KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ထိန်းချုပ်ရရှိ

 783

ပီယ (NP News) - သြဂုတ် ၂ဝ
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အား တပ်မတော်က ယနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေး နှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNPP၊ KNDF အဖွဲ့များ နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ နိုင်ငံတော်နှင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်ဟန့်တား ရန်၊ ဒေသခံ တိုင်းရင်းသားပြည်သူများ အကြောက်တရားများလွှမ်းမိုးစေရန်ရည်ရွယ်၍ ကယား ပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့်အနီးဝန်ကျင်တစ်ဝိုက်အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း စစ်ရေးပစ်မှတ် မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော် စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော် မြို့သိမ်း တိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့သဖြင့် မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့ အကြမ်းဖက်သောင်းကျန်းသူများ လက်အောက်မကျရောက်စေရေး ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက် ဝင်ရောက်နေရာယူ၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်အတွက် တပ်မတော်တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များ အား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှိုဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ဒီမော့ဆိုမြို့အတွင်းရှိနေအိမ်များ၊ ဘာသာရေးအဆောက် အအုံများတွင် အခိုင်အမာ ခံစစ်ပြုလုပ်ကာ လွိုင်ကော်-ဒီမော့ဆို-ဘောလခဲ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရိုးသားစွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများသည် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ် အဆောက်အအုံများနှင့် ဥစ္စာပစ္စည်းများ ကို စွန့်ခွာ၍ ဘေးလွတ်ကင်းရာ မြို့၊ ရွာများသို့ ယာယီနေရပ်စွန့်ခွာ သွားရောက် နေထိုင်ခဲ့ကြရသဖြင့် လူ့အခွင့်အရေးများ၊ လူမှုစီးပွားဘဝများ များစွာနိမ့်ကျခဲ့ရကြောင်း ဖော်ပြထား သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသား ပြည်သူများအား ၎င်းတို့၏ မြို့/ရွာများရှိနေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွား ဘဝ ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တယား ပြန်လည်လည်ပတ် နိုင်ရေးအတွက် အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒီမော့ဆိုဒေသ တစ်ဝိုက်နှင့် ဒီမော့ဆိုမြို့အား ပြန်လည်ထိန်းချုပ်နိုင် ရေးအတွက် တပ်မတော်စစ်ကြောင်းများက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီမော့ဆိုမြို့၏ မြောက်ဘက်ခြမ်း ရွှေယောက်ရပ်ကွက်အတွင်းရှိ တောင်ငူလမ်းဆုံနှင့် အရှေ့တောင်ဘက် ပါဒေါဒူရွာ တို့မှစ၍ လက်နက်ကြီးပစ်ကူများဖြင့် စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်သမားများ ခံစစ်ပြုလုပ်ထားသည့် မြို့တွင်းရှိ မြေပေါ် မြေအောက်ဘန်ကာများ၊ အထပ်မြင့်အဆောက်အဦများအပါအဝင် စာသင်ကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေရာ၊ ချက်ကျောင်း နှင့် ဆေးရုံနေရာတို့အား ခက်ခက်ခဲခဲဖြင့် စွန့်လွတ်စွန့်စားစွာ အချိန်ယူရှင်းလင်း တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ(၇)ရက်တွင် ဒီမော့ဆိုမြို့၏ အရှေ့တောင်ဘက်ရှိပါဒိုးဒူကျေးရွာနှင့် ရှုးဖယ်ခူရပ်ကွက်အားလည်းကောင်း၊ ဩဂုတ်လ(၁၂)ရက် တွင် ရွှေယောက်ရပ်ကွက်အတွင်းရှိ ဆီဆိုင်နေရာအားလည်းကောင်း၊ ဩဂုတ်လ(၁၄)ရက်တွင် အောင်မင်္ဂလာ ရပ်ကွက်အတွင်းရှိ မြို့နယ်ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအားလည်းကောင်း၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် ရွှေယောက်ရပ်ကွက်တစ်ခုလုံးနှင့် စည်ပင်သာယာရပ်ကွက်ရှိမြို့နယ်ခန်းမ၊ မြို့မရပ်ကွက်အတွင်းရှိ ချက်ကျောင်းနေရာများအားလည်းကောင်း၊ ယနေ့တွင် ဒီမော့ဆိုမြို့ တစ်ခုလုံးအားလည်းကောင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း (၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ဘက်မှ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ဒီမော့ဆိုမြို့အား ယာယီထိန်းချုပ်ထားစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ လူနေ/အိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE) အတိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့ တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေး ခြင်းဖြင့် လွိုင်ကော်၊ ဒီမော့ဆို ဆက်သွယ်ရေး လမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်း သူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေး ဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ အပါအဝင် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထား သည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်း များအား တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်တွင် ဆီဆိုင်မြို့အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်တွင်လည်းကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်တွင်လည်းကောင်းပြန်လည်ထိန်းချုပ်/ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဒီမော့ဆိုမြို့ အား တပ်မတော်စစ်ကြောင်းများက အပြီးအပိုင် ပြန်လည်ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
KNPP၊ KNDF အဖြဲ႕မ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ား ယာယီထိန္းခ်ဳပ္ထားသည့္ ဒီးေမာ့ဆိုၿမိဳ႕အား တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္တိုက္ခိုက္ထိန္းခ်ဳပ္ရရွိ
ပီယ (NP News) - ၾသဂုတ္ ၂ဝ
