ဖြူထိုင်းပါတီခေါင်းဆောင်ဟောင်းဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ထိုင်းအစိုးရအဖွဲ့အသစ်ရဲ့ အကြံပေးဖြစ်လာဖွယ်ရှိနေ

 805

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါက ထိုင်းအစိုးရအဖွဲ့ အသစ်မှာ ထိပ်တန်းအကြံပေးဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ပြောကြားလိုက်ပါတယ်။

ဆာရက်သာတာဗီဆင်ဟာ ဖြူထိုင်းပါတီတည်ထောင်သူဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရဲ့ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ဖြူထိုင်းပါတီ ကိုယ်စားပြုယှဉ်ပြိုင်ကာ ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က "သက်ဆင်က အရည်အချင်းရှိသူဖြစ်တယ်။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေအတွက် သက်ဆင်ရဲ့အရည်အချင်းတွေကို ထပ်ပေါင်းထည့်ရမယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံရေး သမိုင်းမှာ လူကြိုက်အများဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူပါ။ သက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လွတ်မြောက်ချိန်မှာ အစိုးရအဖွဲ့အကြံပေးအဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းမှာပါ" လို့ ပြောပါတယ်။

သက်ဆင်ဟာ လက်ရှိအချိန်မှာ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိ သက်ဆင်ဟာ ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းခံရပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့အတွက် ပြည်ပကိုထွက်ပြေးခဲ့ပြီး ၂ဝ၂၃ ခုနှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာကာ ပြစ်ဒဏ်ခံယူခဲ့သူဖြစ်ပါတယ်။

ထိုင်းတရားရုံးချုပ်က သက်ဆင်ကို စွဲချက်များနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခဲ့ပေမယ့် ထိုင်းဘုရင် က သက်ဆင်ရဲ့ပြစ်ဒဏ်ကို ၁ နှစ်သာကျခံဖို့ လျော့ပေါ့ပေးထားပါတယ်။ သက်ဆင်ဟာ ထိုင်းအကျဉ်းထောင်မှာ နေထိုင်တဲ့ ပထမဆုံးရက်မှာလည်း ကျန်းမာရေးမကေင်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဆေးရုံကို တင်ပို့ကုသနေရသူ ဖြစ်ပါတယ်။

Zawgyi Version;
ျဖဴထိုင္းပါတီေခါင္းေဆာင္ေဟာင္းျဖစ္သလို ဝန္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္တဲ့ သက္ဆင္ ထိုင္းအစိုးရအဖြဲ႕အသစ္ရဲ႕ အႀကံေပးျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ အက်ဥ္းက်ခံရမႈကေန ျပန္လည္လြတ္ေျမာက္လာခဲ့ပါက ထိုင္းအစိုးရအဖြဲ႕ အသစ္မွာ ထိပ္တန္းအႀကံေပးျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ဆာရက္သာတာဗီဆင္က ေျပာၾကားလိုက္ပါတယ္။

ဆာရက္သာတာဗီဆင္ဟာ ျဖဴထိုင္းပါတီတည္ေထာင္သူျဖစ္သလို ဝန္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္တဲ့ သက္ဆင္ရဲ႕ လူယုံတစ္ဦးျဖစ္ခဲ့ၿပီး ေ႐ြးေကာက္ပြဲမွာ ျဖဴထိုင္းပါတီ ကိုယ္စားျပဳယွဥ္ၿပိဳင္ကာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ဆာရက္သာတာဗီဆင္က "သက္ဆင္က အရည္အခ်င္းရွိသူျဖစ္တယ္။ ထိုင္းအစိုးရနဲ႔ ထိုင္းျပည္သူေတြအတြက္ သက္ဆင္ရဲ႕အရည္အခ်င္းေတြကို ထပ္ေပါင္းထည့္ရမယ္။ သက္ဆင္ဟာ ထိုင္းႏိုင္ငံေရး သမိုင္းမွာ လူႀကိဳက္အမ်ားဆုံးဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့သူပါ။ သက္ဆင္ အက်ဥ္းက်ခံရမႈကေန ျပန္လြတ္ေျမာက္ခ်ိန္မွာ အစိုးရအဖြဲ႕အႀကံေပးအျဖစ္ ခန႔္အပ္ႏိုင္ဖို႔ ႀကိဳးပမ္းမွာပါ" လို႔ ေျပာပါတယ္။

သက္ဆင္ဟာ လက္ရွိအခ်ိန္မွာ အက်င့္ပ်က္လာဘ္စားမႈေတြေၾကာင့္ ေထာင္ဒဏ္က်ခံေနရသူျဖစ္ပါတယ္။ အသက္ ၇၅ ႏွစ္အ႐ြယ္ရွိ သက္ဆင္ဟာ ထိုင္းစစ္တပ္ရဲ႕အာဏာသိမ္းခံရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း အက်င့္ပ်က္လာဘ္စားမႈမ်ားရွိခဲ့တယ္လို႔ စြပ္စြဲခံရတဲ့အတြက္ ျပည္ပကိုထြက္ေျပးခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လမွာ ထိုင္းႏိုင္ငံကို ျပန္လာကာ ျပစ္ဒဏ္ခံယူခဲ့သူျဖစ္ပါတယ္။

ထိုင္းတရား႐ုံးခ်ဳပ္က သက္ဆင္ကို စြဲခ်က္မ်ားနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ ၈ ႏွစ္ အမိန႔္ခ်မွတ္ခဲ့ေပမယ့္ ထိုင္းဘုရင္ က သက္ဆင္ရဲ႕ျပစ္ဒဏ္ကို ၁ ႏွစ္သာက်ခံဖို႔ ေလ်ာ့ေပါ့ေပးထားပါတယ္။ သက္ဆင္ဟာ ထိုင္းအက်ဥ္းေထာင္မွာ ေနထိုင္တဲ့ ပထမဆုံးရက္မွာလည္း က်န္းမာေရးမေကင္းခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕ေဆး႐ုံကို တင္ပို႔ကုသေနရသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.