ပြည်ပ၀ယ်လိုအားများနေသော်လည်း ပြည်တွင်းကော်ဖီစေ့လက်ကျန်နည်းနေသဖြင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဟုဆို

 799

NP News - စက်တင်ဘာ ၁၇

မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီများ ဈေးကောင်းနေသော်လည်း၊ လတ်တလော ပြည်တွင်း၌ လက်ကျန်နည်းနေခြင်းကြောင့် ပြည်ပသို့ရောင်းချနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၂၂-၂ဝ၂၃ ကော်ဖီရာသီချိန်က ထွက်ရှိခဲ့သည့် ကော်ဖီကုန်ကြမ်းကို ၂၀၂၃ ခုနှစ်အတွင်း ၇၅ ရာခိုင်နှုန်းတင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် လက်ကျန်မရှိတော့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းအတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။

"ပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီက အောင်မြင်မှုရလာပြီ။ အခုဆို တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကို ကုန်ချောပြန်ထုတ်ပြီးရောင်းနေကြတာဆိုတော့ ကုန်ကြမ်းရောင်းစားတဲ့ အနေအထားပဲရှိသေးတယ် ။ အရည်အသွေးမြှင့်ထုတ်လုပ်ပြီး ၊ ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီဆိုပြီး နေရာရလာအောင်လုပ်ဖို့လိုနေတယ်။ လောလောဆယ် ရုရှားကလည်း ၀ယ်ဖို့ ကမ်းလှမ်းတာရှိတယ်။ ကော်ဖီထွက်ချိန်မှ ပို့နိုင်ဖို့ စီစဥ်ရမှာပါ"ဟု ဦးမင်းလှိုင်က ပြောသည်။

ပြည်တွင်း၌ နှစ်စဥ်ကော်ဖီတန် ၈,၀၀၀ မှ ၁၀,၀၀၀ ကြားထွက်ပြီး ယခုနှစ်တွင် ကော်ဖီတစ်တန်ဈေးနှုန်းတန်ဖိုးသည် ကုန်စည်အရည်အသွေးပေါ်မူတည်ကာ အမေရိကန်ဒေါ်လာ ၅,၅၀၀ မှ ၈,၃၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

လက်ရှိတွင် ကော်ဖီဈေးကောင်းရနေသော်လည်း ကော်ဖီစိုက်တောင်သူများအတွက် လက် ကျန်မရှိခြင်းကြောင့် အကျိုးသက်ရောက်မှုမရှိကြောင်းနှင့် ကော်ဖီထွက်ရာသီချိန်တွင် ဈေး ကောင်းရရန် မျှော်လင့်တယ်ထားကြောင်း ရွာငံဒေသမှ ကော်ဖီစိုက်တောင်သူတစ်ဦးက ပြောသည်။

ကော်ဖီကို ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး စိုက်ဧက ၅၀၀၀၀ ကျော်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ ကော်ဖီကို နှစ်စဉ်ဒီဇင်ဘာလမှ နောက်နှစ်မတ်လအထိ ခူးဆွတ်ထုတ်လုပ်ပြီး ဧပြီလနောက်ပိုင်းမှစတင်ကာ တစ်နှစ်ပတ်လုံးရောင်းချရကြောင်းသိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသော အထူးတန်း၀င်ကော်ဖီကို အမေရိကန်နှင့် ဥရောပနိုင်ငံအချို့သို့ တင်ပို့နေ သည်။

ထို့ပြင် အခြားသောကော်ဖီအမျိုးအစားများကို ဂျပန်၊ ကိုရီးယား အပါအ၀င် အာရှဒေသရှိ နိုင်ငံပေါင်း (၁၄) နိုင်ငံကို တင်ပို့ရောင်းချနေသည့်အပြင် ပြည်ပဈေးကွက်သစ်အချို့မှ ၀ယ်ယူရန် အသစ်ထပ်မံကမ်းလှမ်းမှုများရှိလာကြောင်း ကော်ဖီအသင်းမှသိရသည်။

zawgyi version
ျပည္ပ၀ယ္လိုအားမ်ားေနေသာ္လည္း ျပည္တြင္းေကာ္ဖီေစ့လက္က်န္နည္းေနသျဖင့္ ျပည္ပသို႔တင္ပို႔ႏိုင္ျခင္းမရွိဟုဆို
NP News - စက္တင္ဘာ ၁၇

ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေကာ္ဖီမ်ား ေဈးေကာင္းေနေသာ္လည္း၊ လတ္တေလာ ျပည္တြင္း၌ လက္က်န္နည္းေနျခင္းေၾကာင့္ ျပည္ပသို႔ေရာင္းခ်ႏိုင္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံ ေကာ္ဖီလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