KNPP၊ KNDF အဖြဲ႕မ်ားႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား ယာယီထိန္းခ်ဳပ္ထားသည့္ ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕အား တပ္မေတာ္က ယေန႔ (ဩဂုတ္လ ၁၉ ရက္) တြင္ အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ၿပီး လိုအပ္သည့္ နယ္ေျမလုံၿခဳံေရး ႏွင့္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
KNPP၊ KNDF အဖြဲ႕မ်ား ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ ကယားျပည္နယ္အတြင္း အစိုးရ၏ အုပ္ခ်ဳပ္မႈယႏၲရားပ်က္ျပားေစရန္၊ ႏိုင္ငံေတာ္ႏွင့္ အစိုးရ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ေႏွာင့္ယွက္ဟန႔္တား ရန္၊ ေဒသခံ တိုင္းရင္းသားျပည္သူမ်ား အေၾကာက္တရားမ်ားလႊမ္းမိုးေစရန္ရည္႐ြယ္၍ ကယား ျပည္နယ္အတြင္းရွိ လြိဳင္ေကာ္ၿမိဳ႕ႏွင့္အနီးဝန္က်င္တစ္ဝိုက္အား ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွစတင္ကာ အဖ်က္အေမွာင့္ လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္လည္း စစ္ေရးပစ္မွတ္ မဟုတ္သည့္ လြိဳင္ေကာ္တကၠသိုလ္အား လက္နက္ႀကီးမ်ား အကူအညီျဖင့္ တပ္မေတာ္ စစ္ေၾကာင္းမ်ား၏ အလစ္အငိုက္ရယူ၍ ဝင္ေရာက္ပစ္ခတ္ျခင္း၊ ဆရာ၊ ဆရာမမ်ားအား ဖမ္းဆီးေခၚေဆာင္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ လြိဳင္ေကာ္ ၿမိဳ႕သိမ္း တိုက္ပြဲအား စတင္ေဆာင္႐ြက္ခဲ့သျဖင့္ ၿမိဳ႕လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ နယ္ေျမခံတပ္မေတာ္စစ္ေၾကာင္းမ်ားက လြိဳင္ေကာ္ၿမိဳ႕ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား လက္ေအာက္မက်ေရာက္ေစေရး ေဒသခံျပည္သူမ်ားႏွင့္အတူ ပူးေပါင္း၍ အျပင္းအထန္ခုခံတိုက္ခိုက္ခဲ့သျဖင့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ လြိဳင္ေကာ္ၿမိဳ႕အား သိမ္းပိုက္ႏိုင္ျခင္းမရွိဘဲ ထိခိုက္က်ဆုံးမ်ားစြာျဖင့္ ဖ႐ိုဖရဲဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ ဆုတ္ခြာထြက္ေျပးသြားခဲ့သည့္ KNPP၊ KNDF အဖြဲ႕မ်ားႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားသည္ ဒီေမာ့ဆိုၿမိဳ႕နယ္အတြင္း ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာ လမွစ၍ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ားအသြင္ျဖင့္ စိမ့္ဝင္ပုံဖ်က္ ဝင္ေရာက္ေနရာယူ၍ အစိုးရ၏ အုပ္ခ်ဳပ္မႈယႏၲရားပ်က္ျပားေစရန္၊ ေဒသတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပား ေစရန္အတြက္ တပ္မေတာ္တပ္စခန္းမ်ား၊ လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ တပ္ဌာနခ်ဳပ္မ်ား အား ဝင္ေရာက္တိုက္ခိုက္ျခင္း၊ ေက်း႐ြာမ်ားအတြင္းရွိ ေနအိမ္မ်ားအား မီးရႈိဖ်က္ဆီးျခင္း၊ ျပည္သူမ်ားအား လက္နက္အားကိုးျဖင့္ အႏိုင္က်င့္ သတ္ျဖတ္ျခင္း၊ ေဒသခံတိုင္းရင္းသားမ်ား ပိုင္ဆိုင္သည့္ပစၥည္းမ်ားအား အတင္းအဓမၼ လုယက္ယူေဆာင္ျခင္း စသည့္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားလုပ္ေဆာင္ခဲ့ၿပီး ဒီေမာ့ဆိုၿမိဳ႕အတြင္းရွိေနအိမ္မ်ား၊ ဘာသာေရးအေဆာက္ အအုံမ်ားတြင္ အခိုင္အမာ ခံစစ္ျပဳလုပ္ကာ လြိဳင္ေကာ္-ဒီေမာ့ဆို-ေဘာလခဲ ဆက္သြယ္ေရးလမ္းေၾကာင္းအား ျဖတ္ေတာက္ပိတ္ဆို႔မႈမ်ား