အင်စတာဂရမ်တွင် ဖော်လိုဝါအများဆုံးလူဖြစ်လာခဲ့သည့် ခရစ္စတီယာနိုရော်နယ်ဒို

250

Pika (NP News)
ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုသည် ဆိုရှယ်မီဒီယာပလက်ဖောင်း အင်စတာဂရမ်တွင် ဖော်လိုဝါ(၆၅၂)သန်းထိရရှိခဲ့ပြီး အင်စတာဂရမ်တွင် ဖော်လိုဝါအများဆုံးလူတစ်ဦးဖြစ်လာခဲ့ကြောင်းသိရသည်။ခရစ္စတီယာနိုရော်နယ်ဒိုသည် ဆော်ဒီအာရေးဗျကလပ်တစ်ခုဖြစ်သော အယ်လ်နာဆာအသင်းရှိ ၎င်း၏အသင်းဖော်များနှင့် လေ့ကျင့်မှုများ၊ကြော်ငြာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊၎င်း၏သူငယ်များ၊မိသားစုနှင့်အတူ အခိုက်အတန့်များကို အင်စတာဂရမ်တွင် မျှဝေလေ့ရှိကြောင်းသိရသည်။ထို့ပြင် ခရစ္စတီယာနိုရော်နယ်ဒို၏ အင်စတာဂရမ်ပို့စ်တစ်ခုစီတိုင်းသည် ကြည့်ရှုသူနှင့်ကြိုက်နှစ်သက်မှု သန်းချီရှိကြောင်းသိရသည်။ Ballon d’Orဆု (၅)ကြိမ်ရရှိထားသော ခရစ္စတီယာနိုရော်နယ်ဒိုသည် အင်စတာဂရမ်တွင် စပွန်ဆာပေးထားသော ပို့စ်တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ(၄၃ဒသမ၄၃)သန်းခန့်ရရှိကြောင်း Hopper HQ၏ (၂၀၂၄)ခုနှစ် အစီရင်ခံစာအရသိရသည်။ထို့ပြင် ခရစ္စတီယာနိုရော်နယ်ဒိုသည် Nike၊ Clear နှင့် Binance တို့ကဲ့သို့သော ကုန်အမှတ်တံဆိပ်များ၏ မျက်နှာဖုံးရှင်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ ထိပ်တန်းအွန်လိုင်းအစားအစာပေးပို့ခြင်းပလပ်ဖောင်းဖြစ်သည့် Talabat ၏ သံတမန်လည်းဖြစ်ကြောင်းသိရသည်။ခရစ္စတီယာနိုရော်နယ်ဒိုသည် X(တွစ်တာ)၊YouTube၊Facebook၊ TikTok နှင့် Instagram အပါအဝင် ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းများအားလုံးတွင် ဖော်လိုဝါတစ်ဘီလျံကျော်ထိ ကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်စက်တင်ဘာလတွင် သမိုင်းဝင်မှတ်တမ်းတစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်းလည်းသိရသည်။ခရစ္စတီယာနိုရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ်တွင် ၎င်း၏ကိုယ်ပိုင် YouTube ချန်နယ် ‘UR Cristano’ကို စတင်တည်ထောင်ခဲ့ပြီးနောက် မိနစ်(၉၀)အတွင်း subscriber တစ်သန်းကျော်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အချိန်အနည်းငယ်အတွင်း subscriber တစ်သန်းကျော်ရရှိခဲ့သည့် YouTube ချန်နယ်အဖြစ် စံချိန်မှတ်တမ်းများကို ချိုးဖျက်ခဲ့ကြောင်းသိရသည်။(၂၀၂၅)ခုနှစ် ဧပြီလ(၃၀)ရက်နေ့အထိ ခရစ္စတီယာနိုရော်နယ်ဒို၏ YouTube
ချန်နယ်သည် subscriber (၇၄ဒသမ၈)သန်းအထိ ရရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
အင္စတာဂရမ္တြင္ ေဖာ္လိုဝါအမ်ားဆုံးလူျဖစ္လာခဲ့သည့္ ခရစၥတီယာႏိုေရာ္နယ္ဒို
