ရုရှားနိုင်ငံက မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်မည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

 4799

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

ရုရှားနိုင်ငံသည် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မည့် နိုင်ငံတကာ အကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်ခန်းကို လာမည့်ရက်ပိုင်းအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် အဆိုပါလေ့ကျင့်ခန်းကို စက်တင်ဘာ ၂၅ ရက်မှ ၃ဝ ရက်အထိ ၅ ရက်ကြာ Primorye ဒေသရှိ Ussuriysk မြို့ နှင့် Vladivostok မြို့တို့တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ ADMM-Plus အစီအစဉ်အရ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများကြား ပြုလုပ်သော လေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများ ADMM-Plus ၏ အကြမ်းဖက်မှုနှိမ်နှင်းရေး လေ့ကျင့်ခန်းများ နှင့် ဆွေးနွေးမှုများကို ယခုနှစ်တွင် မြန်မာနှင့် ရုရှားတို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး မြန်မာနိုင်ငံတွင် သြဂုတ်လက ADMM-Plus EWG on CT Table-Top Exercise စားပွဲတင် လေ့ကျင့်ခန်းဆွေးနွေးပွဲများကို ကျင်းပခဲ့ကြသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ADMM-Plus အဖွဲ့ဝင်နိုင်ငံများ မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မယ့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလေ့ကျင့်ခန်းတွေကို စက်တင်ဘာလအတွင်း ရုရှားပိုင်နက် ပရီမိုရီဒေသမှာ ကျင်းပမှာဖြစ်ပါတယ်" ဟု ပြောသည်။

ADMM-Plus အဖွဲ့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန် နှင့် ဂျပန်တို့ ပူးပေါင်းပါဝင်ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရုရှား နှင့် မြန်မာနိုင်ငံတို့ ဦးဆောင်ပြီး ယခုနှစ်တွင် ADMM-Plus အစည်းအဝေးများ၊ လေ့ကျင့်ခန်းများ ကျင်းပနေခြင်းအပေါ် နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ပြစ်တင်ခဲ့သော်လည်း အစီအစဉ်များအတိုင်း ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် သြဂုတ်လ နှင့် ရုရှားနိုင်ငံတွင် စက်တင်ဘာလအတွင်း အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားႏိုင္ငံက ျမန္မာ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးေပါင္းပါဝင္မည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္ႏွင္းေရးေလ့က်င့္ခန္းကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

႐ုရွားႏိုင္ငံသည္ ျမန္မာ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းပါဝင္မည့္ ႏိုင္ငံတကာ အၾကမ္းဖက္မႈႏွိမ္နင္းေရးေလ့က်င့္ခန္းကို လာမည့္ရက္ပိုင္းအတြင္း အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္ျဖစ္ ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံသည္ အဆိုပါေလ့က်င့္ခန္းကို စက္တင္ဘာ ၂၅ ရက္မွ ၃ဝ ရက္အထိ ၅ ရက္ၾကာ Primorye ေဒသရွိ Ussuriysk ၿမိဳ႕ ႏွင့္ Vladivostok ၿမိဳ႕တို႔တြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ မ်ား၏ ADMM-Plus အစီအစဥ္အရ အာဆီယံႏွင့္ မိတ္ဖက္ႏိုင္ငံမ်ားၾကား ျပဳလုပ္ေသာ ေလ့က်င့္ခန္းျဖစ္ေၾကာင္း သိရသည္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ႏွင့္ ေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံမ်ား ADMM-Plus ၏ အၾကမ္းဖက္မႈႏွိမ္ႏွင္းေရး ေလ့က်င့္ခန္းမ်ား ႏွင့္ ေဆြးေႏြးမႈမ်ားကို ယခုႏွစ္တြင္ ျမန္မာႏွင့္ ႐ုရွားတို႔က ပူးတြဲသဘာပတိမ်ားအျဖစ္ တာဝန္ယူခြင့္ရခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ၾသဂုတ္လက ADMM-Plus EWG on CT Table-Top Exercise စားပြဲတင္ ေလ့က်င့္ခန္းေဆြးေႏြးပြဲမ်ားကို က်င္းပခဲ့ၾကသည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "ADMM-Plus အဖြဲ႕ဝင္ႏိုင္ငံမ်ား မွ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းပါဝင္မယ့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရးေလ့က်င့္ခန္းေတြကို စက္တင္ဘာလအတြင္း ႐ုရွားပိုင္နက္ ပရီမိုရီေဒသမွာ က်င္းပမွာျဖစ္ပါတယ္" ဟု ေျပာသည္။

