ရန်ကုန်မြို့တွင် မီးစက်ဝါယာရှော့ဖြစ်ရာမှ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး

980
သန့်ဇင်(NP News) - စက်တင်ဘာ ၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မီးစက်ဝါယာရှော့ဖြစ်ရာမှ လူနေအိမ် (၃)လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ပြည်သူလူထုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (စက်တင်ဘာလ ၂၅ ရက်)၊ နံနက် ၄နာရီ ၅၀မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တပင်ရွှေထီး(တာဝါ)အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးစက်ကနေစလောင်တယ်လို့တော့ သိရတယ်ဗျ။ မီးကတော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်”ဟု ပြည်သူလူထုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၂)လုံးနှင့် ဖိနပ်ဆိုင်တစ်ဆိုင်မှာမီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
“အဓိက ဖိနပ်ဆိုင်တစ်ဆိုင်လုံးပါသွားတယ်။ လူနေအိမ် နှစ်ထပ်တစ်လုံးရယ်။ တစ်ထပ်အဆောင် တစ်လုံးရယ် ပါသွားတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ မီးသတ်ကစစ်ဆေးနေပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား လှိုင်သာယာမြို့နယ်မီးသတ်၊ အင်းစိန်မြို့နယ်မီးသတ်၊ မရမ်းကုန်းမြို့နယ်မီးသတ်နှင့် လူမှုကူညီရေးအသင်းများမှ မိနစ် ၂၀ ခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ မီးစက္ဝါယာေရွာ့ျဖစ္ရာမွ ေနအိမ္(၃)လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၅
ရန္ကုန္တိုင္း၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ မီးစက္ဝါယာေရွာ့ျဖစ္ရာမွ လူေနအိမ္ (၃)လုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ျပည္သူလူထုကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔ (စက္တင္ဘာလ ၂၅ ရက္)၊ နံနက္ ၄နာရီ ၅၀မိနစ္အခ်ိန္တြင္ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ တပင္ေ႐ႊထီး(တာဝါ)အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မီးစက္ကေနစေလာင္တယ္လို႔ေတာ့ သိရတယ္ဗ်။ မီးကေတာ့မ်ားတယ္လို႔ေျပာလို႔ရတယ္ေပါ့ေနာ္”ဟု ျပည္သူလူထုကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၂)လုံးႏွင့္ ဖိနပ္ဆိုင္တစ္ဆိုင္မွာမီးေလာင္ဆုံးရႈံးသြားခဲ့ရေၾကာင္း သိရသည္။
“အဓိက ဖိနပ္ဆိုင္တစ္ဆိုင္လုံးပါသြားတယ္။ လူေနအိမ္ ႏွစ္ထပ္တစ္လုံးရယ္။ တစ္ထပ္အေဆာင္ တစ္လုံးရယ္ ပါသြားတယ္။ မီးေလာင္မႈျဖစ္စဥ္နဲ႔ ဆုံးရႈံးမႈတန္ဖိုးကေတာ့ မီးသတ္ကစစ္ေဆးေနပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
၎မီးေလာင္မႈအား လႈိင္သာယာၿမိဳ႕နယ္မီးသတ္၊ အင္းစိန္ၿမိဳ႕နယ္မီးသတ္၊ မရမ္းကုန္းၿမိဳ႕နယ္မီးသတ္ႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ မိနစ္ ၂၀ ခန႔္ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။