လားရှိုးမြို့၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ဆားဗစ်ကန်အတွင်းပိတ်မိပြီး အောက်ဆီဂျင်ပြတ်၍သေဆုံး

 673

Pearl (NP News) - စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ဆားဗစ်ကန်အတွင်းပိတ်မိပြီး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း ကမ်းလင့်လက်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၁ ရက်)၊ နေ့လည် (၂)နာရီခွဲအချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၈)၊ သီတာလမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းရှိ ဆောက်လုပ်ဆဲအဆောက်အဦး၏ ဆားဗစ်ကန်အတွင်း၌ ဆောက်လုပ်ရေးလုပ်သား(၃)ဦး ပိတ်မိနေခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။

"ခန့်မှန်း အသက် (၃၀) ဝန်းကျင် (၃)ဦး ဆုံးသွားပါတယ်။ ဆားဗစ်ကန်ထဲ ပိတ်မိပြီး အောက်ဆီဂျင်ပြတ်သွားတာပေါ့။ ကျင်းက ဘယ်လောက်မှ မနက်ဘူး၊ ၈ပေဝန်းကျင်လောက်ပဲ နက်တယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် လုပ်သား(၃)ဦး အခင်းဖြစ်နေရာတွင် သေသုံးသွားခဲ့ပြီး ၎င်းတို့သည် အသက် (၃၀)နှစ်ဝန်းကျင်ခန့်ရှိသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လုပ်သား(၃)ဦးတို့တို့၏ ရုပ်အလောင်းများအား လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
လားရႈိးၿမိဳ႕၌ ေဆာက္လုပ္ေရးလုပ္သား(၃)ဦး ဆားဗစ္ကန္အတြင္းပိတ္မိၿပီး ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး
Pearl (NP News) - စက္တင္ဘာ ၂၁

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕၌ ေဆာက္လုပ္ေရးလုပ္သား(၃)ဦး ဆားဗစ္ကန္အတြင္းပိတ္မိၿပီး ေအာက္ဆီဂ်င္ျပတ္လပ္၍ ေသဆုံးသြားခဲ့ေၾကာင္း ကမ္းလင့္လက္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၂၁ ရက္)၊ ေန႔လည္ (၂)နာရီခြဲအခ်ိန္ခန႔္တြင္ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၈)၊ သီတာလမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္းရွိ ေဆာက္လုပ္ဆဲအေဆာက္အဦး၏ ဆားဗစ္ကန္အတြင္း၌ ေဆာက္လုပ္ေရးလုပ္သား(၃)ဦး ပိတ္မိေနခဲ့ၿပီး ေအာက္ဆီဂ်င္ျပတ္လပ္သြားခဲ့ေၾကာင္း သိရသည္။

"ခန႔္မွန္း အသက္ (၃၀) ဝန္းက်င္ (၃)ဦး ဆုံးသြားပါတယ္။ ဆားဗစ္ကန္ထဲ ပိတ္မိၿပီး ေအာက္ဆီဂ်င္ျပတ္သြားတာေပါ့။ က်င္းက ဘယ္ေလာက္မွ မနက္ဘူး၊ ၈ေပဝန္းက်င္ေလာက္ပဲ နက္တယ္" ဟု အထက္ပါလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ လုပ္သား(၃)ဦး အခင္းျဖစ္ေနရာတြင္ ေသသုံးသြားခဲ့ၿပီး ၎တို႔သည္ အသက္ (၃၀)ႏွစ္ဝန္းက်င္ခန႔္ရွိသူမ်ားျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ လုပ္သား(၃)ဦးတို႔တို႔၏ ႐ုပ္အေလာင္းမ်ားအား လားရႈိးျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနမွတဆင့္ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

L Mone

21/09/2023 22:46

လုပ်ကြံခံရသလား....ခဏ...ခဏ..ဖြစ်နေတယ်နော်...လူမျိူးဘာသာ..ပြဿနာတွေကြောင့်...ပိုစိုးရိမ်ကြရပါတယ်..အခုအခါ..နိုင်ငံရေးသဘောထား..ကွဲပြားမှူ့တွေကမနည်းဘူးဖြစ်နေကြပြန်တယ်နော်....

Related news

© 2021. All rights reserved.