ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တဲ့ အမေရိကန် လက်နက်ကုမ္ပဏီ (၂)ခုကို တရုတ်က ပိတ်ဆို့ အရေးယူ

 2791

ရောင်နီ (NP News) - စက်တင်ဘာ ၁၆

ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ခဲ့တဲ့ အမေရိကန် လက်နက် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Lockheed Martin နဲ့ Northrop Grumman ကို ပိတ်ဆို့အရေးယူထားတယ်လို့ တရုတ်က သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ပြောကြားခဲ့ပါတယ်။

Taiwan Relations Act ဥပဒေအရ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ထိုင်ဝမ်ရဲ့ ကာ ကွယ်ရေးအတွက် လက်နက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အမေရိကန်အစိုးရတွေက တိုက်ရိုက်အကူအညီထက် အရောင်းအ၀ယ် သဘောမျိုးအကူအညီပေးခဲ့ပေမယ့် သြဂုတ်လမှာတော့ အမေရိကန်က ထိုင်ဝမ်အတွက် တိုက်ရိုက် စစ်ရေးအကူအညီကို ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ပါတယ်။

"တရုတ်ရဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်မှုတွေ ရှိနေပေမယ့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ထိုင်ဝမ်အတွက် မှားယွင်းပြီး အန္တရာယ်ရှိတဲ့ လမ်းစဉ်ဖြစ်တယ်"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနိုင်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Lockheed Martin ဟာ သြဂုတ်လ ၂၄ ရက်က အတည်ပြုခဲ့တဲ့ ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုမှာ အဓိက ကန်ထရိုက်တာဖြစ်ပြီး Northrop Grumman ကတော့ ထိုင်ဝမ်ကို အကြိမ်များစွာ လက်နက်ရောင်းချခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် PRC ရဲ့ နိုင်ငံခြား ဒဏ်ခတ်အရေးယူမှု တိုက်ဖျက်ရေး ဥပဒေအရ တရုတ်နိုင်ငံဟာ အထက် ပါ အမေရိကန်စစ်ဘက်ကုမ္ပဏီနှစ်ခုအပေါ် ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကို လက်နက်မရောင်းဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပြီး မဟုတ်ရင် တရုတ်နိုင်ငံရဲ့ပြတ်ပြတ်သားသားနဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို မလွဲမသွေရင်ဆိုင်ရလိမ့်မယ်လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ သံတမန်ရေးရာနဲ့ စစ်ရေးအရ ထိုင်ဝမ်ထက် အင်အားပိုမိုအားကောင်းတဲ့ တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောဆိုထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းယူမယ်လို့ ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်ဟာ တရုတ်ကျူးကျော်မှုကို ဟန့်တားဖို့ ကျွန်းရဲ့ ကာကွယ် ရေးစွမ်းရည် အလျင်အမြန် အားကောင်းလာစေဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၅ သန်း တန်ဖိုးရှိ စစ်ရေးအကူအညီအစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒေသတွင်း တင်းမာမှုတွေ ရက်ပိုင်းအတွင်း ပြင်းထန်လာပြီးနောက် သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ တရုတ်ရဲ့ ပိတ်ဆို့အရေးယူမှု ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

zawgyi version
ထိုင္ဝမ္ကို လက္နက္ေထာက္ပံ့တဲ့ အေမရိကန္ လက္နက္ကုမၸဏီ (၂)ခုကို တ႐ုတ္က ပိတ္ဆို႔ အေရးယူ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆

ထိုင္ဝမ္ကို လက္နက္ေထာက္ပံ့ခဲ့တဲ့ အေမရိကန္ လက္နက္ ကုမၸဏီႏွစ္ခုျဖစ္တဲ့ Lockheed Martin နဲ႔ Northrop Grumman ကို ပိတ္ဆို႔အေရးယူထားတယ္လို႔ တ႐ုတ္က ေသာၾကာေန႔ (စက္တင္ဘာလ ၁၅ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

