တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံအပေါ် နေ့စဉ်ခြိမ်းခြောက်နေဟု MI5 အဖွဲ့ သတိပေး

 301

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၂ဝ

တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံအပေါ် နေ့ စဉ်ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ ဖြစ်သော MI5 က ပြောသည်။ တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံထံ သူလျှိုစပိုင်များစေလွှတ်နေပြီး ဗြိတိန်နိုင်ငံ၏ လုပ်ငန်းများကို ကြားဝင်စွက်ဖက်ရန်ကြိုးပမ်းနေကြောင်း MI5 ကပြောသည်။
MI5 အဖွဲ့၏ òန်ကြားရေးမှူးချုပ် ကင်မက်ကော်လန်က တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံတို့ အပါအဝင် နိုင်ငံခြားတိုင်းပြည်များမှ ဗြိတိန်နိုင်ငံအပေါ်ခြိမ်းခြောက်မှုမြင့်တက်လာနေကြောင်း၊ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ် လျှင် (၃၅)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ပြောသည်။
ဗြိတိန် MI5 အဖွဲ့၏òန်ကြားရေးမှူးချုပ် က " တရုတ်နိုင်ငံနဲ့ဆက်နွှယ်တဲ့သူတွေဟာ ဗြိတိန် နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ နေ့စဉ် ရှိနေပါ တယ်။ ပြီးခဲတဲ့သီတင်းပတ်တွေမှာတရုတ်နိုင်ငံနဲ့ ဆက်နွှယ်တဲ့ စပိုင်တွေရဲ့ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်း မှုတွေကို တွေ့ရှိခဲ့ပါတယ်" ဟု ပြောသည်။ တရုတ်အစိုးရကတော့ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ပြော ရေးဆိုခွင့်ရှိသူက " တရုတ်နိုင်ငံဟာ တခြားနိုင်ငံ တွေရဲ့ပြည်တွင်းရေးကို ဘယ်တော့မှ စွက်ဖက်တာ မျိုးမလုပ်ဘူး" ဟုပြောသည်။ အမေရိကန်၊ ဗြိတိန် နှင့် နယူးဇီလန်နိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံ များက တရုတ်နိုင်ငံသည် အွန်လိုင်းမှတစ်ဆင့်စုံစမ်း ထောက်လှမ်းမှုများ အပြင် ဒီမိုကရေစီအင်စတီကျူးရှင်းများကိုပစ်မှတ်ထားပြီး ဝေဖန်ခြင်း၊ hacking များလုပ်ဆောင်လျက်ရှိနေကြောင်း စွပ်စွဲဝေဖန်ခဲ့ ဖူးသည်။ အဆိုပါသုံးနိုင်ငံက တရုတ်အစိုးရ၏ကျောထောက်နောက်ခံပြုလုပ်ထားသည့် ဟက်ကာ များသည် ၎င်းတို့နိုင်ငံ၏ လွှတ်တော်အမတ်များ၊ အဓိကအင်စတီကျူးရှင်းများကို ဆိုက်ဘာတိုက်ခိုက် ခြင်းများလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။ သို့ သော်လည်း တရုတ်အစိုးရက စွပ်စွဲမှုများကို ငြင်းဆန် ပယ်ချထားကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံက ၿဗိတိန္ႏိုင္ငံအေပၚ ေန႔စဥ္ၿခိမ္းေျခာက္ေနဟု MI5 အဖြဲ႕ သတိေပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၂ဝ
တ႐ုတ္ႏိုင္ငံသည္ ၿဗိတိန္ႏိုင္ငံအေပၚ ေန႔ စဥ္ၿခိမ္းေျခာက္လ်က္ရွိေနေၾကာင္း၊ ၿဗိတိန္ေထာက္လွမ္းေရးေအဂ်င္စီ ျဖစ္ေသာ MI5 က ေျပာသည္။ တ႐ုတ္ႏိုင္ငံသည္ ၿဗိတိန္ႏိုင္ငံထံ သူလွ်ိဳစပိုင္မ်ားေစလႊတ္ေနၿပီး ၿဗိတိန္ႏိုင္ငံ၏ လုပ္ငန္းမ်ားကို ၾကားဝင္စြက္ဖက္ရန္ႀကိဳးပမ္းေနေၾကာင္း MI5 ကေျပာသည္။
MI5 အဖြဲ႕၏ òန္ၾကားေရးမႉးခ်ဳပ္ ကင္မက္ေကာ္လန္က တ႐ုတ္၊ ႐ုရွားႏွင့္ အီရန္ႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံျခားတိုင္းျပည္မ်ားမွ ၿဗိတိန္ႏိုင္ငံအေပၚၿခိမ္းေျခာက္မႈျမင့္တက္လာေနေၾကာင္း၊ ၿပီးခဲ့သည့္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ လွ်င္ (၃၅)ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း ေျပာသည္။
ၿဗိတိန္ MI5 အဖြဲ႕၏òန္ၾကားေရးမႉးခ်ဳပ္ က " တ႐ုတ္ႏိုင္ငံနဲ႔ဆက္ႏႊယ္တဲ့သူေတြဟာ ၿဗိတိန္ ႏိုင္ငံရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္မႈေတြ ေန႔စဥ္ ရွိေနပါ တယ္။ ၿပီးခဲတဲ့သီတင္းပတ္ေတြမွာတ႐ုတ္ႏိုင္ငံနဲ႔ ဆက္ႏႊယ္တဲ့ စပိုင္ေတြရဲ႕ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္း မႈေတြကို ေတြ႕ရွိခဲ့ပါတယ္" ဟု ေျပာသည္။ တ႐ုတ္အစိုးရကေတာ့ ၿဗိတိန္ေထာက္လွမ္းေရးအဖြဲ႕၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။
ၿဗိတိန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ေျပာ ေရးဆိုခြင့္ရွိသူက " တ႐ုတ္ႏိုင္ငံဟာ တျခားႏိုင္ငံ ေတြရဲ႕ျပည္တြင္းေရးကို ဘယ္ေတာ့မွ စြက္ဖက္တာ မ်ိဳးမလုပ္ဘူး" ဟုေျပာသည္။ အေမရိကန္၊ ၿဗိတိန္ ႏွင့္ နယူးဇီလန္ႏိုင္ငံ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံ မ်ားက တ႐ုတ္ႏိုင္ငံသည္ အြန္လိုင္းမွတစ္ဆင့္စုံစမ္း ေထာက္လွမ္းမႈမ်ား အျပင္ ဒီမိုကေရစီအင္စတီက်ဴးရွင္းမ်ားကိုပစ္မွတ္ထားၿပီး ေဝဖန္ျခင္း၊ hacking မ်ားလုပ္ေဆာင္လ်က္ရွိေနေၾကာင္း စြပ္စြဲေဝဖန္ခဲ့ ဖူးသည္။ အဆိုပါသုံးႏိုင္ငံက တ႐ုတ္အစိုးရ၏ေက်ာေထာက္ေနာက္ခံျပဳလုပ္ထားသည့္ ဟက္ကာ မ်ားသည္ ၎တို႔ႏိုင္ငံ၏ လႊတ္ေတာ္အမတ္မ်ား၊ အဓိကအင္စတီက်ဴးရွင္းမ်ားကို ဆိုက္ဘာတိုက္ခိုက္ ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း စြပ္စြဲခဲ့ဖူးသည္။ သို႔ ေသာ္လည္း တ႐ုတ္အစိုးရက စြပ္စြဲမႈမ်ားကို ျငင္းဆန္ ပယ္ခ်ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.