ဆွီဒင်မှာ မြေပြိုမှုကြောင့် ကားလမ်းအများအပြား ပျက်စီး

864
ရောင်နီ (NP News) - စက်တင်ဘာ ၂၃
ဆွီဒင်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကားလမ်းအများအပြား ပျက်စီးပြီး လူသုံးဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က စနေနေ့ (စက်တင် ဘာလ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဆွီဒင်နိုင်ငံ အနောက်ပိုင်း၊ နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ ဂိုသန်ဘက်ရဲ့ မြောက်ဘက် ၅၀ ကီလိုမီတာအကွာ တန်အန်းဆမ်မြို့ငယ်အနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မြေပြိုမှုကြောင့် ယာဉ်ဆယ်စီးခန့်၊ သစ်တောဧရိယာအချို့၊ ဓာတ်ဆီဆိုင်နဲ့ စားသောက်ဆိုင်တစ်ဆိုင်တို့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ကယ်ဆယ်ရေး service တွေက ပြောကြားခဲ့ပါတယ်။
မြေပြိုမှုကြောင့် ကားအမြောက်အမြားနဲ့ ထရပ်ကားတစ်စင်း ပြုတ်ကျခဲ့ပေမယ့် ယာဉ်ရှိလူအားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အနီးနားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတွေ မြေပြိုမှုကြောင့် ထိခိုက်မှု ရှိ၊ မရှိနဲ့ အဆိုပါ လုပ်ငန်းခွင်တွေနဲ့ မြေပြိုမှု ဆက်နွယ်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နောက်ထပ် အကူအညီ လိုအပ်သူတွေ ရှိ၊ မရှိကို အထူးလေ့ကျင့်ပေးထားတဲ့ ရှာဖွေရေး ခွေးတွေနဲ့ ဝန်ထမ်းတွေက ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

zawgyi version
ဆြီဒင္မွာ ေျမၿပိဳမႈေၾကာင့္ ကားလမ္းအမ်ားအျပား ပ်က္စီး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
ဆြီဒင္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ကားလမ္းအမ်ားအျပား ပ်က္စီးၿပီး လူသုံးဦး ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စေနေန႔ (စက္တင္ ဘာလ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ဆြီဒင္ႏိုင္ငံ အေနာက္ပိုင္း၊ ႏိုင္ငံရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ ဂိုသန္ဘက္ရဲ႕ ေျမာက္ဘက္ ၅၀ ကီလိုမီတာအကြာ တန္အန္းဆမ္ၿမိဳ႕ငယ္အနီးမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။ ေျမၿပိဳမႈေၾကာင့္ ယာဥ္ဆယ္စီးခန႔္၊ သစ္ေတာဧရိယာအခ်ိဳ႕၊ ဓာတ္ဆီဆိုင္နဲ႔ စားေသာက္ဆိုင္တစ္ဆိုင္တို႔ ထိခိုက္ပ်က္စီးမႈ ရွိခဲ့တယ္လို႔ ကယ္ဆယ္ေရး service ေတြက ေျပာၾကားခဲ့ပါတယ္။
ေျမၿပိဳမႈေၾကာင့္ ကားအေျမာက္အျမားနဲ႔ ထရပ္ကားတစ္စင္း ျပဳတ္က်ခဲ့ေပမယ့္ ယာဥ္ရွိလူအားလုံးကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အနီးနားရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွာ အလုပ္လုပ္ကိုင္ေနသူေတြ ေျမၿပိဳမႈေၾကာင့္ ထိခိုက္မႈ ရွိ၊ မရွိနဲ႔ အဆိုပါ လုပ္ငန္းခြင္ေတြနဲ႔ ေျမၿပိဳမႈ ဆက္ႏြယ္မႈ ရွိ၊ မရွိကို စုံစမ္းစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ေနာက္ထပ္ အကူအညီ လိုအပ္သူေတြ ရွိ၊ မရွိကို အထူးေလ့က်င့္ေပးထားတဲ့ ရွာေဖြေရး ေခြးေတြနဲ႔ ဝန္ထမ္းေတြက ရွာေဖြမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။