မြန်မာ-ရုရှား နှစ်နိုင်ငံပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေး

 177

Pearl (NP News) - နိုဝင်ဘာ ၄

မြန်မာ-ရုရှားနှစ်နိုင်ငံပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နှင့် နေပြည်တော်၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာတက္ကသိုလ်များနှင့် နိုဗိုစီဗစ်ဒေသရှိ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ပူးပေါင်းဆောင် ရွက်မှုများ ဖြစ်နိုင်ခြေလေ့လာရေးအတွက် နိုဗိုစီဗစ်ဒေသရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်ပညာရေး ဆိုင်ရာတာဝန်ရှိသူများအား မြန်မာနိုင်ငံသို့ စေလွှတ်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင်တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့်အေအိုင်နှင့် MSME ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေး၊ မြန်မာ-ရုရှား ကျောင်းသား/ကျောင်းသူများ အပြန်အလှန်လည်ပတ်ရေး၊ ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေး အဖွဲ့ကို နိုဗိုစီဗစ်ဒေသသို့ လေ့လာရေးခရီးစေလွှတ်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ကျောင်းသားကျောင်းသူ များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ထား သည်။

Zawgyi Verion:
ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံပညာေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ ေဆြးေႏြး
Pearl (NP News) - ႏိုဝင္ဘာ ၄
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံပညာေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာန ၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၃ ရက္) က ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္ ႏွင့္ ေနျပည္ေတာ္၌ ေရာက္ရွိေနၾကသည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ႏိုဗိုစီဗစ္ေဒသအုပ္ခ်ဳပ္ေရးမႉး H.E.Mr. Andrey Travnikov ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေတြ႕ဆုံစဥ္ ျမန္မာတကၠသိုလ္မ်ားႏွင့္ ႏိုဗိုစီဗစ္ေဒသရွိ တကၠသိုလ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရး၊ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ား ျဖစ္ႏိုင္ေျခေလ့လာေရးအတြက္ ႏိုဗိုစီဗစ္ေဒသရွိ တကၠသိုလ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ားႏွင့္ပညာေရး ဆိုင္ရာတာဝန္ရွိသူမ်ားအား ျမန္မာႏိုင္ငံသို႔ ေစလႊတ္ေရးေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွ တစ္ဆင့္ေအအိုင္ႏွင့္ MSME ဆိုင္ရာ သုေတသနလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ ေရး၊ ျမန္မာ-႐ုရွား ေက်ာင္းသား/ေက်ာင္းသူမ်ား အျပန္အလွန္လည္ပတ္ေရး၊ ပုဂၢလိကေက်ာင္းမ်ား ႀကီးၾကပ္ေရး အဖြဲ႕ကို ႏိုဗိုစီဗစ္ေဒသသို႔ ေလ့လာေရးခရီးေစလႊတ္ေရးအတြက္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္ႏိုင္ငံျခား ဘာသာတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခား ဘာသာတကၠသိုလ္ေက်ာင္းသားေက်ာင္းသူ မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔အျပင္ အနာဂတ္တြင္ ႏွစ္ႏိုင္ငံပညာေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္းလည္း ထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.