၂၀၂၂-၂ဝ၂၃ ေကာ္ဖီရာသီခ်ိန္က ထြက္ရွိခဲ့သည့္ ေကာ္ဖီကုန္ၾကမ္းကို ၂၀၂၃ ခုႏွစ္အတြင္း ၇၅ ရာခိုင္ႏႈန္းတင္ပို႔ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ လက္က်န္မရွိေတာ့ေၾကာင္း ျမန္မာႏိုင္ငံေကာ္ဖီအသင္းအတြင္းေရးမႉး ဦးမင္းလႈိင္က ေျပာသည္။

"ပို႔ကုန္အစားထိုးတင္ပို႔မႈမွာ ေကာ္ဖီက ေအာင္ျမင္မႈရလာၿပီ။ အခုဆို တျခားႏိုင္ငံေတြက ျမန္မာ့ေကာ္ဖီကို ကုန္ေခ်ာျပန္ထုတ္ၿပီးေရာင္းေနၾကတာဆိုေတာ့ ကုန္ၾကမ္းေရာင္းစားတဲ့ အေနအထားပဲရွိေသးတယ္ ။ အရည္အေသြးျမႇင့္ထုတ္လုပ္ၿပီး ၊ ကမာၻ႔ေဈးကြက္မွာ ျမန္မာ့ေကာ္ဖီဆိုၿပီး ေနရာရလာေအာင္လုပ္ဖို႔လိုေနတယ္။ ေလာေလာဆယ္ ႐ုရွားကလည္း ၀ယ္ဖို႔ ကမ္းလွမ္းတာရွိတယ္။ ေကာ္ဖီထြက္ခ်ိန္မွ ပို႔ႏိုင္ဖို႔ စီစဥ္ရမွာပါ"ဟု ဦးမင္းလႈိင္က ေျပာသည္။

ျပည္တြင္း၌ ႏွစ္စဥ္ေကာ္ဖီတန္ ၈,၀၀၀ မွ ၁၀,၀၀၀ ၾကားထြက္ၿပီး ယခုႏွစ္တြင္ ေကာ္ဖီတစ္တန္ေဈးႏႈန္းတန္ဖိုးသည္ ကုန္စည္အရည္အေသြးေပၚမူတည္ကာ အေမရိကန္ေဒၚလာ ၅,၅၀၀ မွ ၈,၃၀၀ ဝန္းက်င္အထိ ေပါက္ေဈးရွိေနသည္။

လက္ရွိတြင္ ေကာ္ဖီေဈးေကာင္းရေနေသာ္လည္း ေကာ္ဖီစိုက္ေတာင္သူမ်ားအတြက္ လက္ က်န္မရွိျခင္းေၾကာင့္ အက်ိဳးသက္ေရာက္မႈမရွိေၾကာင္းႏွင့္ ေကာ္ဖီထြက္ရာသီခ်ိန္တြင္ ေဈး ေကာင္းရရန္ ေမွ်ာ္လင့္တယ္ထားေၾကာင္း ႐ြာငံေဒသမွ ေကာ္ဖီစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

ေကာ္ဖီကို ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္တြင္ အမ်ားဆုံးစိုက္ပ်ိဳးၾကၿပီး တစ္ႏိုင္ငံလုံး စိုက္ဧက ၅၀၀၀၀ ေက်ာ္ရွိေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။

ျပည္တြင္း၌ ေကာ္ဖီကို ႏွစ္စဥ္ဒီဇင္ဘာလမွ ေနာက္ႏွစ္မတ္လအထိ ခူးဆြတ္ထုတ္လုပ္ၿပီး ဧၿပီလေနာက္ပိုင္းမွစတင္ကာ တစ္ႏွစ္ပတ္လုံးေရာင္းခ်ရေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံမွထြက္ရွိေသာ အထူးတန္း၀င္ေကာ္ဖီကို အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံအခ်ိဳ႕သို႔ တင္ပို႔ေန သည္။

ထို႔ျပင္ အျခားေသာေကာ္ဖီအမ်ိဳးအစားမ်ားကို ဂ်ပန္၊ ကိုရီးယား အပါအ၀င္ အာရွေဒသရွိ ႏိုင္ငံေပါင္း (၁၄) ႏိုင္ငံကို တင္ပို႔ေရာင္းခ်ေနသည့္အျပင္ ျပည္ပေဈးကြက္သစ္အခ်ိဳ႕မွ ၀ယ္ယူရန္ အသစ္ထပ္မံကမ္းလွမ္းမႈမ်ားရွိလာေၾကာင္း ေကာ္ဖီအသင္းမွသိရသည္။

Related news

© 2021. All rights reserved.