တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ အမျိုးသားတစ်ဦး gym မှာ ကီလိုဂရမ် ၁ဝဝ အလေးချိန်ရှိ Barball ကို မဖို့ ကြိုးပမ်းရင်း အလေးပိ သေဆုံး

 5179

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အလေးချိန် ၁ဝဝ ကီလိုဂရမ်ကျော်ရှိတဲ့ barbell ကို ပက်လက်အနေအထားနဲ့ မဖို့ ကြိုးစားရင်း လက်က လွတ်ထွက်ကာ အလေးပိ သေဆုံးခဲ့ပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ၂၉ စက္ကန့်ကြာ ဗီဒီယိုတစ်ခုမှာ မစ္စတာကျန်း (ခေါ်) အဆိုပါအမျိုးသားဟာ ကြာသပတေးနေ့ (စက်တင်ဘာ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်ခန့်က ဝူဟန်မြို့ရှိ gym တစ်ခုအတွင်း ကီလိုဂရမ် ၁ဝဝ ကျော် Barball ကို ပက်လက်အနေအထားနဲ့ မဖို့ ကြိုးပမ်းနေတာတွေ့ရပါတယ်။

ဗီဒီယိုထဲမှာ မစ္စတာကျန်းဟာ အလေးတုံးကို ကိုင်ထားပြီး တွန်းတင်ဖို့ ကြိုးပမ်းနေချိန်မှာ လက်မောင်းအရှိန်ကို မထိန်းနိုင်ဘဲ ပြုတ်ကျပြီး ကီလိုဂရမ် ၅ဝ ခန့်ရှိတဲ့ ရိုးတံဟာ ရင်ဘတ်မှ လည်ပင်းဆီသို့ လှိမ့်ကာ ဖိထားသလိုဖြစ်စေခဲ့ပါတယ်။

မစ္စတာကျန်းဟာ ၂၅ စက္ကန့်လောက်ကြာအောင် သူ့ကိုယ်သူလွတ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပေမယ့် အားလျော့လာခဲ့တာတွေ့ရပါတယ်။ ၁ မိနစ်လောက်ကြာမှ ၎င်းရဲ့အခြေအနေကို အခြားလူတွေ သတိထားမိခဲ့ပြီး Gym ဝန်ထမ်းနှစ်ယောက်က Barball ကို ဆွဲထုတ်ဖို့ သူ့ဆီ ပြေးလာတာတွေ့ရပါတယ်။

မစ္စတာကျန်းကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း အသက်မကယ်နိုင်ဘဲ ကွယ်လွန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဇူလိုင်လကလည်း ဝူဟန်မြို့မှာပဲ ကီလိုဂရမ် ၂၁ဝ အလေးချိန်ရှိတဲ့ barbell ကို ပုခုံးပေါ်တင်မဖို့ ကြိုးပမ်းရင်း အသက် ၃၃ နှစ်အရွယ် ဂျက်စတင်ဗစ်ကီ အမည်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာ အမ်ိဳးသားတစ္ဦး gym မွာ ကီလိုဂရမ္ ၁ဝဝ အေလးခ်ိန္ရွိ Barball ကို မဖို႔ ႀကိဳးပမ္းရင္း အေလးပိ ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ အေလးခ်ိန္ ၁ဝဝ ကီလိုဂရမ္ေက်ာ္ရွိတဲ့ barbell ကို ပက္လက္အေနအထားနဲ႔ မဖို႔ ႀကိဳးစားရင္း လက္က လြတ္ထြက္ကာ အေလးပိ ေသဆုံးခဲ့ပါတယ္။

အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ၂၉ စကၠန္႔ၾကာ ဗီဒီယိုတစ္ခုမွာ မစၥတာက်န္း (ေခၚ) အဆိုပါအမ်ိဳးသားဟာ ၾကာသပေတးေန႔ (စက္တင္ဘာ ၁၄ ရက္) ညေန ၃ နာရီဝန္းက်င္ခန္႔က ဝူဟန္ၿမိဳ႕ရွိ gym တစ္ခုအတြင္း ကီလိုဂရမ္ ၁ဝဝ ေက်ာ္ Barball ကို ပက္လက္အေနအထားနဲ႔ မဖို႔ ႀကိဳးပမ္းေနတာေတြ႕ရပါတယ္။

ဗီဒီယိုထဲမွာ မစၥတာက်န္းဟာ အေလးတုံးကို ကိုင္ထားၿပီး တြန္းတင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ လက္ေမာင္းအရွိန္ကို မထိန္းႏိုင္ဘဲ ျပဳတ္က်ၿပီး ကီလိုဂရမ္ ၅ဝ ခန႔္ရွိတဲ့ ႐ိုးတံဟာ ရင္ဘတ္မွ လည္ပင္းဆီသို႔ လွိမ့္ကာ ဖိထားသလိုျဖစ္ေစခဲ့ပါတယ္။

မစၥတာက်န္းဟာ ၂၅ စကၠန႔္ေလာက္ၾကာေအာင္ သူ႔ကိုယ္သူလြတ္ဖို႔ အျပင္းအထန္ႀကိဳးစားခဲ့ေပမယ့္ အားေလ်ာ့လာခဲ့တာေတြ႕ရပါတယ္။ ၁ မိနစ္ေလာက္ၾကာမွ ၎ရဲ႕အေျခအေနကို အျခားလူေတြ သတိထားမိခဲ့ၿပီး Gym ဝန္ထမ္းႏွစ္ေယာက္က Barball ကို ဆြဲထုတ္ဖို႔ သူ႔ဆီ ေျပးလာတာေတြ႕ရပါတယ္။

မစၥတာက်န္းကို ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ခဲ့ေပမယ့္လည္း အသက္မကယ္ႏိုင္ဘဲ ကြယ္လြန္ခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ဇူလိုင္လကလည္း ဝူဟန္ၿမိဳ႕မွာပဲ ကီလိုဂရမ္ ၂၁ဝ အေလးခ်ိန္ရွိတဲ့ barbell ကို ပုခုံးေပၚတင္မဖို႔ ႀကိဳးပမ္းရင္း အသက္ ၃၃ ႏွစ္အ႐ြယ္ ဂ်က္စတင္ဗစ္ကီ အမည္ရွိ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ပါတယ္။

Related news

© 2021. All rights reserved.