ထိုင်းနိုင်ငံသို့ထွက်ခွါမည့်သူများအတွက် အလုပ်ရှင်၊အလုပ်သမား စာချုပ်ကို ရန်ကုန်၌သာ ချုပ်ဆိုခွင့်ပြုမည်

2864
NP News - စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်ရှင်၊ အလုပ်သမားကြားစာချုပ်ချုပ်ဆိုမှုကို နယ်များ၌ခွင့်မပြုတော့ဘဲ ရန်ကုန်၌သာ လာရောက်လုပ်ကိုင်ရမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"စက်တက်ဘာလကစပြီး မြောက်ဒဂုံက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာပဲ စာချုပ်ချုပ်ဆိုရမှာပါ။ အရင်က သက်ဆိုင်ရာနယ်တွေမှာခွင့်ပြုထားပေမယ့် အခုက ရန်ကုန် တစ်ခုတည်းမှာ လုပ်ရတော့မှာပါ။ တိုင်းတွေပြည်နယ်တွေမခွဲတော့ဘူး"ဟု ထိုင်းသို့အလုပ် သမားစေလွှတ်နေသည့် လိုင်စင်ရအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အလုပ်သမားများအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုမှု လုပ်ဆောင်၍မရခြင်းကြောင့် အလုပ်သမားများအတွက် ရန်ကုန်တွင်နေထိုင်ရသည့် ကုန်ကျစရိတ်ကြီးမြင့်တက်လာကြောင်းသိရသည်။
ယခင်က အလုပ်ရှင်၊ အလုပ်သမား အကြားသဘောတူစာချုပ်ကို ရန်ကုန်တိုင်းအတွက် မြောက်ဒဂုံတွင်လည်းကောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းအတွက် ဘားအံမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းအတွက် ပဲခူးမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်း အနောက်ခြမ်းအတွက် ပြည်မြို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းအတွက် ပုသိမ်မြို့တွင် လည်းကောင်း၊ မန္တလေး နှင့် စစ်ကိုင်းတိုင်း အပါအဝင် ကချင်ပြည်နယ်အတွက် မန္တလေးတွင် လည်းကောင်း၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်အတွက် ရှမ်းပြည်နယ်တွင် လည်းကောင်း စာချုပ်ချုပ်ဆိုခဲ့ရပြီး ရခိုင် နှင့် ချင်းပြည်နယ်အတွက် ချင်းပြည်နယ်တွင် လည်းကောင်း စာချုပ်ချုပ်ဆိုရကြောင်းသိရသည်။
အလုပ်သမားများအား သက်ဆိုင်ရာမြို့နယ်များမှ သတ်မှတ်နေရာများတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်နိုင်ကြောင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အသိပေးထုတ်ပြန်ခဲ့ပြီးနောက် (၈)လကျော်အကြတွင် ယခုကဲ့သို့ ပြန်လည်ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
အလုပ်သမားစာချုပ် ချုပ်ဆိုမှုတွင် အလုပ်သမား၊ အလုပ်သမားအရာရှိ၊ အေဂျင်စီတာဝန်ရှိသူများပါဝင်ရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့်စာချုပ်ကို ဓာတ်ပုံရိုက်ကာ သိမ်းထားရန်လိုအပ်ကြောင်း၊ အေဂျင်စီကိုဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်၊ အေဂျင်စီနာမည်ကို သိရှိရန် လိုအပ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက အသိပေးထားသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား MOU စနစ်ဖြင့်စေလွှတ်မှုအား ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ရောက်မှသာ MOU စနစ်ဖြင့်လုပ်သားများ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသည့် တရားဝင်လိုင်စင်ရ အေဂျင်စီ ၁၅၇ ခုရှိပြီး (၆)ခုကို လိုင်စင်ယာယီပိတ်ထားကာ (၁၅၁)ခုကိုလုပ်ကိုင်ခွင့်ပြုထားကြောင်းဝန်ကြီး ဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။
zawgyi version
