နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်အတွက် တိုးချဲ့ထုတ်လုပ်နိုင်ရေး လျှပ်စစ်ဝန်ကြီးအသိပေး

 884

ယွန်း (NP News) - စက်တင်ဘာ ၄

နေရောင်ခြည်စွမ်းအင်သုံးဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်အတွက် တိုးချဲ့ထုတ်လုပ်နိုင်ရေး လျှပ်စစ်ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက စက်တင်ဘာလ(၂)ရက်တွင် သပြေဝဓာတ်အားခွဲရုံသို့ သွားရောက်စဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သပြေဝ(၃)နှင့် သာစည်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို တွန်းအားပေး‌ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံးဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်အတွက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံအကြား ချိတ်ဆက်ထားသည့် ဗို့အားမြင့်ဓာတ်အားလိုင်း သတ်မှတ်နယ်နိမိတ်အတွင်း လူနေအိမ်များ၊ အဆောက်အဦးများ၊ ကျူးကျော်များ မရှိစေရးအတွက် သတ်မှတ်နယ်နိမိတ်အား သိရှိစေရေးကို ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

မိတ္ထီလာ သပြေဝ(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို Clean Power Energy (CPE) Co.,Ltd မှ BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်တပ်ဆင်အင်အားသည် (၃၀) မဂ္ဂါဝပ်ဖြစ်ကာ တစ်နှစ်လျှင်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၇၀ ဒသမ ၅၉၉) သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို 33 KV Double Circuit Overhead Line ဖြင့် သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ ၁၃၃ ဒသမ ၄၄ ဧကပေါ်တွင် တည်ရှိပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ နှစ်သိန်းကျော်ခန့်ထုတ်လုပ်နိုင်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ခုလည်းဖြစ်သည်။

zawgyi version
ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာစီမံကိန္းမ်ားသည္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆုံးျဖစ္သည့္အတြက္ တိုးခ်ဲ႕ထုတ္လုပ္ႏိုင္ေရး လွ်ပ္စစ္ဝန္ႀကီးအသိေပး

ယြန္း (NP News) - စက္တင္ဘာ ၄

ေနေရာင္ျခည္စြမ္းအင္သုံးဆိုလာစီမံကိန္းမ်ားသည္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆုံးျဖစ္သည့္အတြက္ တိုးခ်ဲ႕ထုတ္လုပ္ႏိုင္ေရး လွ်ပ္စစ္ဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက စက္တင္ဘာလ(၂)ရက္တြင္ သေျပဝဓာတ္အားခြဲ႐ုံသို႔ သြားေရာက္စဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

သေျပဝ(၃)ႏွင့္ သာစည္ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ စီမံကိန္းမ်ားအား သတ္မွတ္ကာလအတြင္း အခ်ိန္မီၿပီးစီးေရးကို တြန္းအားေပး‌ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ ျပန္ျပည့္ၿမဲစြမ္းအင္ျဖစ္ေသာ ေနေရာင္ျခည္စြမ္းအင္သုံးဆိုလာစီမံကိန္းမ်ားသည္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆုံးျဖစ္သည့္အတြက္ ပိုမိုတိုးခ်ဲ႕ထုတ္လုပ္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာၾကားခဲ့သည္။

သေျပဝေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံႏွင့္ ၂၃၀ ေကဗြီ သေျပဝပင္မဓာတ္အားခြဲ႐ုံအၾကား ခ်ိတ္ဆက္ထားသည့္ ဗို႔အားျမင့္ဓာတ္အားလိုင္း သတ္မွတ္နယ္နိမိတ္အတြင္း လူေနအိမ္မ်ား၊ အေဆာက္အဦးမ်ား၊ က်ဴးေက်ာ္မ်ား မရွိေစရးအတြက္ သတ္မွတ္နယ္နိမိတ္အား သိရွိေစေရးကို ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။

မိတၳီလာ သေျပဝ(၃၀)မဂၢါဝပ္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံစီမံကိန္းကို Clean Power Energy (CPE) Co.,Ltd မွ BOO (Build Operate Own) စနစ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး စက္တပ္ဆင္အင္အားသည္ (၃၀) မဂၢါဝပ္ျဖစ္ကာ တစ္ႏွစ္လွ်င္လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၇၀ ဒသမ ၅၉၉) သန္း ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထြက္ရွိလာေသာ လွ်ပ္စစ္ဓာတ္အားမ်ားကို 33 KV Double Circuit Overhead Line ျဖင့္ သေျပဝပင္မဓာတ္အားခြဲ႐ုံမွတဆင့္ ႏိုင္ငံေတာ္ဓာတ္အား စနစ္သို႔ ခ်ိတ္ဆက္ပို႔လႊတ္ ျဖန႔္ျဖဴးလ်က္ရွိေၾကာင္း သိရသည္။

သေျပဝေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံသည္ မႏၲေလးတိုင္း၊ မိတၳီလာခ႐ိုင္၊ သာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးရွိ ေျမဧရိယာ ၁၃၃ ဒသမ ၄၄ ဧကေပၚတြင္ တည္ရွိၿပီး တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီ ႏွစ္သိန္းေက်ာ္ခန႔္ထုတ္လုပ္ႏိုင္ကာ ျမန္မာႏိုင္ငံတြင္ ဒုတိယေျမာက္ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ တစ္ခုလည္းျဖစ္သည္။

Related news

© 2021. All rights reserved.