ဘားအံ- သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

1474

NP News - စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ဝဝ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ဘားအံ- သထုံကားလမ်း၊ မိုင်တိုင် အမှတ်(၁၂/၄)၊ တံတားအမှတ်(၂/၁၃)ကို အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ထံမှ သိရသည်။
မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတား၏ အောက်ခြေအလယ်ကွန်ကရစ်တိုင် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားအား KNU/KNLA အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခံခြင်းဖြစ်ကြောင်း အထက်ပါ သတင်း အရင်းအမြစ်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ(၂ဝ)ရက်ကလည်း ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာ နှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသော ဘေလီတံတား တစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် တံတား၏ မြောက်ဘက်အစပ်မှ (၁ဝ)ပေ၊ (၅)ကန့် စုစုပေါင်း ပေ(၅ဝ) နှင့် တံတားထိပ်ရှိ ဓာတ်တိုင် (၄)တိုင် (ခန့်မှန်း တန်ဖိုးငွေကျပ် သန်း(၁ဝဝ)ကျော်) ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဘားအံ- သထုံကားလမ္းေပၚရွိ တံတားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - စက္တင္ဘာ ၂၂
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဘားအံ-သထုံကားလမ္းေပၚရွိ တံတားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရ ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၂၂ ရက္) နံနက္ ဝဝ နာရီ ၃၅ မိနစ္အခ်ိန္ခန႔္တြင္ ဘားအံ- သထုံကားလမ္း၊ မိုင္တိုင္ အမွတ္(၁၂/၄)၊ တံတားအမွတ္(၂/၁၃)ကို အၾကမ္းဖက္အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္ ထံမွ သိရသည္။
မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ တံတား၏ ေအာက္ေျခအလယ္ကြန္ကရစ္တိုင္ ကြဲအက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ တံတားအား KNU/KNLA အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခံျခင္းျဖစ္ေၾကာင္း အထက္ပါ သတင္း အရင္းအျမစ္က ဆိုသည္။
အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာ(၂ဝ)ရက္ကလည္း ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေတာင္႐ြာ ႏွင့္ ဝဲႀကီးေျမာက္႐ြာအား ဆက္သြယ္ထားေသာ ေဘလီတံတား တစ္စင္းအား KNU/PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ တံတား၏ ေျမာက္ဘက္အစပ္မွ (၁ဝ)ေပ၊ (၅)ကန္႔ စုစုေပါင္း ေပ(၅ဝ) ႏွင့္ တံတားထိပ္ရွိ ဓာတ္တိုင္ (၄)တိုင္ (ခန႔္မွန္း တန္ဖိုးေငြက်ပ္ သန္း(၁ဝဝ)ေက်ာ္) ပ်က္စီးခဲ့ေၾကာင္း သိရသည္။