တရုတ်နှင့်အတူ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို အားကောင်းစေသည့် ဒီဂျစ်တယ်ဂေဟစနစ် ဖန်တီးရေး UMFCCI ဆန္ဒရှိနေ

 1134

ယွန်း (NP News) - စက်တင်ဘာ ၁၈

တရုတ်နိုင်ငံနှင့်အတူ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို အားကောင်းစေသည့် ဒီဂျစ်တယ်ဂေဟစနစ်ကိုဖန်တီးရန် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက စက်တင်ဘာလ (၁၇)ရက်​တွင် နန်နင်းမြို့၊ Grand Metropark Hotel ၌ကျင်းပခဲ့သည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်နှင့် ကွန်းဖရင့်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး RCEP ဒေသဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းအပြင် စည်းမျဥ်းစည်းကမ်းများကို ရိုးရှင်းစေခြင်းနှင့် စံချိန်စံညွှန်းများညီညွတ်စေခြင်းတို့ကို ဆောင်ရွက်သွားရန် ဦးအေးဝင်းက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် အတားအဆီးများကို လျှော့ချခြင်းဖြင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရေးကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမက အလုပ်အကိုင်များဖန်တီးပေးပြီး နိုင်ငံသားများ၏ လူနေမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဦးအေးဝင်းက ပြောသည်။

ထို့ပြင် စွန့်ဦးတီထွင်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို အားကောင်းစေသည့် ဒီဂျစ်တယ်‌ဂေဟစနစ်တစ်ခုဖန်တီးရေးကို အတူတကွပူးပေါင်းလုပ်ဆောင်ရန် UMFCCI ဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် အာဆီယံ စီးပွားရေးခေါင်းဆောင်များတွေ့ဆုံမှုသည် စီးပွားရေး ဆက်ဆံမှုများ ခိုင်မြဲမှုနှင့် တရုတ်နှင့် အာဆီယံနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထူးခြားသည့်အခွင့်အလမ်းဖြစ်ကြောင်း ဦးအေးဝင်းက ပြောကြားထားသည်။

zawgyi version
တ႐ုတ္ႏွင့္အတူ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းမ်ားကို အားေကာင္းေစသည့္ ဒီဂ်စ္တယ္ေဂဟစနစ္ ဖန္တီးေရး UMFCCI ဆႏၵရွိေန
ယြန္း (NP News) - စက္တင္ဘာ ၁၈

တ႐ုတ္ႏိုင္ငံႏွင့္အတူ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းမ်ားကို အားေကာင္းေစသည့္ ဒီဂ်စ္တယ္ေဂဟစနစ္ကိုဖန္တီးရန္ ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ဥကၠ႒က အသိေပးေျပာၾကားထားသည္။

ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ဥကၠ႒ ဦးေအးဝင္းက စက္တင္ဘာလ (၁၇)ရက္​တြင္ နန္နင္းၿမိဳ႕၊ Grand Metropark Hotel ၌က်င္းပခဲ့သည့္ တ႐ုတ္-အာဆီယံ စီးပြားေရးေခါင္းေဆာင္မ်ားဖိုရမ္ႏွင့္ ကြန္းဖရင့္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အဆင္ေျပေစရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး RCEP ေဒသဆိုင္ရာ ပူးေပါင္း‌ေဆာင္႐ြက္မႈကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ျခင္းအျပင္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ႐ိုးရွင္းေစျခင္းႏွင့္ စံခ်ိန္စံၫႊန္းမ်ားညီၫြတ္ေစျခင္းတို႔ကို ေဆာင္႐ြက္သြားရန္ ဦးေအးဝင္းက အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ အတားအဆီးမ်ားကို ေလွ်ာ့ခ်ျခင္းျဖင့္ နယ္စပ္ျဖတ္ေက်ာ္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေရးကို ပိုမိုလြယ္ကူစြာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ျခင္းျဖင့္ စီးပြားေရးတိုးတက္မႈကို ျမႇင့္တင္ေပး႐ုံသာမက အလုပ္အကိုင္မ်ားဖန္တီးေပးၿပီး ႏိုင္ငံသားမ်ား၏ လူေနမႈဘဝကိုလည္း ျမႇင့္တင္ေပးႏိုင္မည္ျဖစ္ေၾကာင္း ဦးေအးဝင္းက ေျပာသည္။

ထို႔ျပင္ စြန႔္ဦးတီထြင္သူမ်ားႏွင့္ အေသးစား၊ အငယ္စား၊ အလတ္စားလုပ္ငန္းမ်ားကို အားေကာင္းေစသည့္ ဒီဂ်စ္တယ္‌ေဂဟစနစ္တစ္ခုဖန္တီးေရးကို အတူတကြပူးေပါင္းလုပ္ေဆာင္ရန္ UMFCCI ဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ ႏွင့္ အာဆီယံ စီးပြားေရးေခါင္းေဆာင္မ်ားေတြ႕ဆုံမႈသည္ စီးပြားေရး ဆက္ဆံမႈမ်ား ခိုင္ၿမဲမႈႏွင့္ တ႐ုတ္ႏွင့္ အာဆီယံႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ရန္ ထူးျခားသည့္အခြင့္အလမ္းျဖစ္ေၾကာင္း ဦးေအးဝင္းက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.