ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၀၀၀)ကျော်ကို UWSA အဖွဲ့မှ ဖမ်းဆီးကာ တရုတ်နိုင်ငံထံလွှဲပြောင်းပေး

 1932

မြူနစ် (NP News) - စက်တင်ဘာ ၉

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၀၀၀)ကျော်ကို UWSA အဖွဲ့မှ ဖမ်းဆီးကာ တရုတ်နိုင်ငံထံလွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

လိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၇)ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့မှုနှင့်ပတ် သက်၍ “ဝ”လက်နက်ကိုင်အဖွဲ့ UWSA ဘက်က ယမန်နေ့(စက်တင်ဘာလ ၈ ရက်)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

UWSA မှဖမ်းမိထားသော ဆက်သွယ်ရေးလိမ်လည်မှုပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၇)ဦးကို စက်တင်ဘာ လ ၆ ရက်နှင့် ၇ ရက်တို့တွင် တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ဝ”လက်နက်ကိုင်အဖွဲ့ဖြစ်သော UWSA သည် တရုတ်နိုင်ငံနှင့်နီးစပ်သော ဆက်ဆံရေးရှိသကဲ့သို့ လက်ရှိ နစကအစိုးရနှင့်လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးနှင့်အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်း(၁၁)ခုအား ဖြိုခွင်းနိုင်ခဲ့ပြီး သံသယရှိသူ(၂၆၉)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံမြောက်ပိုင်း၌ တရုတ်နိုင်ငံသားများသည် ဆက်သွယ်ရေးနှင့်အွန်လိုင်းကို အသုံးပြုကာ လိမ်လည်မှုပေါင်း (၁၁၀၀)ကျော်ကျူးလွန်ထားပြီး ၎င်းတို့ကို စုံစမ်းစစ်ဆေးရာတွင် စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်သန်း(၁၂၀)ကျော်ရှိကြောင်းလည်း တရုတ်နိုင်ငံဘက်က ပြောထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်မစ္စတာချန်ဟိုင်းသည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံကာ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမြစ်ဖြတ်ချေမှုန်းပစ်ရန် တိုက်တွန်းပြောကြားခဲ့ဖူးသည်။

အလားတူ ပြီးခဲ့သည့် ကာလများအတွင်း၌ မြန်မာနယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံပူးပေါင်းကာ နှိမ်နင်းခဲ့ဖူးသည်။

zawgyi version
ဆက္သြယ္ေရးလိမ္လည္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား (၁၀၀၀)ေက်ာ္ကို UWSA အဖြဲ႕မွ ဖမ္းဆီးကာ တ႐ုတ္ႏိုင္ငံထံလႊဲေျပာင္းေပး
ျမဴနစ္ (NP News) - စက္တင္ဘာ ၉

ဆက္သြယ္ေရးလိမ္လည္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား (၁၀၀၀)ေက်ာ္ကို UWSA အဖြဲ႕မွ ဖမ္းဆီးကာ တ႐ုတ္ႏိုင္ငံထံလႊဲေျပာင္းေပးခဲ့ေၾကာင္း သတင္းရရွိသည္။

လိမ္လည္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား (၁၂၀၇)ဦးကို တ႐ုတ္ႏိုင္ငံရဲတပ္ဖြဲ႕ထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့မႈႏွင့္ပတ္ သက္၍ “ဝ”လက္နက္ကိုင္အဖြဲ႕ UWSA ဘက္က ယမန္ေန႔(စက္တင္ဘာလ ၈ ရက္)တြင္ အသိေပးထုတ္ျပန္ခဲ့သည္။

UWSA မွဖမ္းမိထားေသာ ဆက္သြယ္ေရးလိမ္လည္မႈျပစ္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား (၁၂၀၇)ဦးကို စက္တင္ဘာ လ ၆ ရက္ႏွင့္ ၇ ရက္တို႔တြင္ တ႐ုတ္ႏိုင္ငံရဲတပ္ဖြဲ႕ထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

“ဝ”လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ UWSA သည္ တ႐ုတ္ႏိုင္ငံႏွင့္နီးစပ္ေသာ ဆက္ဆံေရးရွိသကဲ့သို႔ လက္ရွိ နစကအစိုးရႏွင့္လည္း ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည့္ လက္နက္ကိုင္အဖြဲ႕တစ္ခုလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းရွိ ဆက္သြယ္ေရးႏွင့္အြန္လိုင္းကိုအသုံးျပဳကာ လိမ္လည္ေနသည့္ဂိုဏ္း(၁၁)ခုအား ၿဖိဳခြင္းႏိုင္ခဲ့ၿပီး သံသယရွိသူ(၂၆၉)ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ထုတ္ျပန္ေျပာၾကားခဲ့ဖူးသည္။

ျမန္မာႏိုင္ငံေျမာက္ပိုင္း၌ တ႐ုတ္ႏိုင္ငံသားမ်ားသည္ ဆက္သြယ္ေရးႏွင့္အြန္လိုင္းကို အသုံးျပဳကာ လိမ္လည္မႈေပါင္း (၁၁၀၀)ေက်ာ္က်ဴးလြန္ထားၿပီး ၎တို႔ကို စုံစမ္းစစ္ေဆးရာတြင္ စုစုေပါင္းတန္ဖိုးသည္ တ႐ုတ္ယြမ္သန္း(၁၂၀)ေက်ာ္ရွိေၾကာင္းလည္း တ႐ုတ္ႏိုင္ငံဘက္က ေျပာထားသည္။

ၿပီးခဲ့သည့္ ဇူလိုင္လကုန္ပိုင္းတြင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္မစၥတာခ်န္ဟိုင္းသည္ နစက၏ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ေတြ႕ဆုံကာ ႏိုင္ငံအတြင္းရွိ ဆက္သြယ္ေရးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို အျမစ္ျဖတ္ေခ်မႈန္းပစ္ရန္ တိုက္တြန္းေျပာၾကားခဲ့ဖူးသည္။

