မြန်မာအသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်မြင့်လာအောင် ကြိုးစားမည်ဟု အသင်းခေါင်ဆောင် မောင်မောင်လွင်ပြော

 1419

ရဲပြည့် (NP News) - စက်တင်ဘာ ၇

ပြည်ပထွက်ကစားနေသည့် ကစားသမားများ စုံစုံလင်လင်ပြန်လည်ရောက်ရှိလာမှုနှင့်အတူ မြန်မာအသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်မြင့်လာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းခေါင်ဆောင် မောင်မောင်လွင်က ပြောသည်။

မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်က မြန်မာအသင်းနှင့် နီပေါအသင်းတို့ ကစားမည့် ပွဲစဉ်မတိုင်မီ ယနေ့ (စက်တင်ဘာလ ၇ ရက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကမ္ဘာ့အဆင့် ပြန်မြင့်လာအောင် ကျွန်တော်တို့ကြားထဲမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ပွဲတိုင်းနီးပါးကို ရှုံးတဲ့အခါကြတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကျလာတာပေါ့၊ အခုဆိုရင် ပြည်ပ ကစားသမားတွေလည်း စုံစုံလင်လင်ပြန်လည်ရောက်ရှိလာပြီ။ အနိုင်ရအောင်လည်းပြန်ပြီးတော့ ကြိုးစားမယ်။ ကမ္ဘာ့အဆင့်ပြန်ပြီးတက်လာအောင်လုပ်ပါမယ်"ဟု မြန်မာလက်ရွေးစင် အသင်းခေါင်း ဆောင် မောင်မောင်လွင်ကပြောသည်။

အာဆီယံတွင်လည်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ကျော်တက်ရန်အတွက် အဓိကလိုအပ်ချက်များ ကို အသင်းခေါင်းဆောင် မောင်မောင်လွင်က ထောက်ပြပြောကြားခဲ့သည်။

" ကျွန်တော်တို့ ပြည်ပထွက်ကစားတဲ့ ကစားသမားတွေ အကုန်သိပါတယ်။ ဘယ်လောက်အထိကွာ တယ်ဆိုတာကိုပါ။ ထိုင်းမှာဆိုရင် လိဂ်(၁၊၂၊၃)ရှိတယ်။ သူထက်နိမ့်တဲ့အသင်းပွဲစဉ်တွေလည်းရှိတယ်။ အဲဒီမှာဆိုရင် အနိမ့်ဆုံးအသင်းလေးတွေကတောင် အိမ်ကွင်း၊ အဝေးကွင်းရှိပါတယ်။ ဘောလုံးသမားတွေဆိုရင် အဲဒီမှာမရှားဘူး။ ကျွန်တော်တို့ဆီမှာဆိုရင် ဘောလုံးသမားတွေရှားတယ်၊ သူတို့ဆီမှာမရှားဘူး။ သူတို့အဖွဲ့တစ်ခုချင်းစီကလည်း လူတွေကအများကြီးထွက်နေတာ၊ ပြီးတော့ သူတို့ရဲ့ ထောက်ပံ့ပေးတာ‌တွေ အများကြီးကွာတာပေါ့"ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး အသင်းခေါင်းဆောင်မောင်မောင်လွင်က ထိုင်းတွင် အပျော်တမ်းကစားနေသည့် ကစားသမားတစ်ယောက်၏ လစာသည် မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားတစ်ယောက်၏ လစာထက် ပိုကြောင်းနှင့် အခြားနိုင်ငံများက ဘောလုံးသမားတစ်ယောက်အပေါ် ထောက်ပံ့ပေးခြင်းသည် မြန်မာနှင့် ကွာဟသည့်အတွက် မြန်မာအသင်းသည် အာဆီယံတွင် နိမ့်ကျနေခြင်းဖြစ်ကြောင်း ပြောသည်။

