ဂန္ထဝင်နပန်းသမား ဟော့ခ်ဟိုဂန် ကွယ်လွန်

327

Pika (NP News) - သြဂုတ် ၃
အမေရိကန်အားကစားနှင့် ဖျော်ဖြေရေး ကြယ်ပွင့်တစ်ဦးဖြစ်သလို ကမ္ဘာလုံးဆိုင်ရာနပန်း ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်သည့် ဟော့ခ်ဟိုဂန်သည် အသက်(၇၁)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဟော့ခ် ဟိုဂန်သည် ဒေါ်နယ်ထရမ့်ကို အမေရိကန်သမ္မတအဖြစ် ကျယ်ကျယ် လောင်လောင် ထောက်ခံအားပေးခဲ့သူတစ်ဦး လည်းဖြစ်သည်။
World Wrestling Entertainment က ‘ဂန္ထဝင်နပန်းသမားဟော့ခ်ဟိုဂန် ကွယ်လွန်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး WWE အဖွဲ့အစည်းက တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ဟော့ခ်ဟို ဂန်ဟာ (၁၉၈၀) ပြည့်နှစ်များ အတွင်းမှာ WWE ကို ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုရရှိအောင် ကူညီပေးခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်}ဟု ထုတ်ပြန်ခဲ့သည်။
နှလုံးခုန်ရပ်ခြင်းနှင့်ပတ်သက်ပြီး ဟော့ခ် ဟိုဂန်၏နေအိမ်မှ ဆေးဘက်ဆိုင်ရာအကူအညီများတောင်းခံမှုကို အာဏာပိုင်များက ချက်ချင်းတုံ့ပြန်မှုများလုပ်ဆောင်ခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် Clearwater မြို့ရဲတပ်ဖွဲ့က ပြော ကြားခဲ့သည်။ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များသည် ဟော့ခ်ဟိုဂန်ကို ဆေးရုံသို့ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း တွင် သေဆုံးကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ဟော့ခ်ဟိုဂန်သည် (၁၉၈၀)ပြည့်နှစ်များအတွင်း ပရောက်ဖက်ရှင်နယ်နပန်းပြိုင်ပွဲများ၏ချန်ပီ ယံတစ်ဦးဖြစ်ခဲ့ လာကာ နပန်းပြိုင်ပွဲများကို ကမ္ဘာတစ်ဝန်းတွင် လူသိများအောင် လုပ်ဆောင်ပေးနိုင်ခဲ့ သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဂႏၴဝင္နပန္းသမား ေဟာ့ခ္ဟိုဂန္ ကြယ္လြန္
Pika (NP News) - ၾသဂုတ္ ၃
အေမရိကန္အားကစားႏွင့္ ေဖ်ာ္ေျဖေရး ၾကယ္ပြင့္တစ္ဦးျဖစ္သလို ကမာၻလုံးဆိုင္ရာနပန္း ပေရာ္ဖက္ရွင္နယ္ တစ္ဦးျဖစ္သည့္ ေဟာ့ခ္ဟိုဂန္သည္ အသက္(၇၁)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္သြားခဲ့ၿပီျဖစ္သည္။ ေဟာ့ခ္ ဟိုဂန္သည္ ေဒၚနယ္ထရမ့္ကို အေမရိကန္သမၼတအျဖစ္ က်ယ္က်ယ္ ေလာင္ေလာင္ ေထာက္ခံအားေပးခဲ့သူတစ္ဦး လည္းျဖစ္သည္။
World Wrestling Entertainment က ‘ဂႏၴဝင္နပန္းသမားေဟာ့ခ္ဟိုဂန္ ကြယ္လြန္သြားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး WWE အဖြဲ႕အစည္းက တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္။ ေဟာ့ခ္ဟို ဂန္ဟာ (၁၉၈၀) ျပည့္ႏွစ္မ်ား အတြင္းမွာ WWE ကို ကမာၻလုံးဆိုင္ရာအသိအမွတ္ျပဳမႈရရွိေအာင္ ကူညီေပးခဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္}ဟု ထုတ္ျပန္ခဲ့သည္။
ႏွလုံးခုန္ရပ္ျခင္းႏွင့္ပတ္သက္ၿပီး ေဟာ့ခ္ ဟိုဂန္၏ေနအိမ္မွ ေဆးဘက္ဆိုင္ရာအကူအညီမ်ားေတာင္းခံမႈကို အာဏာပိုင္မ်ားက ခ်က္ခ်င္းတုံ႔ျပန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ဖေလာ္ရီဒါျပည္နယ္ Clearwater ၿမိဳ႕ရဲတပ္ဖြဲ႕က ေျပာ ၾကားခဲ့သည္။ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕မ်ားသည္ ေဟာ့ခ္ဟိုဂန္ကို ေဆး႐ုံသို႔ခ်က္ခ်င္းေခၚေဆာင္သြားခဲ့ၿပီး ေနာက္ပိုင္း တြင္ ေသဆုံးေၾကာင္းတရားဝင္ထုတ္ျပန္ေၾကညာခဲ့သည္။
ေဟာ့ခ္ဟိုဂန္သည္ (၁၉၈၀)ျပည့္ႏွစ္မ်ားအတြင္း ပေရာက္ဖက္ရွင္နယ္နပန္းၿပိဳင္ပြဲမ်ား၏ခ်န္ပီ ယံတစ္ဦးျဖစ္ခဲ့ လာကာ နပန္းၿပိဳင္ပြဲမ်ားကို ကမာၻတစ္ဝန္းတြင္ လူသိမ်ားေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ သူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။