အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက္ကာသီ အယုံကြည်မရှိအဆိုတင်သွင်းခံရကာ ရာထူးမှဖယ်ရှားခံရ

2248
ဂျန်ဇက် (NP News) - အောက်တိုဘာ ၄
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက္ကာသီကို အယုံကြည်မရှိအဆိုတင်သွင်းပြီး အောက်တိုဘာလ ၃ ရက်မှာ ရာထူးကနေဖြုတ်ချလိုက်ကြောင်းသိရပါတယ်။

မက္ကာသီကို အောက်လွှတ်တော်အတွင်း ဥက္ကဋ္ဌအဖြစ် အယုံအကြည်မရှိကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ မက္ကာသီကို ရာထူးမှဖယ်ရှားဖို့ ထောက်ခံမဲ ၂၁၆မဲ၊ ကန့်ကွက်မဲ ၂၁၀ မဲ ရှိခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီဝင်များကြီးစိုးထားပြီး မက္ကာသီဟာလည်း ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် မက္ကာသီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အစိုးရဘတ်ဂျတ် ရန်ပုံငွေခွင့်ပြုပေးရေးနဲ့ပတ်သက်ပြီး အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီအမတ်များနဲ့ သဘောတူညီမှု စာချုပ်များချုပ်ဆိုခဲ့ရာ ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်များကြားအငြင်းပွားမှုတွေရှိခဲ့ပါတယ်။
ရီပတ်ဘလီကန်ပါတီအတွင်းရှိ သဘောထားတင်းမာတဲ့ အမတ်အချို့က အစိုးရကို ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုမပေးဘဲ အစိုးရအေဂျင်စီများ Shutdown ဖြစ်လိုနေကြောင်းသိရပါတယ်။ မက္ကာသီနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ အမတ်တစ်ဦးဖြစ်တဲ့ Matt Gaetz က မက္ကာသီကို အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးမှဖြုတ်ချဖို့ ဦးဆောင်ခဲ့ကြောင်းသိရပါတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့ ရီပတ်ဘလီကန်ပါတီ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Matt Gaetz က မက္ကာသီဟာ ယူကရိန်းကို အကူအညီများဆက်လက်ပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရနဲ့ လျှို့ဝှက်စာချုပ်များချုပ်ဆိုထားကြောင်း စွပ်စွဲမှုတွေရှိနေကြောင်းသိရပါတယ်။
မက္ကာသီဟာ အောက်တိုဘာလ ၃ ရက်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကို ဆုံးရှုံးသွားခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားအချို့နဲ့ private meeting လုပ် ဆောင်ခဲ့ပြီး ၎င်းအနေနဲ့အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ မက္ကာသီဟာ ဇန်နဝါရီလမှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရပြီး Matt Gaetz အပါအဝင် ရီပတ်ဘလီကန်ပါတီအတွင်းရှိ လက်ယာစွန်းလွှတ်တော်ကိုယ်စားလှယ်အချို့က မက္ကာသီကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်ထားဖို့ ထောက်ခံမဲပေးတာမျိုးမရှိခဲ့ကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ျဖစ္သူ ကီဗင္မကၠာသီ အယုံၾကည္မရွိအဆိုတင္သြင္းခံရကာ ရာထူးမွဖယ္ရွားခံရ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၄
အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေအာက္လႊတ္ေတာ္ဥကၠ႒ျဖစ္သူ ကီဗင္မကၠာသီကို အယုံၾကည္မရွိအဆိုတင္သြင္းၿပီး ေအာက္တိုဘာလ ၃ ရက္မွာ ရာထူးကေနျဖဳတ္ခ်လိုက္ေၾကာင္းသိရပါတယ္။
မကၠာသီကို ေအာက္လႊတ္ေတာ္အတြင္း ဥကၠ႒အျဖစ္ အယုံအၾကည္မရွိေၾကာင္း အဆိုကို မဲခြဲဆုံးျဖတ္ခဲ့ရာ မကၠာသီကို ရာထူးမွဖယ္ရွားဖို႔ ေထာက္ခံမဲ ၂၁၆မဲ၊ ကန႔္ကြက္မဲ ၂၁၀ မဲ ရွိခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္မွာ ရီပတ္ဘလီကန္ပါတီဝင္မ်ားႀကီးစိုးထားၿပီး မကၠာသီဟာလည္း ရီပတ္ဘလီကန္ပါတီ ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ မကၠာသီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ အစိုးရဘတ္ဂ်တ္ ရန္ပုံေငြခြင့္ျပဳေပးေရးနဲ႔ပတ္သက္ၿပီး အထက္လႊတ္ေတာ္ရွိ ဒီမိုကရက္တစ္ပါတီအမတ္မ်ားနဲ႔ သေဘာတူညီမႈ စာခ်ဳပ္မ်ားခ်ဳပ္ဆိုခဲ့ရာ ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားၾကားအျငင္းပြားမႈေတြရွိခဲ့ပါတယ္။
ရီပတ္ဘလီကန္ပါတီအတြင္းရွိ သေဘာထားတင္းမာတဲ့ အမတ္အခ်ိဳ႕က အစိုးရကို ဘတ္ဂ်က္ရန္ပုံေငြ ခြင့္ျပဳမေပးဘဲ အစိုးရေအဂ်င္စီမ်ား Shutdown ျဖစ္လိုေနေၾကာင္းသိရပါတယ္။ မကၠာသီနဲ႔ရင္းႏွီးတဲ့မိတ္ေဆြတစ္ဦးျဖစ္တဲ့ ရီပတ္ဘလီကန္ပါတီ အမတ္တစ္ဦးျဖစ္တဲ့ Matt Gaetz က မကၠာသီကို ေအာက္လႊတ္ေတာ္ဥကၠ႒ရာထူးမွျဖဳတ္ခ်ဖို႔ ဦးေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ ဖေလာ္ရီဒါျပည္နယ္ရဲ႕ ရီပတ္ဘလီကန္ပါတီ ေအာက္လႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ Matt Gaetz က မကၠာသီဟာ ယူကရိန္းကို အကူအညီမ်ားဆက္လက္ေပးႏိုင္ဖို႔အတြက္ အေမရိကန္အစိုးရနဲ႔ လွ်ိဳ႕ဝွက္စာခ်ဳပ္မ်ားခ်ဳပ္ဆိုထားေၾကာင္း စြပ္စြဲမႈေတြရွိေနေၾကာင္းသိရပါတယ္။
မကၠာသီဟာ ေအာက္တိုဘာလ ၃ ရက္မွာ ေအာက္လႊတ္ေတာ္ဥကၠ႒ရာထူးကို ဆုံးရႈံးသြားခဲ့ၿပီးေနာက္ ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္ကိုယ္စားအခ်ိဳ႕နဲ႔ private meeting လုပ္ ေဆာင္ခဲ့ၿပီး ၎အေနနဲ႔ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္ ဆက္လက္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။ မကၠာသီဟာ ဇန္နဝါရီလမွာ ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္ခန႔္အပ္ခံရၿပီး Matt Gaetz အပါအဝင္ ရီပတ္ဘလီကန္ပါတီအတြင္းရွိ လက္ယာစြန္းလႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က မကၠာသီကို ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္ခန႔္ထားဖို႔ ေထာက္ခံမဲေပးတာမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။