တပ်ဖွဲ့ဝင်တွေ လာရောက်လည်ပတ်မှုသဘောတူညီချက်ကို ဖိလစ်ပိုင်နဲ့ကနေဒါတို့ လက်မှတ်ရေးထိုး
                        
                            
                             
 123
 
                             
                            
                            
                         
                        
 
                        Pika (NP News) - နိုဝင်ဘာ ၄ 
တပ်ဖွဲ့ဝင်တွေ လာရောက်လည်ပတ်မှုသဘောတူညီချက်ကို ဖိလစ်ပိုင်နဲ့ကနေဒါနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီသဘောတူညီချက်ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ရန်စမှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့သဘောတူညီချက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 
ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ ဆက်လက်မြင့်တက်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်း က တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲ ရေကြောင်း ကင်းလှည့်မှုတွေမှာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်တို့ရဲ့ရေတပ်တွေနဲ့အတူ ကနေဒါရေတပ်လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 
တပ်ဖွဲ့ဝင်တွေ လာရောက်လည်ပတ်မှုသဘောတူညီချက်အသစ်ဟာ မြေပြင်မှာလုပ်ဆောင်မယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ ကနေဒါတပ်ဖွဲ့တွေကို ပါဝင်ခွင့်ပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီသဘောတူညီချက်အသစ်ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ ဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းလာစေလိမ့်မှာဖြစ်ပြီး ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ကနေဒါကာကွယ်ရေးဝန်ကြီး David McGuinty က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Verion: 
တပ္ဖြဲ႕ဝင္ေတြ လာေရာက္လည္ပတ္မႈသေဘာတူညီခ်က္ကို ဖိလစ္ပိုင္နဲ႔ကေနဒါတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ႏိုဝင္ဘာ ၄ 
တပ္ဖြဲ႕ဝင္ေတြ လာေရာက္လည္ပတ္မႈသေဘာတူညီခ်က္ကို ဖိလစ္ပိုင္နဲ႔ကေနဒါႏိုင္ငံတို႔က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီသေဘာတူညီခ်က္ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ရဲ႕ရန္စမႈေတြကို တုံ႔ျပန္ဖို႔ ရည္႐ြယ္တဲ့သေဘာတူညီခ်က္ေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ 
ဖိလစ္ပိုင္နဲ႔ တ႐ုတ္တို႔ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏ ျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ဆက္လက္ျမင့္တက္လ်က္ရွိေနတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္း က ေတာင္တ႐ုတ္ပင္လယ္အတြင္း ပူးတြဲ ေရေၾကာင္း ကင္းလွည့္မႈေတြမွာ အေမရိကန္၊ ဂ်ပန္၊ ဩစေၾတးလ်၊ ဖိလစ္ပိုင္တို႔ရဲ႕ေရတပ္ေတြနဲ႔အတူ ကေနဒါေရတပ္လည္း ပူးေပါင္းပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ 
တပ္ဖြဲ႕ဝင္ေတြ လာေရာက္လည္ပတ္မႈသေဘာတူညီခ်က္အသစ္ဟာ ေျမျပင္မွာလုပ္ေဆာင္မယ့္ ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြမွာ ကေနဒါတပ္ဖြဲ႕ေတြကို ပါဝင္ခြင့္ျပဳသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီသေဘာတူညီခ်က္အသစ္ဟာ ဖိလစ္ပိုင္စစ္တပ္နဲ႔ ဆက္ဆံေရးေတြကို ပိုမိုနက္ရႈိင္းလာေစလိမ့္မွာျဖစ္ၿပီး ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔အတြက္ အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔လည္း ကေနဒါကာကြယ္ေရးဝန္ႀကီး David McGuinty က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။