နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရန် နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေး

 1014

ယွန်း (NP News) - စက်တင်ဘာ ၂၂

နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရန်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေးခဲ့‌‌ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမြင့်ကြိုင်သည် စက်တင်ဘာ(၂ဝ)ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong နှင့် ကျန်းစုပြည်နယ် လဲ့ယွင်းဂန်မြို့ Lianyung New City Hotel ၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်မှု များ၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးလူး ဆက်ဆံသွားလာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှုများမရှိစေရန် ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။

အလားတူ ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီ ပေးမည့်အခြေအနေ အပါအဝင် နှစ်နိုင်ငံ နယ်စပ် ဒေသတည်ငြိမ်အေးချမ်း‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။

Zawgyi Version;
နယ္စပ္ဂိတ္မ်ားတိုးခ်ဲ႕ဖြင့္လွစ္ရန္ ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ပူးေပါင္းလုပ္ေဆာင္ရန္ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ ေဆြးေႏြး
ယြန္း (NP News) - စက္တင္ဘာ ၂၂

နယ္စပ္ဂိတ္မ်ားတိုးခ်ဲ႕ဖြင့္လွစ္ရန္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ပူးေပါင္းလုပ္ေဆာင္ရန္ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ ေဆြးေႏြးခဲ့‌‌ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံသို႔ ေရာက္ရွိေနသည့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦျမင့္ႀကိဳင္သည္ စက္တင္ဘာ(၂ဝ)ရက္တြင္ တ႐ုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန ဝန္ႀကီး Mr. Wang Xiaohong ႏွင့္ က်န္းစုျပည္နယ္ လဲ့ယြင္းဂန္ၿမိဳ႕ Lianyung New City Hotel ၌ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား ႏွစ္ကာလရွည္ၾကာစြာ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေဆာင္႐ြက္မႈ မ်ား၊ ႏွစ္ႏိုင္ငံနယ္နိမိတ္အတြင္း လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ႏွစ္ႏိုင္ငံျပည္သူမ်ား အျပန္အလွန္ ကူးလူး ဆက္ဆံသြားလာေရးတို႔အတြက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း နစကမွ သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္မ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ပိုမိုပူးေပါင္းေဆာင္႐ြက္ ႏိုင္ေရးကိုလည္း ေဆြးေႏြးခဲ့ၾကသည္။

ႏွစ္ႏိုင္ငံနယ္စပ္မွ တရားမဝင္ ဝင္/ထြက္မႈမရွိေစေရး၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ လူကုန္ကူးမႈႏွင့္ Online Game ေလာင္းကစားမႈမ်ားမရွိေစရန္ ပူးေပါင္း ေဆာင္႐ြက္ေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ သိရသည္။

အလားတူ ရခိုင္ျပည္နယ္ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ပူးေပါင္းကူညီ ေပးမည့္အေျခအေန အပါအဝင္ ႏွစ္ႏိုင္ငံ နယ္စပ္ ေဒသတည္ၿငိမ္ေအးခ်မ္း‌ေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ လုပ္ငန္းမ်ားတြင္ ပိုမိုနီးကပ္စြာ ေဆာင္႐ြက္ႏိုင္ေရးကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Picture

L Mone

22/09/2023 16:10

ဘာသာရေးအကဲဆတ်တဲ့ကမ္ဘာကြီးမှာ..ကြီးပွားတိုးတက်ရေးကိုပဲ အဓိကထားနေတာမျိူးကလည်း....စိတ်ဓါတ်ခိုင်မာမှူ့ကို...အားနည်းစေပါတယ်...ဗျ။ကမ္ဘာကြီးကို...ရွာတစ်ရွာဟု...သတ်မှတ်မယ့်သူတွေဟာ...ရိုးသားမှူ့မရှိကြပဲ...ပြောပြောနေကြသောအခါ...အားနည်းသူတို့မှာ..မချိမဆန့်ဖြစ်ကြရလေတော့၏။

Picture

L Mone

22/09/2023 16:15

တရားဥပဒေပဲ အရေးကြီးတဲ့ ကမ္ဘာကြီးမှာ ဘာသာရေးပဋိပက္ခတွေကို...မျက်နှာလိုက်အားပေးအားမြှောက်လုပ်ကြသလို...ဒီမိုကရေစီအရေး..ကွန်မြူနစ်အရေးကိုပဲ...အလုအယက်ကိုင်စွဲ..အပြစ်တင်..အားနဲသူတွေကို..ချနင်းနေကြတာမျိူးက အရှက်သိက္ခာမဲ့ကြလွန်းပါတယ်နော်......

Related news

© 2021. All rights reserved.