"မြန်မာအသင်းရဲ့ လက်ရှိဖီဖာကမ္ဘာ့အဆင့် ၁၆ဝ က အသင်းရဲ့ အဆင့်အစစ်အမှန် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါကအမှန်တရားဖြစ်နေတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ (၃)နှစ်အတွင်းမှာ (၂)ပွဲပဲနိုင်ခဲ့တာကိုတွေ့ရတယ်။ အဲဒီတော့ မြန်မာအသင်းအနေနဲ့ နိုင်ပွဲရလိုတဲ့ စိတ်ဓာတ်တွေ ပြန်ရဖို့လိုတယ်။ ပြီးတော့ အသင်းတိုးတက်လာဖို့ အသင်းရဲ့ ဝါရင့် ကစားသမားတွေနဲ့ လူငယ်ခြေတက်ကစားသမားတွေနဲ့ပေါင်းစပ်ပြီးတော့ ကစားစေပြီး နိုင်ပွဲ‌တွေပြန်ရခဲ့ရင် နိုင်လိုစိတ်တွေ ပြန်လည်ရရှိမှာပါ။ ကျွန်တော်ကိုင်တွယ်တဲ့ ခြောက်လအတွင်းမှာ မြန်မာအသင်းဟာ တိုးတက်လာပြီးတော့ ပိုကောင်းအောင်ကြိုးစားပါမယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေပါ ပြန်တက် လာအောင် ကြိုးစားပေးပါမယ်”ဟု မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ် ဖစ်ခ်စတန်ဗီနာက ပြောသည်။

မြန်မာလက်ရွေးစင်အသင်းသည် လက်ရှိ၌ ဖီဖာကမ္ဘာ့အဆင့် ၁၆၀ အထိ ကျ‌ဆင်းသွားခဲ့ပြီဖြစ်ပြီး အဆင့်ပြန်လည်မြင့်တက်လာရန်အတွက် ပြိုင်ပွဲတိုင်းကို ရလဒ်ကောင်းအောင် ကစားသွားမှသာ ဖြစ်နိုင် ကြောင်း သိရသည်။

မြန်မာလက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့၏ FIFA International "A" Friendly Matchs ပွဲစဉ်များကို လာမည့် စက်တင်ဘာလ ၈ရက်နှင့် ၁၁ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာအသင္းကို ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ျပန္ျမင့္လာေအာင္ ႀကိဳးစားမည္ဟု အသင္းေခါင္ေဆာင္ ေမာင္ေမာင္လြင္ေျပာ
ရဲျပည့္ (NP News) - စက္တင္ဘာ ၇

ျပည္ပထြက္ကစားေနသည့္ ကစားသမားမ်ား စုံစုံလင္လင္ျပန္လည္ေရာက္ရွိလာမႈႏွင့္အတူ ျမန္မာအသင္းကို ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ျပန္ျမင့္လာေအာင္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း အသင္းေခါင္ေဆာင္ ေမာင္ေမာင္လြင္က ေျပာသည္။

ျမန္မာလက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္က ျမန္မာအသင္းႏွင့္ နီေပါအသင္းတို႔ ကစားမည့္ ပြဲစဥ္မတိုင္မီ ယေန႔ (စက္တင္ဘာလ ၇ ရက္)တြင္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

"ကမာၻ႔အဆင့္ ျပန္ျမင့္လာေအာင္ ကြၽန္ေတာ္တို႔ၾကားထဲမွာ အခက္အခဲေတြ အမ်ားႀကီး ရင္ဆိုင္ရတယ္။ ပြဲတိုင္းနီးပါးကို ရႈံးတဲ့အခါၾကေတာ့ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ေတြက်လာတာေပါ့၊ အခုဆိုရင္ ျပည္ပ ကစားသမားေတြလည္း စုံစုံလင္လင္ျပန္လည္ေရာက္ရွိလာၿပီ။ အႏိုင္ရေအာင္လည္းျပန္ၿပီးေတာ့ ႀကိဳးစားမယ္။ ကမာၻ႔အဆင့္ျပန္ၿပီးတက္လာေအာင္လုပ္ပါမယ္"ဟု ျမန္မာလက္ေ႐ြးစင္ အသင္းေခါင္း ေဆာင္ ေမာင္ေမာင္လြင္ကေျပာသည္။

အာဆီယံတြင္လည္း ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွားတို႔ကို ေက်ာ္တက္ရန္အတြက္ အဓိကလိုအပ္ခ်က္မ်ား ကို အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္က ေထာက္ျပေျပာၾကားခဲ့သည္။

" ကြၽန္ေတာ္တို႔ ျပည္ပထြက္ကစားတဲ့ ကစားသမားေတြ အကုန္သိပါတယ္။ ဘယ္ေလာက္အထိကြာ တယ္ဆိုတာကိုပါ။ ထိုင္းမွာဆိုရင္ လိဂ္(၁၊၂၊၃)ရွိတယ္။ သူထက္နိမ့္တဲ့အသင္းပြဲစဥ္ေတြလည္းရွိတယ္။ အဲဒီမွာဆိုရင္ အနိမ့္ဆုံးအသင္းေလးေတြကေတာင္ အိမ္ကြင္း၊ အေဝးကြင္းရွိပါတယ္။ ေဘာလုံးသမားေတြဆိုရင္ အဲဒီမွာမရွားဘူး။ ကြၽန္ေတာ္တို႔ဆီမွာဆိုရင္ ေဘာလုံးသမားေတြရွားတယ္၊ သူတို႔ဆီမွာမရွားဘူး။ သူတို႔အဖြဲ႕တစ္ခုခ်င္းစီကလည္း လူေတြကအမ်ားႀကီးထြက္ေနတာ၊ ၿပီးေတာ့ သူတို႔ရဲ႕ ေထာက္ပံ့ေပးတာ‌ေတြ အမ်ားႀကီးကြာတာေပါ့"ဟု ၎ကေျပာသည္။