ADMM-Plus အဖြဲ႕သည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ႏွင့္ ေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ေသာ ၾသစေၾတးလ်၊ အိႏၵိယ၊ တ႐ုတ္၊ နယူးဇီလန္၊ ေတာင္ကိုရီးယား၊ ႐ုရွား၊ အေမရိကန္ ႏွင့္ ဂ်ပန္တို႔ ပူးေပါင္းပါဝင္ကာ ၂ဝ၁ဝ ျပည့္ႏွစ္တြင္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

႐ုရွား ႏွင့္ ျမန္မာႏိုင္ငံတို႔ ဦးေဆာင္ၿပီး ယခုႏွစ္တြင္ ADMM-Plus အစည္းအေဝးမ်ား၊ ေလ့က်င့္ခန္းမ်ား က်င္းပေနျခင္းအေပၚ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေဝဖန္ျပစ္တင္ခဲ့ေသာ္လည္း အစီအစဥ္မ်ားအတိုင္း က်င္းပႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ၾသဂုတ္လ ႏွင့္ ႐ုရွားႏိုင္ငံတြင္ စက္တင္ဘာလအတြင္း အစီအစဥ္အတိုင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

L Mone

23/09/2023 08:12

ကျွန်တော့်အမြင်ကတော့......KNU ထဲက ဘောကျော်ဟဲတော့ သေပြီလို့ထင်တာပဲ....ကေအန်ယူအပါအဝင် Knpp Kia CNF တို့ဟာလည်း....လူလည်ကျ..ပြီး ပြည်သူလူထုနဲ့ ဒဲ့ကြီးရန်တိုက်နေ ပေးနေ ကြတာပါ...။တရုတ်တို့ဝင်လာမှာ.ရုရှားဝင်လာမှာကို သိလျက်နဲ့. ရိုးသားတဲ့တိုင်းရင်းသားတွေနဲ့ဗမာလူငယ်တွေကို ရောပြီး အသေဆိုးစေချင်ဆိုး..စစ်တပ်အင်အားကိုဖြိုလို့ရ သလောက်ကို ဖြို့ဖို့ပဲလုပ်နေကြတာပါ..။သူတို့ကို မညှာသင့်ဘူးဗျ...ငြိမ်းချမ်းရေးဖိတ်ခေါ်ရင်း သူတို့မလာရင်...ဖိတိုက်ကြရမှာပါ..။ ယခု မြန်မာ့နိုင်ငံရေးမှာ ပါဖောင်းမန့်ကောင်းတဲ့. ပန်ဆယ်လို Hlaing Info.ရန်ကုန်ခေါတ်သစ်တို့ဆိုတာ.. လက်ရှိဟော့ပါ.သူတို့နီးနီးလုပ်နိုင်သူတွေရှိသေးပါတယ်..သူတို့ကို..တန်ပြန်နိုင်မယ့်မီဒီယာ ရှိပေမဲ့...မနိုင်သေးဘူးဆိုတော့ကာ.... လေယာဥ်ရဟတ်ယာဥ်ပေါ်ကနေ...ငြိမ်းချမ်းစွာနေလိုကြသူတွေ...အကြမ်းမဖက်ငြိမ်းချမ်းစွာနေထိုင် စား သောက်လုပ်ကိုင်လိုသူတွေကို....ထိရောက်တဲ့ စာပေများဖြနိ့ကျဲ၍....ပြည်သူလူထုလက်ထဲ အရောက်ထည့်ကြပါ...။ အင်တာနက်မှာတော့ ဘယ်လိုမှယှဥ်ပြိုင်ဖို့ မလုံလောက်သေးပါဘူး..ဂူဂလ် ယူကျု. ဖေ့စ်ဘွတ်ကအစ...သိသိတာတာကြီး...တဖက်သတ်နှိပ်ကွတ်နေကြတာမို့ပါ...။အမေရိကန်ကျွန်တွေက...မိမိနိုင်ငံကို ပြန်ဖျက်ဆီးနေတာဟာ...အမေရိကန်ကလုံးဖြစ်သွားပြီဆိုတာ.....ရုရှားတို့တရုတ်တို့က သိပြီးသားတွေ.....ပါ..။

Related news

© 2021. All rights reserved.