လုပ္ေဆာင္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ႐ိုးသားစြာ အသက္ေမြးဝမ္းေက်ာင္း လုပ္ကိုင္ေဆာင္႐ြက္ေနၾကသည့္ ေဒသခံတိုင္းရင္း သားျပည္သူမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ကေလးသူငယ္မ်ားႏွင့္ သက္ႀကီး ႐ြယ္အိုမ်ားသည္ ၎တို႔ပိုင္ဆိုင္သည့္ ေနအိမ္ အေဆာက္အအုံမ်ားႏွင့္ ဥစၥာပစၥည္းမ်ား ကို စြန႔္ခြာ၍ ေဘးလြတ္ကင္းရာ ၿမိဳ႕၊ ႐ြာမ်ားသို႔ ယာယီေနရပ္စြန႔္ခြာ သြားေရာက္ ေနထိုင္ခဲ့ၾကရသျဖင့္ လူ႔အခြင့္အေရးမ်ား၊ လူမႈစီးပြားဘဝမ်ား မ်ားစြာနိမ့္က်ခဲ့ရေၾကာင္း ေဖာ္ျပထား သည္။
ထို႔ေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အဆိုပါၿမိဳ႕နယ္အတြင္း ယာယီေနရပ္စြန႔္ခြာ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ၎တို႔၏ ၿမိဳ႕/႐ြာမ်ားရွိေနအိမ္မ်ားတြင္ ျပန္လည္ေနထိုင္ႏိုင္ေရး၊ ေအးခ်မ္းေပ်ာ္႐ႊင္စြာ လူမႈစီးပြား ဘဝ ရွာေဖြလုပ္ကိုင္စားေသာက္ႏိုင္ေရး၊ အစိုးရအုပ္ခ်ဳပ္မႈယႏၲယား ျပန္လည္လည္ပတ္ ႏိုင္ေရးအတြက္ အဆိုပါ အၾကမ္းဖက္သမားမ်ား ထိန္းခ်ဳပ္ထားသည့္ ဒီေမာ့ဆိုေဒသ တစ္ဝိုက္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ ေရးအတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လ ၄ ရက္ေန႔မွစ၍ ဒီေမာ့ဆိုၿမိဳ႕၏ ေျမာက္ဘက္ျခမ္း ေ႐ႊေယာက္ရပ္ကြက္အတြင္းရွိ ေတာင္ငူလမ္းဆုံႏွင့္ အေရွ႕ေတာင္ဘက္ ပါေဒါဒူ႐ြာ တို႔မွစ၍ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ စနစ္တက် အဆင့္ဆင့္ေျခကုတ္ယူခဲ့ၿပီး ၎မွတစ္ဆင့္ အၾကမ္းဖက္သမားမ်ား ခံစစ္ျပဳလုပ္ထားသည့္ ၿမိဳ႕တြင္းရွိ ေျမေပၚ ေျမေအာက္ဘန္ကာမ်ား၊ အထပ္ျမင့္အေဆာက္အဦမ်ားအပါအဝင္ စာသင္ေက်ာင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ ေရးမႉး႐ုံး၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေနရာ၊ ခ်က္ေက်ာင္း ႏွင့္ ေဆး႐ုံေနရာတို႔အား ခက္ခက္ခဲခဲျဖင့္ စြန႔္လြတ္စြန႔္စားစြာ အခ်ိန္ယူရွင္းလင္း တိုက္ခိုက္ခဲ့ရာ ဩဂုတ္လ(၇)ရက္တြင္ ဒီေမာ့ဆိုၿမိဳ႕၏ အေရွ႕ေတာင္ဘက္ရွိပါဒိုးဒူေက်း႐ြာႏွင့္ ရႈးဖယ္ခူရပ္ကြက္အားလည္းေကာင္း၊ ဩဂုတ္လ(၁၂)ရက္ တြင္ ေ႐ႊေယာက္ရပ္ကြက္အတြင္းရွိ ဆီဆိုင္ေနရာအားလည္းေကာင္း၊ ဩဂုတ္လ(၁၄)ရက္တြင္ ေအာင္မဂၤလာ ရပ္ကြက္အတြင္းရွိ ၿမိဳ႕နယ္ရဲစခန္း၊ မီးသတ္ဦးစီးဌာန၊ ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႏွင့္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးအားလည္းေကာင္း၊ ဩဂုတ္လ (၁၅)ရက္ေန႔တြင္ ေ႐ႊေယာက္ရပ္ကြက္တစ္ခုလုံးႏွင့္ စည္ပင္သာယာရပ္ကြက္ရွိၿမိဳ႕နယ္ခန္းမ၊ ၿမိဳ႕မရပ္ကြက္အတြင္းရွိ ခ်က္ေက်ာင္းေနရာမ်ားအားလည္းေကာင္း၊ ယေန႔တြင္ ဒီေမာ့ဆိုၿမိဳ႕ တစ္ခုလုံးအားလည္းေကာင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ စစ္ဆင္ေရးကာလ (၁၆)ရက္အတြင္း အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး/ငယ္(၂၃)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ရန္သူထံမွ အေလာင္း (၆)ေလာင္းႏွင့္ လက္နက္မ်ိဳးစုံ(၅)လက္ သိမ္းဆည္းရမိခဲ့ၿပီး မိမိတို႔ဘက္မွ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္က်ဆုံး/ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္သမားမ်ားအေနျဖင့္ ဒီေမာ့ဆိုၿမိဳ႕အား ယာယီထိန္းခ်ဳပ္ထားစဥ္ အတြင္း ဘာသာေရးဆိုင္ရာ အေဆာက္အဦမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦမ်ား၊ ေဆး႐ုံ/ေဆးခန္းမ်ားႏွင့္ လူေနအိမ္မ်ားအား အကာကြယ္ယူ၍ ဘန္ကာမ်ား ေဆာက္လုပ္ၿပီး တပ္မေတာ္ စစ္ေၾကာင္းမ်ားအား ပစ္ခတ္တိုက္ခိုက္ျခင္း၊ လူေန/အိမ္အေဆာက္အဦမ်ားအၾကားႏွင့္ အမ်ားျပည္သူ သြားလာအသုံးျပဳသည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားေပၚ၌ မိုင္းေထာင္ျခင္း၊ ေဒသခံျပည္သူမ်ားကို လူသားတံတိုင္းအျဖစ္ အကာအကြယ္ရယူ၍ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထုတ္ျပန္ထားသည့္ ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္း(Rules of Engagement-ROE) အတိုင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားက လြိဳင္ေကာ္ၿမိဳ႕ႏွင့္ ဒီေမာ့ဆိုၿမိဳ႕ တို႔အား ဆက္သြယ္ထားသည့္ လမ္းေၾကာင္းအား အၿပီးတိုင္ဆက္လက္ရွင္းလင္းေပး ျခင္းျဖင့္ လြိဳင္ေကာ္၊ ဒီေမာ့ဆို ဆက္သြယ္ေရး လမ္းမႀကီးအား မၾကာမီအခ်ိန္တြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ရွိၿပီး အၾကမ္းဖက္ေသာင္းက်န္း သူမ်ား ဖ်က္ဆီးခဲ့သည့္ စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံ/ေဆးခန္းမ်ား၊ ႐ုံး/ဌာနအေဆာက္အအုံမ်ား၊ ဘာသာေရး ဆိုင္ရာအေဆာက္အအုံမ်ားႏွင့္ လူေနအိမ္မ်ားအား ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္း၍ အျမန္ဆုံးျပန္လည္ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား အပါအဝင္ နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏွင့္ ကယားျပည္နယ္အတြင္း အၾကမ္းဖက္ေသာင္း က်န္းသူမ်ား ထိန္းခ်ဳပ္/ပိတ္ဆို႔ထား သည့္ ၿမိဳ႕/႐ြာမ်ား၊ ဆက္သြယ္ေရးလမ္းေၾကာင္း မ်ားအား တပ္မေတာ္က “ရန္ႏိုင္မင္း” စစ္ဆင္ေရးျဖင့္ အၾကမ္းဖက္ ေခ်မႈန္းေရး စစ္ဆင္ေရးကိုေဆာင္႐ြက္ခဲ့ရာ ၂၀၂၄ ခုႏွစ္၊ ေမ ၁၅ ရက္တြင္ ဆီဆိုင္ၿမိဳ႕အား ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ဟိုပုံး-ဆီဆိုင္-လြိဳင္ေကာ္ လမ္းေၾကာင္းအား ေမလ ၂၉ ရက္ေန႔တြင္လည္းေကာင္း၊ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္ ၆ ရက္ေန႔တြင္ မိုးၿဗဲၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ပင္ေလာင္း-ေဆာင္းေျပာင္း-ဖယ္ခုံ-မိုးၿဗဲ-လြိဳင္ေကာ္ လမ္းေၾကာင္းအား ဇူလိုင္ ၁၁ ရက္တြင္လည္းေကာင္း၊ ဖယ္ခုံအင္း အေရွ႕ဘက္ျခမ္းေဒသတစ္ခုလုံးအား ဇူလိုင္ ၃၁ ရက္တြင္လည္းေကာင္းျပန္လည္ထိန္းခ်ဳပ္/ဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီး ယေန႔တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီထိန္းခ်ဳပ္ထားသည့္ ဒီေမာ့ဆိုၿမိဳ႕ အား တပ္မေတာ္စစ္ေၾကာင္းမ်ားက အၿပီးအပိုင္ ျပန္လည္ထိန္းခ်ဳပ္ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.