အလားတူ ၿပီးခဲ့သည့္ ကာလမ်ားအတြင္း၌ ျမန္မာနယ္စပ္ေဒသမ်ားတြင္ ဆက္သြယ္ေရးလိမ္လည္မႈ၊ အြန္လိုင္းေလာင္းကစားမႈမ်ားကို ျမန္မာ-တ႐ုတ္-ထိုင္း (၃)ႏိုင္ငံပူးေပါင္းကာ ႏွိမ္နင္းခဲ့ဖူးသည္။

Picture

L Mone

09/09/2023 23:11

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ. စစ်စစ်ဆိုတာ...တပ်မ တော် က ပေးချင်လည်း မရဘူး...ပြည်သူက..ရအောင်လုပ်မယ်ဆိုလည်းမရဘူး...အမေရိကန်တို့အုပ်စုကြီးက ရှာထွက်အောင်..တွန်းပို့လည်း မရပါဘူး...။ ၁/လက်နက်ကိုင်တပ်ဖွဲ့တွေ သိပ်များနေတဲ့သော နိုင်ငံ.ဖြစ်တယ် ၂/တောတောင် ချောက်ကမ်းပါးတွေ အရမ်းထူပြောသလို...သယံဇာတတွေ..အများကြီး..ကျန်နေတဲ့ နိုင်ငံ..ဖြစ်နေတယ်..။ ၃/ လူဦးရေ အများဆုံး ဖြစ်နေပြီး စရိုက်လက္ခဏာအရ..လုံးဝကွဲပြားသော နိုင်ငံကြီး နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံဖြစ်နေတယ်..။ ၄/ဒီမိုကရေစီစနစ် နိုင်ငံကြီးအဖြစ် အိန္ဒိယနိုင်ငံ(လူဦးရေ သန်း ၁၄၀၀ ကျော်) ;လူဦးရေ သန်း ၇၀ ကျော် ဘာသာတူ လူမျိူးတူများနဲ့ရောရှက်နေတဲ့ ထိုင်း ဘုရင့် ဒီမိုကရေစီ (ဘုရင်အဓိက)နိုင်ငံ နဲ့ ကွန်မြူနစ်စနစ် အုပ်ချူပ်တဲ့ နိုင်ငံကြီး တရုတ်နိုင်ငံ (လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်) ;လူဦးရေ..နည်းသော်လည်း ကွန်မြူနစ်စနစ်နဲ့ အုပ်ချပ်သော လာအိုနိုင်ငံ တို့ အိမ်နီးချင်းဖြစ်နေကြသလို ဘာသာရေးအရ လူမျိူးရေးအရ အကဲဆတ်သော မူစလင်ဘာသာနိုင်ငံ ခံယူထားသော ဒီမိုကရေစီခံယူထားသူ(အမျိူးအစဥ်အဆက်တွေသာ အာဏာရ)နိုင်ငံ ထိုမတူညီမှူ့တို့အကြားက ဘာသာစုံ/လူမျိူးစုံလင်လွန်ပြီး ကိုယ့်အမြီးသူ့အမြီးရှူပ်နေသောနိုင်ငံ ဖြစ်နေသည် ၅/လူဦးရေနဲ့ လူမျိူးမလိုက်သော လူဦးရေစာရင်း အရမ်းရှူပ်ထွေးသောနိုင်ငံ (ဥပမာ စာပေနဲ့ ယဥ်ကျေးမှူ့ ဘာသာတရား) မတူညီမှူ့များစွာ ရှိသော နိုင်ငံဖြစ်သည်။(လူဦးရေ ၁၀၀၀ ဝန်းကျင် လူမျိူးစုများ ရှိနေသေး၏။) ၆/အမေရိကန်နဲ့ တရုတ်တို့၏..ဒီမိုကရေစီ ကွန်မြူနစ်စနစ်တို့ကို မြန်မာနိုင်ငံမှာ အပြိုင်အဆိုင် ကျူးကျော် စိုက်ပျိူးရာနိုင်ငံ ဖြစ်နေတယ်။စီပွားရေးအရ ပထဝီအရ တရုတ်တို့အတွက် အကျိူးအများဆုံးရှိရာ နိုင်ငံလည်းဖြစ်နေသောကြောင့် တရုတ်ကို အမေရိကန်မကြိုက်ဆုံး အမုန်းဆုံး မြေပုံ နေရာက ကျွန်ုပ်တို့မြန်မာနိုင်ငံဖြစ်နေတာ...လုံးဝသေချာနေသောကြောင့်ဖြစ်၏။ လုပ်စားလို့ကောင်းသော နိုင်ငံရေးစီးပွားရေးဘာသာရေး...တို့၏ နတ်ပြည်နဲ့ ငရဲသားတို့ဘဝကြားက...နယ်မြေ..။ စည်းလုံးညီညာစိတ်..ခွန့်လွှတ် သီးခံအနစ်နာခံစိတ်..ရေရှည်အမျှော်အမြင်စိတ်..စွန့်လွတ်သင့်သည်ကို..အတတ်နိုင်ဆုံး စွန့်လွှတ်တတ်တဲ့စိတ်ထားမျိူး. ရှိမှ..သာ နတ်ပြည်စစ်စစ်..နီးပါး လူ့ဘုံတို့ ထွဋ်ခေါင်မြေနေရာ ဖြစ်လေတော့မည်။ =>နတ်ပြည်နဲ့ငရဲပြည် ဖက်စပ်နိုင်ငံမှ အမြန်လွတ်မြောက်ကြပါစေဗျာ။

Related news

© 2021. All rights reserved.