ရန်ကုန်မြို့ရှိ အောင်ဇေယျတံတားပေါ်၌ ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် အဝတ်အစားမဲ့ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ

 42764

သန့်ဇင် (NP News)-စက်တင်ဘာ ၁၁

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အောင်ဇေယျကြိုးတံတားပေါ်တွင် ဓားဒဏ်ရာ(၁၅)ချက်ဖြင့် အသက်ခံထားရသည့် အဝတ်အစားမဲ့အမျိုသမီးတစ်ဦး အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအလောင်းကို စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုး တံတားအဆင်း ကြိုးဆိုင်းတိုင်ခြေရှိ လူသွားစင်္ကြန်ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ကျွန်တော်တို့ကို သက်ဆိုင်ရာအပိုင်းက တာဝန်ရှိသူလူကြီးတစ်ယောက်ကခေါ်လို့သွားခဲ့တဲ့အခါမှာ အောင်ဇေယျကြိုးတံတားပေါ်က လှိုင်သာယာဘက်ခြမ်းမှာ တွေ့ခဲ့ရတာပါ။ ကြားတာတော့ အမျိုးသမီးက အဓ္ဓမကျင့်ပြီး အသက်ခံရတယ်လို့ ပြောကြပါတယ်ဗျ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အသတ်ခံရသည့် အမျိုးသမီးသည် အသက်(၃၅)နှစ်ဝန်းကျင်ဖြစ်ပြီး ဓားဒဏ်ရာ(၁၅)ချက်ဖြင့် အထက်ပါနေရာ၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

“မိသားစုနဲ့ အဆက်သွယ်ရတယ်လို့တော့ ပြောသံမကြားမိဘူးဗျ။ ပြောကြတာတော့ အဲဒီအမျိုးသမီးက စိတ်ဝေဒနာသည် အမျိုသမီးလို့တော့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အသတ်ခံထားရသည့် အမျိုးသမီးအား သက်ဆိုင်ရာမှလာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံလူမှုကူညီရေးအသင်းမှ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ေအာင္ေဇယ်တံတားေပၚ၌ ဓားဒဏ္ရာမ်ားစြာျဖင့္ ေသဆုံးေနသည့္ အဝတ္အစားမဲ့ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News)-စက္တင္ဘာ ၁၁

ရန္ကုန္တိုင္း၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ ေအာင္ေဇယ်ႀကိဳးတံတားေပၚတြင္ ဓားဒဏ္ရာ(၁၅)ခ်က္ျဖင့္ အသက္ခံထားရသည့္ အဝတ္အစားမဲ့အမ်ိဳသမီးတစ္ဦး အေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးအေလာင္းကို စက္တင္ဘာလ ၉ ရက္၊ နံနက္ပိုင္းတြင္ လႈိင္သာယာၿမိဳ႕နယ္၊ ေအာင္ေဇယ်ႀကိဳး တံတားအဆင္း ႀကိဳးဆိုင္းတိုင္ေျခရွိ လူသြားစၾကၤန္ေပၚတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ကို သက္ဆိုင္ရာအပိုင္းက တာဝန္ရွိသူလူႀကီးတစ္ေယာက္ကေခၚလို႔သြားခဲ့တဲ့အခါမွာ ေအာင္ေဇယ်ႀကိဳးတံတားေပၚက လႈိင္သာယာဘက္ျခမ္းမွာ ေတြ႕ခဲ့ရတာပါ။ ၾကားတာေတာ့ အမ်ိဳးသမီးက အဓၶမက်င့္ၿပီး အသက္ခံရတယ္လို႔ ေျပာၾကပါတယ္ဗ်”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အသတ္ခံရသည့္ အမ်ိဳးသမီးသည္ အသက္(၃၅)ႏွစ္ဝန္းက်င္ျဖစ္ၿပီး ဓားဒဏ္ရာ(၁၅)ခ်က္ျဖင့္ အထက္ပါေနရာ၌ ေမွာက္လ်က္အေနအထားျဖင့္ ေသဆုံးေနေၾကာင္း သိရသည္။

“မိသားစုနဲ႔ အဆက္သြယ္ရတယ္လို႔ေတာ့ ေျပာသံမၾကားမိဘူးဗ်။ ေျပာၾကတာေတာ့ အဲဒီအမ်ိဳးသမီးက စိတ္ေဝဒနာသည္ အမ်ိဳသမီးလို႔ေတာ့ သိရတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အသတ္ခံထားရသည့္ အမ်ိဳးသမီးအား သက္ဆိုင္ရာမွလာေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ေဒသခံလူမႈကူညီေရးအသင္းမွ လႈိင္သာယာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

m t (တေဇ)

12/09/2023 08:54

🤡

Related news

© 2021. All rights reserved.