ထိုင္းႏိုင္ငံသို႔ထြက္ခြါမည့္သူမ်ားအတြက္ အလုပ္ရွင္၊အလုပ္သမား စာခ်ဳပ္ကို ရန္ကုန္၌သာ ခ်ဳပ္ဆိုခြင့္ျပဳမည္
NP News - စက္တင္ဘာ ၁၈
ထိုင္းႏိုင္ငံသို႔ MOU စနစ္ျဖင့္ အလုပ္သြားေရာက္လုပ္ကိုင္ရန္ အလုပ္ရွင္၊ အလုပ္သမားၾကားစာခ်ဳပ္ခ်ဳပ္ဆိုမႈကို နယ္မ်ား၌ခြင့္မျပဳေတာ့ဘဲ ရန္ကုန္၌သာ လာေရာက္လုပ္ကိုင္ရမည္ျဖစ္ ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
"စက္တက္ဘာလကစၿပီး ေျမာက္ဒဂုံက ကြၽမ္းက်င္မႈေလ့က်င့္ေရးသင္တန္းေက်ာင္းမွာပဲ စာခ်ဳပ္ခ်ဳပ္ဆိုရမွာပါ။ အရင္က သက္ဆိုင္ရာနယ္ေတြမွာခြင့္ျပဳထားေပမယ့္ အခုက ရန္ကုန္ တစ္ခုတည္းမွာ လုပ္ရေတာ့မွာပါ။ တိုင္းေတြျပည္နယ္ေတြမခြဲေတာ့ဘူး"ဟု ထိုင္းသို႔အလုပ္ သမားေစလႊတ္ေနသည့္ လိုင္စင္ရေအဂ်င္စီလုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ေျပာသည္။
အလုပ္သမားမ်ားအေနျဖင့္ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ အလုပ္ရွင္၊ အလုပ္သမား သေဘာတူညီခ်က္စာခ်ဳပ္ ခ်ဳပ္ဆိုမႈ လုပ္ေဆာင္၍မရျခင္းေၾကာင့္ အလုပ္သမားမ်ားအတြက္ ရန္ကုန္တြင္ေနထိုင္ရသည့္ ကုန္က်စရိတ္ႀကီးျမင့္တက္လာေၾကာင္းသိရသည္။
ယခင္က အလုပ္ရွင္၊ အလုပ္သမား အၾကားသေဘာတူစာခ်ဳပ္ကို ရန္ကုန္တိုင္းအတြက္ ေျမာက္ဒဂုံတြင္လည္းေကာင္း၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ ႏွင့္ တနသၤာရီတိုင္းအတြက္ ဘားအံၿမိဳ႕တြင္လည္းေကာင္း၊ ပဲခူးတိုင္း အေရွ႕ျခမ္းအတြက္ ပဲခူးၿမိဳ႕တြင္လည္းေကာင္း၊ ပဲခူးတိုင္း အေနာက္ျခမ္းအတြက္ ျပည္ၿမိဳ႕တြင္လည္းေကာင္း၊ ဧရာဝတီတိုင္းအတြက္ ပုသိမ္ၿမိဳ႕တြင္ လည္းေကာင္း၊ မႏၲေလး ႏွင့္ စစ္ကိုင္းတိုင္း အပါအဝင္ ကခ်င္ျပည္နယ္အတြက္ မႏၲေလးတြင္ လည္းေကာင္း၊ ရွမ္းျပည္နယ္ ႏွင့္ ကယားျပည္နယ္အတြက္ ရွမ္းျပည္နယ္တြင္ လည္းေကာင္း စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရၿပီး ရခိုင္ ႏွင့္ ခ်င္းျပည္နယ္အတြက္ ခ်င္းျပည္နယ္တြင္ လည္းေကာင္း စာခ်ဳပ္ခ်ဳပ္ဆိုရေၾကာင္းသိရသည္။
အလုပ္သမားမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္မ်ားမွ သတ္မွတ္ေနရာမ်ားတြင္ အလုပ္ရွင္၊ အလုပ္သမား သေဘာတူစာခ်ဳပ္ ခ်ဳပ္ႏိုင္ေၾကာင္းကို ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ အသိေပးထုတ္ျပန္ခဲ့ၿပီးေနာက္ (၈)လေက်ာ္အၾကတြင္ ယခုကဲ့သို႔ ျပန္လည္ပယ္ဖ်က္လိုက္ျခင္းျဖစ္သည္။
အလုပ္သမားစာခ်ဳပ္ ခ်ဳပ္ဆိုမႈတြင္ အလုပ္သမား၊ အလုပ္သမားအရာရွိ၊ ေအဂ်င္စီတာဝန္ရွိသူမ်ားပါဝင္ရမည္ျဖစ္ၿပီး အလုပ္သမားမ်ားအေနျဖင့္စာခ်ဳပ္ကို ဓာတ္ပုံ႐ိုက္ကာ သိမ္းထားရန္လိုအပ္ေၾကာင္း၊ ေအဂ်င္စီကိုဆက္သြယ္ႏိုင္မည့္ ဖုန္းနံပါတ္၊ ေအဂ်င္စီနာမည္ကို သိရွိရန္ လိုအပ္ေၾကာင္း အလုပ္သမားအေရးေဆာင္႐ြက္သူမ်ားက အသိေပးထားသည္။
ထိုင္းႏိုင္ငံသို႔ ျမန္မာလုပ္သား MOU စနစ္ျဖင့္ေစလႊတ္မႈအား ၂၀၂၀ ခုႏွစ္တြင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ရပ္ဆိုင္းခဲ့ၿပီး ၂၀၂၂ ခုႏွစ္ေရာက္မွသာ MOU စနစ္ျဖင့္လုပ္သားမ်ား ျပန္လည္ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံသို႔ အလုပ္သမားေစလႊတ္ခြင့္ျပဳထားသည့္ တရားဝင္လိုင္စင္ရ ေအဂ်င္စီ ၁၅၇ ခုရွိၿပီး (၆)ခုကို လိုင္စင္ယာယီပိတ္ထားကာ (၁၅၁)ခုကိုလုပ္ကိုင္ခြင့္ျပဳထားေၾကာင္းဝန္ႀကီး ဌာန၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။