မြစ်ကြီးနားမြို့၌ လည်ပင်းတွင် ဓားစိုက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ

 295

အမရာဟန်(NP News) စက်တင်ဘာ-၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီး လမ်းကြားတွင် အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် ဓားစိုက်ဒဏ်ရာဖြင့် သေဆုံးသော အလောင်းကို စက်တင်ဘာ၂၈ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ လမ်းသွားလမ်းလာပြည်သူများက မြို့ခံလူမှုကူညီရေးအသင်းထံ ဖုန်းဆက်အကြောင်း ကြားခဲ့ခြင်းကြောင့် အသင်းမှတာဝန်ရှိသူများက သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။
“အသက်ကတော့ ၂၀ ဝန်းကျင်ပဲ။ အဆက်သွယ်တော့မရသေးဘူးဗျ။ ဓားဒဏ်ရာက လည်ပင်းမှာတစ်ချက်တည်း”ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
အဆိုပါ ရုပ်အလောင်းမှာ ပိုင်ရှင်မဲ့အလောင်းဖြစ်နေသောကြောင့် မိသားစု နှင့် အဆက်အသွယ် ရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို သယ်ဆောင်၍ မြစ်ကြီးနားမြို့ဆေးရုံ OPD မှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Zawgyi Version:
ျမစ္ႀကီးနားၿမိဳ႕၌ လည္ပင္းတြင္ ဓားစိုက္ဒဏ္ရာျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသမီးအေလာင္းေတြ႕ရွိ
အမရာဟန္(NP News) စက္တင္ဘာ-၂၉
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ သီတာရပ္ကြက္၊ ဆုေတာင္းျပည့္ဘုရားအနီး လမ္းၾကားတြင္ အမ်ိဳးသမီးတစ္ဦး၏ လည္ပင္းတြင္ ဓားစိုက္ဒဏ္ရာျဖင့္ ေသဆုံးေသာ အေလာင္းကို စက္တင္ဘာ၂၈ရက္ ညေနပိုင္းက ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ လမ္းသြားလမ္းလာျပည္သူမ်ားက ၿမိဳ႕ခံလူမႈကူညီေရးအသင္းထံ ဖုန္းဆက္အေၾကာင္း ၾကားခဲ့ျခင္းေၾကာင့္ အသင္းမွတာဝန္ရွိသူမ်ားက သြားေရာက္ ကူညီခဲ့ျခင္းျဖစ္သည္။
“အသက္ကေတာ့ ၂၀ ဝန္းက်င္ပဲ။ အဆက္သြယ္ေတာ့မရေသးဘူးဗ်။ ဓားဒဏ္ရာက လည္ပင္းမွာတစ္ခ်က္တည္း”ဟု အဆိုပါ အသင္းမွ တာဝန္ရွိသူတစ္ဦး ကေျပာသည္။
အဆိုပါ ႐ုပ္အေလာင္းမွာ ပိုင္ရွင္မဲ့အေလာင္းျဖစ္ေနေသာေၾကာင့္ မိသားစု ႏွင့္ အဆက္အသြယ္ ရရွိရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို သယ္ေဆာင္၍ ျမစ္ႀကီးနားၿမိဳ႕ေဆး႐ုံ OPD မွတစ္ဆင့္ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.