ရုရှားနိုင်ငံမှ ရေနံ နှင့် သဘာဝဓါတ်ငွေ့များတင်ပို့ ကူညီပေးနေခြင်းက အာဆီယံဒေသအတွင်း စီးပွားရေးတည်ငြိမ် တိုးတက်ဖွယ်ရှိနေဟု ဝန်ကြီးဒေါက်တာကံဇော် ပြော

1113

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁
ရုရှားနိုင်ငံမှ အာဆီယံအဖွဲ့ဝင်များနိုင်ငံ၏ ဈေးကွက်များသို့ ရေနံ၊ သဘာဝဓါတ်ငွေ့ နှင့် သတ္တုပစ္စည်းများ တင်ပို့ပေးနေခြင်းကြောင့် အာဆီယံဒေသအတွင်း စီးပွားရေးတည်ငြိမ်တိုးတက်မှုများ ဖြစ်လာဖွယ်ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း သိရသည်။
ဝန်ကြီးဒေါက်တာကံဇော်သည် ရုရှားနိုင်ငံတွင် ကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောဆိုချိန် အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
ဝန်ကြီးဒေါက်တာကံဇော်က ဒေသအတွင်း နှင့် ကမ္ဘာ့အခြေအနေများ လျင်မြန်စွာပြောင်းလဲနေခြင်းများ တုံ့ပြန်ရန် နှင့် စီးပွားရေးအသိုက်ဝန်းများအတွက် နည်းလမ်းအသစ်များ ရှာဖွေရန်လိုအပ်ကြောင်း ပြောသည်။
၎င်းက "ရုရှားနိုင်ငံဟာ စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီအောင် သိသိသာသာကူညီပေးနေတယ်။ ရုရှားနိုင်ငံဟာ အာဆီယံဒေသအတွင်းရှိ ဈေးကွက်များကို ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ သတ္တုပစ္စည်းများ တင်ပို့ကူညီပေးနေတယ်။ ဒါဟာ အာဆီယံဒေသအတွင်း စီးပွားရေးကို တည်ငြိမ်တိုးတက်မှုတွေ ဖြစ်စေတယ်။ အပြန်အလှန်အားဖြင့် အာဆီယံနိုင်ငံတွေဟာလည်း ရုရှားနိုင်ငံကို နည်းပညာလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်း၊ အခြေခံအဆောက်အဦးဆိုင်ရာလုပ်ငန်းတွေမှာ ရုရှားရင်းနှီးမြှုပ်နှံနိုင်အောင် အခွင့်အရေး ကမ်းလှမ်းပေးရမယ်" ဟု ပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ဇူလိုင်လက ကျင်းပခဲ့သော အာဆီယံ နှင့် ရုရှား အစည်းအဝေး တွင် ရုရှားနှင့် အာဆီယံအဖွဲ့ကြားအစားစာ နှင့် စွမ်းအင်လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အလားအလာကောင်းများရှိနေကြောင်း ပြောဆိုခဲ့ဖူးသည်။ ၈ ကြိမ်မြောက် ကျင်းပနေသည့် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံ Vladivostok မြို့တွင် စက်တင်ဘာ ၁ဝ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားႏိုင္ငံမွ ေရနံ ႏွင့္ သဘာဝဓါတ္ေငြ႕မ်ားတင္ပို႔ ကူညီေပးေနျခင္းက အာဆီယံေဒသအတြင္း စီးပြားေရးတည္ၿငိမ္ တိုးတက္ဖြယ္ရွိေနဟု ဝန္ႀကီးေဒါက္တာကံေဇာ္ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၁
႐ုရွားႏိုင္ငံမွ အာဆီယံအဖြဲ႕ဝင္မ်ားႏိုင္ငံ၏ ေဈးကြက္မ်ားသို႔ ေရနံ၊ သဘာဝဓါတ္ေငြ႕ ႏွင့္ သတၱဳပစၥည္းမ်ား တင္ပို႔ေပးေနျခင္းေၾကာင့္ အာဆီယံေဒသအတြင္း စီးပြားေရးတည္ၿငိမ္တိုးတက္မႈမ်ား ျဖစ္လာဖြယ္ရွိေနေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က ထုတ္ေဖာ္ေျပာၾကားလိုက္ေၾကာင္း သိရသည္။
ဝန္ႀကီးေဒါက္တာကံေဇာ္သည္ ႐ုရွားႏိုင္ငံတြင္ က်င္းပေနေသာ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္တြင္ မိန႔္ခြန္းေျပာဆိုခ်ိန္ အတြင္း ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားအေျခစိုက္မီဒီယာမ်ားက ေဖာ္ျပထားသည္။
ဝန္ႀကီးေဒါက္တာကံေဇာ္က ေဒသအတြင္း ႏွင့္ ကမာၻ႔အေျခအေနမ်ား လ်င္ျမန္စြာေျပာင္းလဲေနျခင္းမ်ား တုံ႔ျပန္ရန္ ႏွင့္ စီးပြားေရးအသိုက္ဝန္းမ်ားအတြက္ နည္းလမ္းအသစ္မ်ား ရွာေဖြရန္လိုအပ္ေၾကာင္း ေျပာသည္။
၎က "႐ုရွားႏိုင္ငံဟာ စြမ္းအင္လိုအပ္ခ်က္ေတြကို ျပည့္မီေအာင္ သိသိသာသာကူညီေပးေနတယ္။ ႐ုရွားႏိုင္ငံဟာ အာဆီယံေဒသအတြင္းရွိ ေဈးကြက္မ်ားကို ေရနံ၊ သဘာဝဓါတ္ေငြ႕နဲ႔ သတၱဳပစၥည္းမ်ား တင္ပို႔ကူညီေပးေနတယ္။ ဒါဟာ အာဆီယံေဒသအတြင္း စီးပြားေရးကို တည္ၿငိမ္တိုးတက္မႈေတြ ျဖစ္ေစတယ္။ အျပန္အလွန္အားျဖင့္ အာဆီယံႏိုင္ငံေတြဟာလည္း ႐ုရွားႏိုင္ငံကို နည္းပညာလုပ္ငန္း၊ ထုတ္ကုန္လုပ္ငန္း၊ အေျခခံအေဆာက္အဦးဆိုင္ရာလုပ္ငန္းေတြမွာ ႐ုရွားရင္းႏွီးျမႇဳပ္ႏွံႏိုင္ေအာင္ အခြင့္အေရး ကမ္းလွမ္းေပးရမယ္" ဟု ေျပာသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္သည္ ဇူလိုင္လက က်င္းပခဲ့ေသာ အာဆီယံ ႏွင့္ ႐ုရွား အစည္းအေဝး တြင္ ႐ုရွားႏွင့္ အာဆီယံအဖြဲ႕ၾကားအစားစာ ႏွင့္ စြမ္းအင္လုံၿခဳံေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ အလားအလာေကာင္းမ်ားရွိေနေၾကာင္း ေျပာဆိုခဲ့ဖူးသည္။ ၈ ႀကိမ္ေျမာက္ က်င္းပေနသည့္ အေရွ႕ဖ်ား စီးပြားေရးဖိုရမ္ကို ႐ုရွားႏိုင္ငံ Vladivostok ၿမိဳ႕တြင္ စက္တင္ဘာ ၁ဝ ရက္မွ ၁၃ ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။