Pika (NP News)
ကမာၻေက်ာ္ေဘာလုံးသမား ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ ဆိုရွယ္မီဒီယာပလက္ေဖာင္း အင္စတာဂရမ္တြင္ ေဖာ္လိုဝါ(၆၅၂)သန္းထိရရွိခဲ့ၿပီး အင္စတာဂရမ္တြင္ ေဖာ္လိုဝါအမ်ားဆုံးလူတစ္ဦးျဖစ္လာခဲ့ေၾကာင္းသိရသည္။ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ ေဆာ္ဒီအာေရးဗ်ကလပ္တစ္ခုျဖစ္ေသာ အယ္လ္နာဆာအသင္းရွိ ၎၏အသင္းေဖာ္မ်ားႏွင့္ ေလ့က်င့္မႈမ်ား၊ေၾကာ္ျငာဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား၊၎၏သူငယ္မ်ား၊မိသားစုႏွင့္အတူ အခိုက္အတန႔္မ်ားကို အင္စတာဂရမ္တြင္ မွ်ေဝေလ့ရွိေၾကာင္းသိရသည္။ထို႔ျပင္ ခရစၥတီယာႏိုေရာ္နယ္ဒို၏ အင္စတာဂရမ္ပို႔စ္တစ္ခုစီတိုင္းသည္ ၾကည့္ရႈသူႏွင့္ႀကိဳက္ႏွစ္သက္မႈ သန္းခ်ီရွိေၾကာင္းသိရသည္။ Ballon d’Orဆု (၅)ႀကိမ္ရရွိထားေသာ ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ အင္စတာဂရမ္တြင္ စပြန္ဆာေပးထားေသာ ပို႔စ္တစ္ခုစီအတြက္ အေမရိကန္ေဒၚလာ(၄၃ဒသမ၄၃)သန္းခန႔္ရရွိေၾကာင္း Hopper HQ၏ (၂၀၂၄)ခုႏွစ္ အစီရင္ခံစာအရသိရသည္။ထို႔ျပင္ ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ Nike၊ Clear ႏွင့္ Binance တို႔ကဲ့သို႔ေသာ ကုန္အမွတ္တံဆိပ္မ်ား၏ မ်က္ႏွာဖုံးရွင္ျဖစ္ၿပီး အေရွ႕အလယ္ပိုင္းေဒသရွိ ထိပ္တန္းအြန္လိုင္းအစားအစာေပးပို႔ျခင္းပလပ္ေဖာင္းျဖစ္သည့္ Talabat ၏ သံတမန္လည္းျဖစ္ေၾကာင္းသိရသည္။ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ X(တြစ္တာ)၊YouTube၊Facebook၊ TikTok ႏွင့္ Instagram အပါအဝင္ ၎၏ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားအားလုံးတြင္ ေဖာ္လိုဝါတစ္ဘီလ်ံေက်ာ္ထိ ေက်ာ္ျဖတ္ႏိုင္ခဲ့သည့္ ပထမဆုံးလူပုဂၢိဳလ္ျဖစ္လာခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ႏွစ္စက္တင္ဘာလတြင္ သမိုင္းဝင္မွတ္တမ္းတစ္ခုကို စိုက္ထူႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ခရစၥတီယာႏိုေရာ္နယ္ဒိုသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ၎၏ကိုယ္ပိုင္ YouTube ခ်န္နယ္ ‘UR Cristano’ကို စတင္တည္ေထာင္ခဲ့ၿပီးေနာက္ မိနစ္(၉၀)အတြင္း subscriber တစ္သန္းေက်ာ္ရရွိခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ အခ်ိန္အနည္းငယ္အတြင္း subscriber တစ္သန္းေက်ာ္ရရွိခဲ့သည့္ YouTube ခ်န္နယ္အျဖစ္ စံခ်ိန္မွတ္တမ္းမ်ားကို ခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။(၂၀၂၅)ခုႏွစ္ ဧၿပီလ(၃၀)ရက္ေန႔အထိ ခရစၥတီယာႏိုေရာ္နယ္ဒို၏ YouTube
ခ်န္နယ္သည္ subscriber (၇၄ဒသမ၈)သန္းအထိ ရရွိခဲ့ေၾကာင္းသိရသည္။