအျဖစ္တာဝန္ယူခဲ့ဖူးၿပီး လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံရဲ႕အေရးႀကီးဆုံးဝန္ႀကီးဌာနတစ္ခု ျဖစ္တဲ့ကာကြယ္ေရးဝန္ႀကီးအသစ္အျဖစ္ တာဝန္ယူဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ၎က "အစိုးရအဖြဲ႕အသစ္အမည္စာရင္းကို တရားဝင္ေၾကညာၿပီးခ်ိန္အထိ ေစာင့္ဆိုင္းၾကပါ" လို႔ ေျပာပါတယ္။
ထိုင္းႏိုင္ငံအတြင္း စုစည္းညီၫႊတ္မႈမ်ား ျဖစ္ေအာင္လုပ္ေဆာင္ဖို႔ ႏိုင္ငံသားတိုင္းရဲ႕ ဦးစားေပးျဖစ္သင့္ေၾကာင္း Sutin Klungsang က ေျပာပါတယ္။ ျဖဴထိုင္းပါတီ နဲ႔ ထိုင္းစစ္တပ္ၾကား ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ျပဳ ေျပာဆိုရာမွာ Sutin Klungsang က အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ အာဏာသိမ္းမႈမ်ားအနက္ ေနာက္ဆုံးႏွစ္ႀကိမ္မွာျဖစ္ပြားခဲ့တဲ့ စစ္အာဏာသိမ္းမႈဟာ ျဖဴထိုင္းပါတီ ဝန္ႀကီးခ်ဳပ္ေတြ ထံကေန အာဏာသိမ္းယူခဲ့တာျဖစ္ပါတယ္။
၂ဝဝ၆ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ စစ္အာဏာသိမ္းမႈဟာ ျဖဴထိုင္းပါတီဝန္ႀကီးခ်ဳပ္ သက္ဆင္ထံကေန သိမ္းယူခဲ့ျခင္းျဖစ္ ၿပီး ၂ဝ၁၄ ခုႏွစ္မွာျဖစ္ပြားခဲ့တဲ့ စစ္အာဏာသိမ္းမႈက သက္ဆင္ရဲ႕ညီမျဖစ္သလို ျဖဴထိုင္းပါတီရဲ႕ဝန္ႀကီးခ်ဳပ္တစ္ဦး ျဖစ္တဲ့ ယင္လပ္ထံကေန အာဏာသိမ္းယူခဲ့တာျဖစ္ပါတယ္။ ျဖဴထိုင္းပါတီဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Sutin Klungsang က ထိုင္းစစ္သားတိုင္းဟာ ေနာက္ထပ္ စစ္အာဏာသိမ္းမႈမ်ိဳးထပ္ျဖစ္ပြားမွာ မလိုလားဘူးလို႔ ယုံၾကည္ ေၾကာင္းေျပာပါတယ္။
၎က "ထိုင္းႏိုင္ငံမွာ လက္ရွိအခ်ိန္က စတင္ၿပီး စစ္အာဏာသိမ္းတာမ်ိဳးထပ္မံမရွိသင့္ေတာ့ဘူး၊ ထိုင္းႏိုင္ငံမွာ စစ္အာဏာသိမ္းခံရတဲ့ ေန႔ရက္ေတြ ၿပီးဆုံးသြားၿပီလို႔ ယုံၾကည္ထားတယ္" လို႔ ေျပာပါတယ္။ ထိုင္းကာကြယ္ေရးဝန္ႀကီးရာထူးကို စစ္တပ္က မဟုတ္ဘဲ အရပ္သားေတြ ရယူခဲ့ဖူးၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းယင္လပ္၊ Samak Sundaravej နဲ႔ Chuan Leekpai တို႔ဟာ ကာကြယ္ေရးဝန္ႀကီးတာဝန္ေတြကို ရယူခဲ့ဖူးေၾကာင္း သိရပါတယ္။