အလုပ်သမားဝန်ကြီးဌာနတွင် လစ်လပ်နေသည့် ရာထူးနေရာ (၅၃)နေရာအတွက် ဝန်ထမ်းများ ခေါ်ယူ

 2158

စော (NP News) - စက်တင်ဘာ ၂၉

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိနေသော ရာထူးနေရာ (၅၃)နေရာအတွက် ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ယနေ့(စက်တင်ဘာလ ၂၉ ရက်)ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတွင် အငယ်တန်းစာရေးရာထူးအတွက် (၄၅)နေရာ၊ ယာဉ်မောင်း (၅) ရာထူးအတွက် (၃)နေရာ၊ ရုံးအကူရာထူးအတွက် (၅)နေရာကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါရာထူးအတွက် လျှောက်လွှာများအား ယခင်က စက်တင်ဘာလ (၂၉)ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ယခုတွင် အောက်တိုဘာ(၂၇)ရက်အထိ လျှောက်ထား နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်ထားများအနေဖြင့် အငယ်တန်းရာထူးအတွက် နိုဝင်ဘာ(၁၈)ရက်တွင် အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာကို ဖြေဆိုရမည်ဖြစ်ပြီး နိုဝင်ဘာ (၁၉)ရက်တွင် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်မောင်းနှင့် ရုံးအကူရာထူးအား လျှောက်ထားသူများသည် နိုဝင်ဘာ (၁၉)ရက်တွင် လူတွေ့စစ်‌ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

အရည်အချင်းစစ်စာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အလုပ္သမားဝန္ႀကီးဌာနတြင္ လစ္လပ္ေနသည့္ ရာထူးေနရာ (၅၃)ေနရာအတြက္ ဝန္ထမ္းမ်ား ေခၚယူ
ေစာ (NP News) - စက္တင္ဘာ ၂၉

အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနတြင္ လစ္လပ္လ်က္ရွိေနေသာ ရာထူးေနရာ (၅၃)ေနရာအတြက္ ဝန္ထမ္းမ်ား ေခၚယူေနေၾကာင္း သိရသည္။

အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနမွ ယေန႔(စက္တင္ဘာလ ၂၉ ရက္)ထုတ္ ႏိုင္ငံပိုင္ သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

အလုပ္႐ုံ ႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနတြင္ အငယ္တန္းစာေရးရာထူးအတြက္ (၄၅)ေနရာ၊ ယာဥ္ေမာင္း (၅) ရာထူးအတြက္ (၃)ေနရာ၊ ႐ုံးအကူရာထူးအတြက္ (၅)ေနရာကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အထက္ပါရာထူးအတြက္ ေလွ်ာက္လႊာမ်ားအား ယခင္က စက္တင္ဘာလ (၂၉)ရက္တြင္ ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားေသာ္လည္း ယခုတြင္ ေအာက္တိုဘာ(၂၇)ရက္အထိ ေလွ်ာက္ထား ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

ေလွ်ာက္ထားမ်ားအေနျဖင့္ အငယ္တန္းရာထူးအတြက္ ႏိုဝင္ဘာ(၁၈)ရက္တြင္ အေထြေထြဗဟုသုတႏွင့္ အဂၤလိပ္စာကို ေျဖဆိုရမည္ျဖစ္ၿပီး ႏိုဝင္ဘာ (၁၉)ရက္တြင္ ကြန္ပ်ဴတာစစ္ေဆးျခင္းႏွင့္ လူေတြ႕စစ္ေဆးျခင္းကို ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ယာဥ္ေမာင္းႏွင့္ ႐ုံးအကူရာထူးအား ေလွ်ာက္ထားသူမ်ားသည္ ႏိုဝင္ဘာ (၁၉)ရက္တြင္ လူေတြ႕စစ္‌ေဆး သြားမည္ျဖစ္ေၾကာင္း သိရသည္။

အရည္အခ်င္းစစ္စာေမးပြဲကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ မြန္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္၊ ဝန္ႀကီးဌာန၊ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန၊ ႐ုံးအမွတ္ (၅၁)တြင္ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.