ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခက်အခဲများရှိနေပြီး အချိန်ယူဖြေရှင်းသွားရမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော

 603

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံမှာ နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ခက်ခဲကြောင်း၊ ထိုင်းနိုင်ငံရဲ့နိုင်ငံရေး ပဋိပက္ခနဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်စေကာ၊ အဆိုပါနိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ အချိန်ယူရဖွယ်ရှိနေ ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆာရက်သာတာဗီဆင်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာချိန်အတွင်း အမေရိကန်နိုင်ငံရောက် ထိုင်းနိုင်ငံသားများနဲ့တွေ့ဆုံချိန် အခုလိုမျိုးပြောကြားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဆာရက်သာတာဗီဆင်က ၎င်းတို့အစိုးရအနေနဲ့ ထိုင်းနိုင်ငံစီးပွားရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာဖြစ် သလို “digital wallet” အစီအစဉ်ကို အကောင်အထည်ဖော်မှုနဲ့အတူ ထိုင်းပြည်သူများရဲ့ရှင်သန်နေထိုင်မှုတွေ ပိုမို ကောင်းမွန်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းလယ်သမားတွေရဲ့အကြွေးတွေကို ၃ နှစ်ဆိုင်းငံ့သွားမှာဖြစ်သလို စွမ်းအင်ဈေးနှုန်းတွေကို လျော့ကျပေးသွား မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ဂျီဒီပီဟာ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုနှေးကွေးနေဆဲဖြစ်ရာ လပေါင်းများစွာ ပြည်ပပို့ကုန် ကျဆင်းမှုများဖြစ်ပွားခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံ ရောက် ထိုင်းပြည်သူများအနေနဲ့လည်း ထိုင်းနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာအောင် ၎င်းတို့ရဲ့အသိပညာ မျှဝေတွေ၊ အရင်းအမြစ်တွေနဲ့အတူကူညီပေးဖို့ ထိုင်းနိုင်ငံကို ပြန်လာစေလိုကြောင်း၊ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံကိုရောက်ရှိချိန်အတွင်း ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla TSLA ရဲ့ အကြီးအကဲ ဘီလျံနာ အီလွန်မတ် နဲ့တွေ့ဆုံပြီး လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဆာရက်သာတာဗီဆင်ဟာ Microsoft ကုမ္ပဏီတာဝန်ရှိသူများနဲ့တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာ Microsoft ကုမ္ပဏီရဲ့ဒေတာ စင်တာ ဖွင့်လှစ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ႏိုင္ငံေရးအခက္အခဲမ်ားရွိေနၿပီး အခ်ိန္ယူေျဖရွင္းသြားရမွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

ထိုင္းႏိုင္ငံမွာ ႏွစ္ျခမ္းကြဲေနတဲ့ ႏိုင္ငံေရးအခက္အခဲမ်ားကိုေျဖရွင္းႏိုင္ဖို႔ ခက္ခဲေၾကာင္း၊ ထိုင္းႏိုင္ငံရဲ႕ႏိုင္ငံေရး ပဋိပကၡနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာျဖစ္ေစကာ၊ အဆိုပါႏိုင္ငံေရးပဋိပကၡေတြကို ေျဖရွင္းဖို႔ အခ်ိန္ယူရဖြယ္ရွိေန ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဆာရက္သာတာဗီဆင္ဟာ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံကို တက္ေရာက္လာခ်ိန္အတြင္း အေမရိကန္ႏိုင္ငံေရာက္ ထိုင္းႏိုင္ငံသားမ်ားနဲ႔ေတြ႕ဆုံခ်ိန္ အခုလိုမ်ိဳးေျပာၾကားခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

ဆာရက္သာတာဗီဆင္က ၎တို႔အစိုးရအေနနဲ႔ ထိုင္းႏိုင္ငံစီးပြားေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္သြားမွာျဖစ္ သလို “digital wallet” အစီအစဥ္ကို အေကာင္အထည္ေဖာ္မႈနဲ႔အတူ ထိုင္းျပည္သူမ်ားရဲ႕ရွင္သန္ေနထိုင္မႈေတြ ပိုမို ေကာင္းမြန္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္းလယ္သမားေတြရဲ႕အေႂကြးေတြကို ၃ ႏွစ္ဆိုင္းငံ့သြားမွာျဖစ္သလို စြမ္းအင္ေဈးႏႈန္းေတြကို ေလ်ာ့က်ေပးသြား မွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္အသစ္က ေျပာပါတယ္။ ထိုင္းႏိုင္ငံရဲ႕ဂ်ီဒီပီဟာ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ရင္ တိုးတက္မႈေႏွးေကြးေနဆဲျဖစ္ရာ လေပါင္းမ်ားစြာ ျပည္ပပို႔ကုန္ က်ဆင္းမႈမ်ားျဖစ္ပြားခဲ့ရေၾကာင္း၊ အေမရိကန္ႏိုင္ငံ ေရာက္ ထိုင္းျပည္သူမ်ားအေနနဲ႔လည္း ထိုင္းႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံျဖစ္လာေအာင္ ၎တို႔ရဲ႕အသိပညာ မွ်ေဝေတြ၊ အရင္းအျမစ္ေတြနဲ႔အတူကူညီေပးဖို႔ ထိုင္းႏိုင္ငံကို ျပန္လာေစလိုေၾကာင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ က ေျပာပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ဟာ အေမရိကန္ႏိုင္ငံကိုေရာက္ရွိခ်ိန္အတြင္း ကမာၻေက်ာ္ကုမၸဏီတစ္ခုျဖစ္တဲ့ Tesla TSLA ရဲ႕ အႀကီးအကဲ ဘီလ်ံနာ အီလြန္မတ္ နဲ႔ေတြ႕ဆုံၿပီး လွ်ပ္စစ္ကားထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ဆာရက္သာတာဗီဆင္ဟာ Microsoft ကုမၸဏီတာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံၿပီး ထိုင္းႏိုင္ငံမွာ Microsoft ကုမၸဏီရဲ႕ေဒတာ စင္တာ ဖြင့္လွစ္ဖို႔ ဖိတ္ေခၚကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.