ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့လူအားလုံးနဲ့ဆက်သွယ်နေတယ်လို့ တရုတ်အစိုးရပြော

 336

Pika (NP News) - မတ် ၁၇

ဟော်မုဇ်ရေလက်ကြားမှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေကို အမြန်ဆုံးလျှော့ချဖို့ တရုတ်နိုင်ငံရဲ့တောင်းဆိုချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံအတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာစွမ်းအင် တင်ပို့မှုအတွက် အရေးပါတဲ့သွေးကြောတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား လုံခြုံ‌ရေးကို သေချာစေဖို့အတွက် ကူညီပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆီကနေ အကူအညီတောင်းခံမှုတစ်စုံတစ်ရာကို တရုတ်က လက်ခံရရှိတာမျိုး ရှိ/မရှိ ဆိုတဲ့မေးခွန်းတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ပါဝင်ပတ်သက်သူ တွေအားလုံးနဲ့ဆက်သွယ်နေပါတယ်။ ပြီးတော့ တင်းမာမှုအခြေအနေတွေကို လျှော့ချဖို့နဲ့ အခြေအနေတွေကို တည်ငြိမ်အောင်မြှင့်တင်ဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တင်းမာမှုတွေမြင့်တက်လာတာနဲ့ ပိုမိုကျယ်ပြန့်တဲ့စီးပွားရေးကျဆင်းမှုတွေကို ကာကွယ်ဖို့အတွက် တိုက်ခိုက်မှုတွေကို ချက်ချင်းလျှော့ချကြဖို့ ပါဝင်ပတ်သက်နေတဲ့နိုင်ငံတွေအားလုံးကို တရုတ်က ထပ်မံတိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားနဲ႔ပတ္သက္ၿပီး ပါဝင္ပတ္သက္တဲ့လူအားလုံးနဲ႔ဆက္သြယ္ေနတယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - မတ္ ၁၇
ေဟာ္မုဇ္ေရလက္ၾကားမွာျဖစ္ပြားေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ပါဝင္ပတ္သက္သူေတြအားလုံးနဲ႔ ဆက္သြယ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈေတြကို အျမန္ဆုံးေလွ်ာ့ခ်ဖို႔ တ႐ုတ္ႏိုင္ငံရဲ႕ေတာင္းဆိုခ်က္ေတြကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထပ္မံအတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ကမာၻလုံးဆိုင္ရာစြမ္းအင္ တင္ပို႔မႈအတြက္ အေရးပါတဲ့ေသြးေၾကာတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကား လုံၿခဳံ‌ေရးကို ေသခ်ာေစဖို႔အတြက္ ကူညီေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဆီကေန အကူအညီေတာင္းခံမႈတစ္စုံတစ္ရာကို တ႐ုတ္က လက္ခံရရွိတာမ်ိဳး ရွိ/မရွိ ဆိုတဲ့ေမးခြန္းေတြကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “လက္ရွိအေျခအေနေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔က ပါဝင္ပတ္သက္သူ ေတြအားလုံးနဲ႔ဆက္သြယ္ေနပါတယ္။ ၿပီးေတာ့ တင္းမာမႈအေျခအေနေတြကို ေလွ်ာ့ခ်ဖို႔နဲ႔ အေျခအေနေတြကို တည္ၿငိမ္ေအာင္ျမႇင့္တင္ဖို႔ ကြၽန္ေတာ္တို႔ ကတိျပဳထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တင္းမာမႈေတြျမင့္တက္လာတာနဲ႔ ပိုမိုက်ယ္ျပန႔္တဲ့စီးပြားေရးက်ဆင္းမႈေတြကို ကာကြယ္ဖို႔အတြက္ တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းေလွ်ာ့ခ်ၾကဖို႔ ပါဝင္ပတ္သက္ေနတဲ့ႏိုင္ငံေတြအားလုံးကို တ႐ုတ္က ထပ္မံတိုက္တြန္းခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.