တန့်ဆည်မြို့ စုပေါင်းရုံးများအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်

 2316

မြူနစ် (NP News) - စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မြို့နယ်စုပေါင်းရုံးများအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

PDF ပူးပေါင်းအဖွဲ့များသည် ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက် ၁ နာရီမထိုးခင်အချိန်မှစ၍ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ စုပေါင်းရုံးအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း မြို့ခံများက NP News ကို ပြောသည်။

“ညတုန်းက ဝင်တိုက်တာ။ တရားရုံးရယ်၊ လဝကရယ်၊ စည်ပင်ရုံးရယ်၊ နောက် ဦးဒေါင်းမင်းဆန်စက်ထဲမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေကို ဝင်တိုက်သွားတာပါ။ ပစ်ခတ်သံတွေကတော့ မနက်(၃)နာရီလောက်အထိကို ကြားရတယ်။ အဆောက်အဦးတစ်ချို့လည်း မီးလောင်သွားတာရှိတယ်” ဟု တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း နှစ်ဖက်အကြား၌ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကြားသိရပြီး နှစ်ဖက် အကြား၌ (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

PDF ပူးပေါင်းအဖွဲ့များသည် တန့်ဆည်မြို့ စုပေါင်းရုံးအနီးရှိ လုံခြုံရေးတပ်စခန်းအချို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် သေနတ်အချို့ကိုလည်း သိမ်းဆည်းရရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တန့်ဆည်မြို့ပေါ်၌ လုံခြုံရေးအဖွဲ့ဝင်အင်အား တိုးမြှင့်ချထားသည်ကိုတွေ့ရှိရကြောင်းလည်း မြို့ခံများ က ဆိုသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။

ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်စဉ် ဖြစ်ပွားထားသည်။

Zawgyi Version;
တန႔္ဆည္ၿမိဳ႕ စုေပါင္း႐ုံးမ်ားအနီးရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို PDF ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္
ျမဴနစ္ (NP News) - စက္တင္ဘာ ၂၂

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕၊ ၿမိဳ႕နယ္စုေပါင္း႐ုံးမ်ားအနီးရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို PDF ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။

PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ယေန႔ (စက္တင္ဘာ ၂၂ ရက္) နံနက္ ၁ နာရီမထိုးခင္အခ်ိန္မွစ၍ တန႔္ဆည္ၿမိဳ႕၊ ေမတၱာၿမိဳင္ရပ္ကြက္၊ စုေပါင္း႐ုံးအနီးရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။

“ညတုန္းက ဝင္တိုက္တာ။ တရား႐ုံးရယ္၊ လဝကရယ္၊ စည္ပင္႐ုံးရယ္၊ ေနာက္ ဦးေဒါင္းမင္းဆန္စက္ထဲမွာရွိတဲ့ လုံၿခဳံေရးအဖြဲ႕ေတြကို ဝင္တိုက္သြားတာပါ။ ပစ္ခတ္သံေတြကေတာ့ မနက္(၃)နာရီေလာက္အထိကို ၾကားရတယ္။ အေဆာက္အဦးတစ္ခ်ိဳ႕လည္း မီးေလာင္သြားတာရွိတယ္” ဟု တန႔္ဆည္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါ ထိေတြ႕ပစ္ခတ္မႈျဖစ္စဥ္အတြင္း ႏွစ္ဖက္အၾကား၌ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း ၾကားသိရၿပီး ႏွစ္ဖက္ အၾကား၌ (၁ဝ)ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

PDF ပူးေပါင္းအဖြဲ႕မ်ားသည္ တန႔္ဆည္ၿမိဳ႕ စုေပါင္း႐ုံးအနီးရွိ လုံၿခဳံေရးတပ္စခန္းအခ်ိဳ႕ကို ဝင္ေရာက္စီးနင္း တိုက္ခိုက္ၿပီးေနာက္ ေသနတ္အခ်ိဳ႕ကိုလည္း သိမ္းဆည္းရရွိသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ တန႔္ဆည္ၿမိဳ႕ေပၚ၌ လုံၿခဳံေရးအဖြဲ႕ဝင္အင္အား တိုးျမႇင့္ခ်ထားသည္ကိုေတြ႕ရွိရေၾကာင္းလည္း ၿမိဳ႕ခံမ်ား က ဆိုသည္။

အဆိုပါပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕ေပၚရွိ ၿမိဳ႕မရဲစခန္းကို PDF ပူးေပါင္းအဖြဲ႕မ်ားက လာေရာက္ပစ္ခတ္တိုက္ခိုက္သည့္ျဖစ္စဥ္ ျဖစ္ပြားထားသည္။

Picture

L Mone

23/09/2023 08:09

ကျွန်တော့်အမြင်ကတော့......KNU ထဲက ဘောကျော်ဟဲတော့ သေပြီလို့ထင်တာပဲ....ကေအန်ယူအပါအဝင် Knpp Kia CNF တို့ဟာလည်း....လူလည်ကျ..ပြီး ပြည်သူလူထုနဲ့ ဒဲ့ကြီးရန်တိုက်နေ ပေးနေ ကြတာပါ...။တရုတ်တို့ဝင်လာမှာ.ရုရှားဝင်လာမှာကို သိလျက်နဲ့. ရိုးသားတဲ့တိုင်းရင်းသားတွေနဲ့ဗမာလူငယ်တွေကို ရောပြီး အသေဆိုးစေချင်ဆိုး..စစ်တပ်အင်အားကိုဖြိုလို့ရ သလောက်ကို ဖြို့ဖို့ပဲလုပ်နေကြတာပါ..။သူတို့ကို မညှာသင့်ဘူးဗျ...ငြိမ်းချမ်းရေးဖိတ်ခေါ်ရင်း သူတို့မလာရင်...ဖိတိုက်ကြရမှာပါ..။ ယခု မြန်မာ့နိုင်ငံရေးမှာ ပါဖောင်းမန့်ကောင်းတဲ့. ပန်ဆယ်လို Hlaing Info.ရန်ကုန်ခေါတ်သစ်တို့ဆိုတာ.. လက်ရှိဟော့ပါ...သူတို့ကို..တန်ပြန်နိုင်မယ့်မီဒီယာ ရှိပေမဲ့...မနိုင်သေးဘူးဆိုတော့ကာ.... လေယာဥ်ရဟတ်ယာဥ်ပေါ်ကနေ...ငြိမ်းချမ်းစွာနေလိုကြသူတွေ...အကြမ်းမဖက်ငြိမ်းချမ်းစွာနေထိုင် စား သောက်လုပ်ကိုင်လိုသူတွေကို....ထိရောက်တဲ့ စာပေများဖြနိ့ကျဲ၍....ပြည်သူလူထုလက်ထဲ အရောက်ထည့်ကြပါ...။ အင်တာနက်မှာတော့ ဘယ်လိုမှယှဥ်ပြိုင်ဖို့ မလုံလောက်သေးပါဘူး..ဂူဂလ် ယူကျု. ဖေ့စ်ဘွတ်ကအစ...သိသိတာတာကြီး...တဖက်သတ်နှိပ်ကွတ်နေကြတာမို့ပါ...။အမေရိကန်ကျွန်တွေက...မိမိနိုင်ငံကို ပြန်ဖျက်ဆီးနေတာဟာ...အမေရိကန်ကလုံးဖြစ်သွားပြီဆိုတာ.....ရုရှားတို့တရုတ်တို့က သိပြီးသားတွေ.....ပါ..။

Related news

© 2021. All rights reserved.