ဘားအံမြို့၌ ကားတစ်စီးအရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ (၄)ဦး ထိခိုက်ဒဏ်ရာရ

 995

NP News - စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကားတစ်စီးအရှိန်လွန်၍ တိမ်းမှောက်မှုဖြစ်ပွားရာ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဘားအံမြို့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီခွဲ အချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မေတ္တာလမ်း၊ ဘားအံတက္ကသိုလ်ကျောင်းအနောက်ဘက်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်း၌ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ လိုက်ပါလာသော ကားတစ်စီးသည် အရှိန်လွန်၍ ဓာတ်တိုင်အားဝင်တိုက်မိခဲ့ပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

" ဓာတ်တိုင်ကို ဝင်ဆောင့်မိတာ။ ဆောင့်တဲ့အရှိန်က တော်တော်များတယ်။ ကားပေါ်ပါတဲ့ (၄)ဦးလုံး ဒဏ်ရာရတယ်။ ညပ်နေလို့ ထုတ်လို့မရတဲ့ အနေအထားလောက်ပဲဆိုတော့ ကြီးကြီးမားမားဒဏ်ရာမရှိဘူး။ ပွန်းပဲ့တာ လောက်ပဲ" ဟု အထက်ပါ လူမူကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၄)ဦးလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား တောင်ကလေးစစ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ဘားအံၿမိဳ႕၌ ကားတစ္စီးအရွိန္လြန္တိမ္းေမွာက္မႈျဖစ္ပြားရာ (၄)ဦး ထိခိုက္ဒဏ္ရာရ
NP News - စက္တင္ဘာ ၂၁

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၌ ကားတစ္စီးအရွိန္လြန္၍ တိမ္းေမွာက္မႈျဖစ္ပြားရာ (၄)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕-ဘားအံၿမိဳ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၁ ရက္)၊ နံနက္ ၁ နာရီခြဲ အခ်ိန္ခန႔္တြင္ ဘားအံၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ ေမတၱာလမ္း၊ ဘားအံတကၠသိုလ္ေက်ာင္းအေနာက္ဘက္လမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္း၌ အမ်ိဳးသား(၃)ဦး ႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ လိုက္ပါလာေသာ ကားတစ္စီးသည္ အရွိန္လြန္၍ ဓာတ္တိုင္အားဝင္တိုက္မိခဲ့ၿပီး တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

" ဓာတ္တိုင္ကို ဝင္ေဆာင့္မိတာ။ ေဆာင့္တဲ့အရွိန္က ေတာ္ေတာ္မ်ားတယ္။ ကားေပၚပါတဲ့ (၄)ဦးလုံး ဒဏ္ရာရတယ္။ ညပ္ေနလို႔ ထုတ္လို႔မရတဲ့ အေနအထားေလာက္ပဲဆိုေတာ့ ႀကီးႀကီးမားမားဒဏ္ရာမရွိဘူး။ ပြန္းပဲ့တာ ေလာက္ပဲ" ဟု အထက္ပါ လူမူကယ္ဆယ္ေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသူ (၄)ဦးလုံး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး လက္ရွိတြင္ ၎တို႔အား ေတာင္ကေလးစစ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.