ဆက္လက္ၿပီး အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္က ထိုင္းတြင္ အေပ်ာ္တမ္းကစားေနသည့္ ကစားသမားတစ္ေယာက္၏ လစာသည္ ျမန္မာေနရွင္နယ္လိဂ္မွ ကစားသမားတစ္ေယာက္၏ လစာထက္ ပိုေၾကာင္းႏွင့္ အျခားႏိုင္ငံမ်ားက ေဘာလုံးသမားတစ္ေယာက္အေပၚ ေထာက္ပံ့ေပးျခင္းသည္ ျမန္မာႏွင့္ ကြာဟသည့္အတြက္ ျမန္မာအသင္းသည္ အာဆီယံတြင္ နိမ့္က်ေနျခင္းျဖစ္ေၾကာင္း ေျပာသည္။

"ျမန္မာအသင္းရဲ႕ လက္ရွိဖီဖာကမာၻ႔အဆင့္ ၁၆ဝ က အသင္းရဲ႕ အဆင့္အစစ္အမွန္ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ဒါကအမွန္တရားျဖစ္ေနတယ္။ ျမန္မာအသင္းဟာ ၿပီးခဲ့တဲ့ (၃)ႏွစ္အတြင္းမွာ (၂)ပြဲပဲႏိုင္ခဲ့တာကိုေတြ႕ရတယ္။ အဲဒီေတာ့ ျမန္မာအသင္းအေနနဲ႔ ႏိုင္ပြဲရလိုတဲ့ စိတ္ဓာတ္ေတြ ျပန္ရဖို႔လိုတယ္။ ၿပီးေတာ့ အသင္းတိုးတက္လာဖို႔ အသင္းရဲ႕ ဝါရင့္ ကစားသမားေတြနဲ႔ လူငယ္ေျခတက္ကစားသမားေတြနဲ႔ေပါင္းစပ္ၿပီးေတာ့ ကစားေစၿပီး ႏိုင္ပြဲ‌ေတြျပန္ရခဲ့ရင္ ႏိုင္လိုစိတ္ေတြ ျပန္လည္ရရွိမွာပါ။ ကြၽန္ေတာ္ကိုင္တြယ္တဲ့ ေျခာက္လအတြင္းမွာ ျမန္မာအသင္းဟာ တိုးတက္လာၿပီးေတာ့ ပိုေကာင္းေအာင္ႀကိဳးစားပါမယ္။ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ေတြပါ ျပန္တက္ လာေအာင္ ႀကိဳးစားေပးပါမယ္”ဟု ျမန္မာလက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ မိုက္ကယ္ ဖစ္ခ္စတန္ဗီနာက ေျပာသည္။

ျမန္မာလက္ေ႐ြးစင္အသင္းသည္ လက္ရွိ၌ ဖီဖာကမာၻ႔အဆင့္ ၁၆၀ အထိ က်‌ဆင္းသြားခဲ့ၿပီျဖစ္ၿပီး အဆင့္ျပန္လည္ျမင့္တက္လာရန္အတြက္ ၿပိဳင္ပြဲတိုင္းကို ရလဒ္ေကာင္းေအာင္ ကစားသြားမွသာ ျဖစ္ႏိုင္ ေၾကာင္း သိရသည္။

ျမန္မာလက္ေ႐ြးစင္အသင္းႏွင့္ နီေပါလက္ေ႐ြးစင္အသင္းတို႔၏ FIFA International "A" Friendly Matchs ပြဲစဥ္မ်ားကို လာမည့္ စက္တင္ဘာလ ၈ရက္ႏွင့္ ၁၁ရက္တို႔တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰကြင္း၌ ယွဥ္ၿပိင္ကစားၾကမည္ျဖစ္ေၾကာင္း သိရသည္။

Picture

m t (တေဇ)

12/09/2023 08:58

hope

Related news

© 2021. All rights reserved.