မန္တလေးမြို့ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

13886
သန့်ဇင်(NP News) - စက်တင်ဘာ ၂၅
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ အများပြည်သူသုံးသန့်စင်ခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့ (စက်တင်ဘာလ ၂၅ရက်)၊ နံနက် ၇နာရီ ၁၆မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ဈေးရုံအတွင်းရှိ အများသုံးသန့်စင်ခန်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
“မနက်တုန်းကတွေ့တာပေါ့နော်။ သေဆုံးနေတာကတော့ ခန့်မှန်းချေ (၂)ရက်လောက်ရှိမယ်။ အိမ်သာထဲမှာ ဦးနှောက်သွေးကြောပျက်ပြီး ဆုံးသွားတယ်လို့တော့ ယူဆရတယ်ပေါ့” ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးနေသည့် အမျိုးသားသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်နေထိုင်သည့် အသက်(၅၃)နှစ်အရွယ် ဦးသန်းထိုက်ဆိုသူဖြစ်ပြီး မန္တလေးမြို့ရှိ ဆောက်လုပ်ရေးတစ်ခုမှအလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့တွေ့တော့ အလောင်းကပုပ်နေပြီဗျ။ အဲဒါနဲ့ပဲ စစ်ဆေးချက်တွေလုပ်ပြီး မန္တလေးဆေးရုံကြီးပဲပို့ပေးထားပါတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက်အလောင်းအား ခန္တီမေတ္တာနာမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ အမ်ားသုံးသန႔္စင္ခန္းအတြင္း၌ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၅
မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ အမ်ားျပည္သူသုံးသန႔္စင္ခန္းအတြင္း၌ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦး အေလာင္းေတြ႕ရွိခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါအေလာင္းကို ယေန႔ (စက္တင္ဘာလ ၂၅ရက္)၊ နံနက္ ၇နာရီ ၁၆မိနစ္အခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ နန္းေရွ႕ေဈး႐ုံအတြင္းရွိ အမ်ားသုံးသန႔္စင္ခန္းအတြင္း၌ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“မနက္တုန္းကေတြ႕တာေပါ့ေနာ္။ ေသဆုံးေနတာကေတာ့ ခန႔္မွန္းေခ် (၂)ရက္ေလာက္ရွိမယ္။ အိမ္သာထဲမွာ ဦးေႏွာက္ေသြးေၾကာပ်က္ၿပီး ဆုံးသြားတယ္လို႔ေတာ့ ယူဆရတယ္ေပါ့” ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးေနသည့္ အမ်ိဳးသားသည္ စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္တြင္ေနထိုင္သည့္ အသက္(၅၃)ႏွစ္အ႐ြယ္ ဦးသန္းထိုက္ဆိုသူျဖစ္ၿပီး မႏၲေလးၿမိဳ႕ရွိ ေဆာက္လုပ္ေရးတစ္ခုမွအလုပ္သမား ေခါင္းေဆာင္တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။
“ကြၽန္ေတာ္တို႔ေတြ႕ေတာ့ အေလာင္းကပုပ္ေနၿပီဗ်။ အဲဒါနဲ႔ပဲ စစ္ေဆးခ်က္ေတြလုပ္ၿပီး မႏၲေလးေဆး႐ုံႀကီးပဲပို႔ေပးထားပါတယ္ဗ်”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္အေလာင္းအား ခႏၲီေမတၱာနာမႈကူညီေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။