ပြင်ဦးလွင်မြို့နယ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 699

သန့်ဇင် (NP News) - စက်တင်ဘာ ၂၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ကုန်တင်ကားတစ်ဦး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(စက်တင်ဘာလ ၂၂ရက်) နံနက် ၉နာရီ ၃၅မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်(၂၆)တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး ကားခေါင်းခန်းအတွင်း ညှပ်နေရာ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကူညီကယ်ဆယ်ပေးခဲ့သော်လည်း ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် ယာဉ်မောင်းအမျိုးသားတစ်ဦးမှ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ကုန္တင္ကားတစ္စီး တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၂

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ကုန္တင္ကားတစ္ဦး တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး သြားခဲ့ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(စက္တင္ဘာလ ၂၂ရက္) နံနက္ ၉နာရီ ၃၅မိနစ္အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မႏၲေလး-ျပင္ဦးလြင္ ကားလမ္း မိုင္တိုင္(၂၆)တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သတင္းထုတ္ျပန္ ထားသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသား(၂)ဦး ကားေခါင္းခန္းအတြင္း ညႇပ္ေနရာ မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအသင္းမ်ားက ကူညီကယ္ဆယ္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ကူညီကယ္ဆယ္ေပးခဲ့ေသာ္လည္း ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား(၂)ဦးအနက္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးမွ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္တစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား သႏၲိသုခလူမႈကူညီေရးအသင္းမွ ျပင္ဦးလြင္ၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.