AI ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်းနဲ့အတူ Meta က ဝန်ထမ်း ၂၀ ရာခိုင်နှုန်းခန့် ထပ်မံလျှော့ချဖို့ စီစဉ်နေ

 59

ရောင်နီ (NP News) - မတ် ၁၇

ဉာဏ်ရည်တု (AI) နည်းပညာအတွက် အခြေခံအဆောက်အအုံ ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက် လာမှုကို တုံ့ပြန်တဲ့အနေနဲ့ Meta ကုမ္ပဏီက ၎င်းရဲ့စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ ၂ဝ ရာခိုင်နှုန်းကိုလျှော့ချဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။
ယခုစီမံကိန်းဟာ AI နည်းပညာမှာ ဒေါ်လာဘီလီယံနဲ့ချီ အကုန်အကျခံ လောင်းကြေးထပ်ထားမှုတွေကို ကာမိစေဖို့နဲ့ AI အကူအညီနဲ့လုပ်ငန်းခွင်ထိရောက်မှုမြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အဓိကကတော့ AI အခြေခံအဆောက်အအုံ ကုန်ကျစရိတ်များပြားခြင်းနဲ့ AI ကြောင့် လူအင်အားလိုအပ်ချက် လျော့နည်းလာခြင်း၊ ၂၀၂၈ ခုနှစ်မှာ အကောင်အထည်ဖော်မယ့် ဒေတာစင်တာတွေအတွက် ဒေါ်လာ ၆၀၀ ဘီလီယံ သုံးစွဲဖို့ စီစဉ်ထား ခြင်းတို့ကြောင့် အခုလို ဝန်ထမ်းလျော့ချဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
Meta ဟာ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်ကလည်း "Year of Efficiency" လို့ အမည်တပ်ကာ ဝန်ထမ်းပေါင်း ၂၁,၀၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ် လျှော့ချမှုသာ ထပ်ပေါင်းမယ်ဆိုရင်တော့ ကုမ္ပဏီသမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဝန်ထမ်းလျှော့ချမှုဖြစ်လာမယ်လို့ ယူဆရပါတယ်။

Zawgyi Version;
AI က႑မွာ ရင္းႏွီးျမႇဳပ္ႏွံမႈျမင့္တက္လာျခင္းနဲ႔အတူ Meta က ဝန္ထမ္း ၂၀ ရာခိုင္ႏႈန္းခန႔္ ထပ္မံေလွ်ာ့ခ်ဖို႔ စီစဥ္ေန
ေရာင္နီ (NP News) - မတ္ ၁၇
ဉာဏ္ရည္တု (AI) နည္းပညာအတြက္ အေျခခံအေဆာက္အအုံ ကုန္က်စရိတ္ေတြ အဆမတန္ ျမင့္တက္ လာမႈကို တုံ႔ျပန္တဲ့အေနနဲ႔ Meta ကုမၸဏီက ၎ရဲ႕စုစုေပါင္း ဝန္ထမ္းအင္အားရဲ႕ ၂ဝ ရာခိုင္ႏႈန္းကိုေလွ်ာ့ခ်ဖို႔ စီစဥ္ ေနတယ္လို႔ သိရပါတယ္။
ယခုစီမံကိန္းဟာ AI နည္းပညာမွာ ေဒၚလာဘီလီယံနဲ႔ခ်ီ အကုန္အက်ခံ ေလာင္းေၾကးထပ္ထားမႈေတြကို ကာမိေစဖို႔နဲ႔ AI အကူအညီနဲ႔လုပ္ငန္းခြင္ထိေရာက္မႈျမႇင့္တင္ဖို႔ ရည္႐ြယ္ျခင္းျဖစ္ပါတယ္။ အဓိကကေတာ့ AI အေျခခံအေဆာက္အအုံ ကုန္က်စရိတ္မ်ားျပားျခင္းနဲ႔ AI ေၾကာင့္ လူအင္အားလိုအပ္ခ်က္ ေလ်ာ့နည္းလာျခင္း၊ ၂၀၂၈ ခုႏွစ္မွာ အေကာင္အထည္ေဖာ္မယ့္ ေဒတာစင္တာေတြအတြက္ ေဒၚလာ ၆၀၀ ဘီလီယံ သုံးစြဲဖို႔ စီစဥ္ထား ျခင္းတို႔ေၾကာင့္ အခုလို ဝန္ထမ္းေလ်ာ့ခ်ဖို႔ ရည္႐ြယ္တယ္လို႔ သိရပါတယ္။
Meta ဟာ၂၀၂၂ နဲ႔ ၂၀၂၃ ခုႏွစ္ကလည္း "Year of Efficiency" လို႔ အမည္တပ္ကာ ဝန္ထမ္းေပါင္း ၂၁,၀၀၀ ေက်ာ္ကို အလုပ္ျဖဳတ္ခဲ့ဖူးပါတယ္။ ယခုတစ္ႀကိမ္ ေလွ်ာ့ခ်မႈသာ ထပ္ေပါင္းမယ္ဆိုရင္ေတာ့ ကုမၸဏီသမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးေသာ ဝန္ထမ္းေလွ်ာ့ခ်မႈျဖစ္လာမယ္လို႔ ယူဆရပါတယ္။

Related news

© 2021. All rights reserved.