Taiwan Relations Act ဥပေဒအရ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ဟာ ထိုင္ဝမ္ရဲ႕ ကာ ကြယ္ေရးအတြက္ လက္နက္ေတြ ေထာက္ပံ့ေပးဖို႔ လိုအပ္ပါတယ္။ အေမရိကန္အစိုးရေတြက တိုက္႐ိုက္အကူအညီထက္ အေရာင္းအ၀ယ္ သေဘာမ်ိဳးအကူအညီေပးခဲ့ေပမယ့္ ၾသဂုတ္လမွာေတာ့ အေမရိကန္က ထိုင္ဝမ္အတြက္ တိုက္႐ိုက္ စစ္ေရးအကူအညီကို ပထမဆုံးအႀကိမ္အျဖစ္ အတည္ျပဳခဲ့ပါတယ္။

"တ႐ုတ္ရဲ႕ ျပတ္ျပတ္သားသား ဆန႔္က်င္မႈေတြ ရွိေနေပမယ့္ အေမရိကန္က ထိုင္ဝမ္ကို လက္နက္ေတြ ဆက္လက္ေထာက္ပံ့ေပးအပ္ဖို႔ ဆုံးျဖတ္ထားပါတယ္။ ဒါဟာ တ႐ုတ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးအက်ိဳးစီးပြားေတြကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစၿပီး ထိုင္ဝမ္အတြက္ မွားယြင္းၿပီး အႏၲရာယ္ရွိတဲ့ လမ္းစဥ္ျဖစ္တယ္"လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုႏိုင္က သတင္းစာရွင္းလင္းပြဲ တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

Lockheed Martin ဟာ ၾသဂုတ္လ ၂၄ ရက္က အတည္ျပဳခဲ့တဲ့ ထိုင္ဝမ္ကို အေမရိကန္ရဲ႕ လက္နက္ေရာင္းခ်မႈမွာ အဓိက ကန္ထ႐ိုက္တာျဖစ္ၿပီး Northrop Grumman ကေတာ့ ထိုင္ဝမ္ကို အႀကိမ္မ်ားစြာ လက္နက္ေရာင္းခ်ခဲ့တယ္လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ PRC ရဲ႕ ႏိုင္ငံျခား ဒဏ္ခတ္အေရးယူမႈ တိုက္ဖ်က္ေရး ဥပေဒအရ တ႐ုတ္ႏိုင္ငံဟာ အထက္ ပါ အေမရိကန္စစ္ဘက္ကုမၸဏီႏွစ္ခုအေပၚ ပိတ္ဆို႔အေရးယူဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သူမက ေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ကို လက္နက္မေရာင္းဖို႔ တ႐ုတ္က အေမရိကန္ကို တိုက္တြန္းထားၿပီး မဟုတ္ရင္ တ႐ုတ္ႏိုင္ငံရဲ႕ျပတ္ျပတ္သားသားနဲ႔ ျပင္းထန္တဲ့တုံ႔ျပန္မႈကို မလြဲမေသြရင္ဆိုင္ရလိမ့္မယ္လို႔ သူမက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ သံတမန္ေရးရာနဲ႔ စစ္ေရးအရ ထိုင္ဝမ္ထက္ အင္အားပိုမိုအားေကာင္းတဲ့ တ႐ုတ္ႏိုင္ငံဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ ပိုင္နက္အစိတ္အပိုင္းအျဖစ္ အခိုင္အမာ ေျပာဆိုထားၿပီး လိုအပ္ရင္ အင္အားသုံး သိမ္းယူမယ္လို႔ ကတိျပဳထားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လက အေမရိကန္ဟာ တ႐ုတ္က်ဴးေက်ာ္မႈကို ဟန႔္တားဖို႔ ကြၽန္းရဲ႕ ကာကြယ္ ေရးစြမ္းရည္ အလ်င္အျမန္ အားေကာင္းလာေစဖို႔အတြက္ အေမရိကန္ေဒၚလာ ၃၄၅ သန္း တန္ဖိုးရွိ စစ္ေရးအကူအညီအစီအစဥ္ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ေဒသတြင္း တင္းမာမႈေတြ ရက္ပိုင္းအတြင္း ျပင္းထန္လာၿပီးေနာက္ ေသာၾကာေန႔ (စက္တင္ဘာလ ၁၅ ရက္)မွာ တ႐ုတ္ရဲ႕ ပိတ္ဆို႔အေရးယူမႈ ေၾကညာခ်က္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.