အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနေကြောင်း နစကဝန်ကြီး အသိပေး

4959

ယွန်း (NP News) - စက်တင်ဘာ ၂၂
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စက်တင်ဘာ(၂၁)ရက်တွင် နေပြည်တော်ရှိ စွမ်းအင် ဝန်ကြီးဌာန၌ ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက်ရှိပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန် အဆင့်အလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အကောင်အထည်ဖော်ရန် ၎င်းက ဆက်လက်ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုမရှိစေရေးနှင့် ပပျောက်စေရေး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit-CPU) ကို ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ၎င်းက အသိပေးပြောကြားသည်။
နစကမှ နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံအတွက် ငွေကျပ်ဘီလျံ(၂၅ဝ)ကျော် နှင့် အမေရိကန်ဒေါ်လာ (၁၃)သန်းကျော် နစ်နာဆုံးရှုံးစေခဲ့သော အဂတိအမှု(၁ဝ၈)မှုကို ဖော်ထုတ်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားခဲ့သည်။

Zawgyi Version;
အဂတိလိုက္စားမႈသည္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ျပန႔္ပြားေနေၾကာင္း နစကဝန္ႀကီး အသိေပး
ယြန္း (NP News) - စက္တင္ဘာ ၂၂
အဂတိလိုက္စားမႈသည္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ျပန႔္ပြားေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က စက္တင္ဘာ(၂၁)ရက္တြင္ ေနျပည္ေတာ္ရွိ စြမ္းအင္ ဝန္ႀကီးဌာန၌ က်င္းပသည့္ အဂတိလိုက္စားမႈတားဆီးကာကြယ္ေရးဆိုင္ရာ အသိပညာေပးေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
အဂတိလိုက္စားမႈသည္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ျပန႔္ပြားလ်က္ရွိၿပီး အဂတိလိုက္စားပါက အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒႏွင့္အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ဝန္ထမ္းမ်ားအေနျဖင့္ ရာထူးတာဝန္ အဆင့္အလိုက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ေက်ာသားရင္သား မခြဲျခားဘဲ မွ်တစြာျဖင့္ အဂတိကင္းရွင္းသည့္ဌာန၊ ပတ္ဝန္းက်င္ေကာင္းတစ္ခုကို အေကာင္အထည္ေဖာ္ရန္ ၎က ဆက္လက္ေျပာသည္။
ဝန္ႀကီးဌာနအေနျဖင့္ အဂတိလိုက္စားမႈမရွိေစေရးႏွင့္ ပေပ်ာက္ေစေရး အဂတိလိုက္စားမႈတားဆီးကာကြယ္ေရး အဖြဲ႕ (Corruption Prevention Unit-CPU) ကို ၫႊန္ၾကားခ်က္ႏွင့္အညီ ဖြဲ႕စည္းထားေၾကာင္း သိရသည္။
အဆိုပါအဖြဲ႕သည္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ၊ နည္းဥပေဒမ်ား၊ အမိန႔္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎က အသိေပးေျပာၾကားသည္။
နစကမွ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ႏိုင္ငံအတြက္ ေငြက်ပ္ဘီလ်ံ(၂၅ဝ)ေက်ာ္ ႏွင့္ အေမရိကန္ေဒၚလာ (၁၃)သန္းေက်ာ္ နစ္နာဆုံးရႈံးေစခဲ့ေသာ အဂတိအမႈ(၁ဝ၈)မႈကို ေဖာ္ထုတ္ခဲ့ေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလက အသိေပးထုတ္ျပန္ထားခဲ့သည္။