ဟောလီးဝုဒ်သရုပ်ဆောင်တွေရဲ့သပိတ်မှောက်မှုအပြီးမှာ စျေးတက်ဖို့ Netflix စီစဉ်နေ

750

ရောင်နီ (NP News) - အောက်တိုဘာ ၅
လက်ရှိ ဟောလီးဝုဒ်သရုပ်ဆောင်တွေရဲ့သပိတ်မှောက်မှုတွေ အဆုံးသတ်ခဲ့ပြီးနောက် Netflix ဟာ ၎င်းရဲ့ကြော်ငြာမပါတဲ့ ဝန်ဆောင်မှုစျေးနှုန်းတွေကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ Wall Street Journal (WSJ) က အင်္ဂါနေ့ ( အောက်တိုဘာ ၄ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ ၃ ရာခိုင်နှုန်းကျော် တက်လာခဲ့တယ်လို့ သိရပါတယ်။
Netflix ဟာ ကမ္ဘာတစ်ဝန်းရှိ စျေးကွက်အများအပြားမှာ စျေးနှုန်းတိုးမြှင့်ဖို့ ဆွေးနွေးနေပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ အရင်ဆုံး စျေးကွက် စတင်နိုင်ဖွယ်ရှိတယ်လို့ WSJ က အဆိုပါကိစ္စနဲ့ ရင်းနှီးသူတွေကို ကိုးကားပြီး အစီရင်ခံခဲ့ပါတယ်။
ဒါပေမယ့် စျေးနှုန်းဘယ်လောက် တိုးမြှင့်မယ် (ဒါမှမဟုတ်) စျေးနှုန်းသစ်တွေ ဘယ်ချိန် အသက်ဝင်မယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
AI နည်းပညာရဲ့ တိုးတက်မှုတွေကြောင့် သရုပ်ဆောင်တွေနေရာ အစားထိုးခံရနိုင်ဖွယ် ရှိတာနဲ့ ပတ်သတ်ပြီး ဆန္ဒပြခဲ့တဲ့ SAG-AFTRA သရုပ်ဆောင်များသမဂ္ဂနဲ့ စတူဒီယိုတွေကို ကိုယ်စားပြုတဲ့ Alliance of Motion Picture and Television Producers (AMPTP) ကတော့ ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Netflix ဟာ ဖေဖော်ဝါရီလက နိုင်ငံအချို့မှာ ၎င်းရဲ့ scribe စျေးနှုန်းတွေ လျှော့ချခြင်း၊ မေလမှာ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ subscriber တွေရဲ့စကားဝှက်မျှဝေအသုံးပြုခြင်းကို ပိတ်ဆို့ဖို့ ကန့်သတ်ချက် ချမှတ်ခဲ့ပါတယ်။

Zawgyi Version;
ဟောလီးဝုဒ်သရုပ်ဆောင်တွေရဲ့သပိတ်မှောက်မှုအပြီးမှာ ဈေးတက်ဖို့ Netflix စီစဉ်နေ
လက်ရှိ ဟောလီးဝုဒ်သရုပ်ဆောင်တွေရဲ့သပိတ်မှောက်မှုတွေ အဆုံးသတ်ခဲ့ပြီးနောက် Netflix ဟာ ၎င်းရဲ့ကြော်ငြာမပါတဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ Wall Street Journal (WSJ) က အင်္ဂါနေ့ ( အောက်တိုဘာ ၄ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
Netflix ဟာ ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်အများအပြားမှာ ဈေးနှုန်းတိုးမြှင့်ဖို့ ဆွေးနွေးနေပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ အရင်ဆုံး ဈေးကွက် စတင်နိုင်ဖွယ်ရှိတယ်လို့ WSJ က အဆိုပါကိစ္စနဲ့ ရင်းနှီးသူတွေကို ကိုးကားပြီး အစီရင်ခံခဲ့ပါတယ်။
ဒါပေမယ့် ဈေးနှုန်းဘယ်လောက် တိုးမြှင့်မယ် (ဒါမှမဟုတ်) ဈေးနှုန်းသစ်တွေ ဘယ်ချိန် အသက်ဝင်မယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Netflix ဟာ ဖေဖော်ဝါရီလက နိုင်ငံအချို့မှာ ၎င်းရဲ့ scribe ဈေးနှုန်းတွေ လျှော့ချခြင်း၊ မေလမှာ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ subscriber တွေရဲ့စကားဝှက်မျှဝေအသုံးပြုခြင်းကို ပိတ်ဆို့ဖို့ ကန့်သတ်ချက် ချမှတ်ခဲ့ပါတယ်။
==============
မူးယစ်ဆေးဝါး ဖန်တာနိုင်း ရောင်းဝယ်ဖောက်ကားမှုနဲ့ တရုတ်ကုမ္ပဏီတွေကို အမေရိကန်က အရေးယူမည်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဟာ လူသေစေနိုင်တဲ့ မူးယစ်ဆေးဝါး ဖန်တာနိုင်း ရောင်းဝယ်ဖောက်ကားမှုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေပြီး အဓိကအားဖြင့် တရုတ်ကုမ္ပဏီတွေနဲ့ လူတွေကို ပစ်မှတ်ထား အရေးယူသွားမယ်လို့ အင်္ဂါနေ့ (အောက်တိုဘာ ၃ ရက်) မှာ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံအခြေစိုက် ကွန်ရက်ကြီးတစ်ခုအပါအဝင် နိုင်ငံတကာ တရားမဝင် မူးယစ်ဆေးဝါးများ ပြန့်ပွားမှုမှာ ပါဝင်ပတ်သက်နေတဲ့ လူ ၂၈ ဦးကိုလည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရက မူးယစ်ဆေးဝါး တင်သွင်းမှုကို ဟန့်တားဖို့ ကြိုးပမ်းနေချိန်မှာ ဖန်တာနိုင်းနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားကာ ဝါရှင်တန်ရဲ့ နောက်ဆုံးပစ်မှတ်ကတော့ တရုတ်ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အမေရိကန် တရားရေးဌာနဟာလည်း တရုတ်အခြေစိုက် ကုမ္ပဏီရှစ်ခုနဲ့ ၎င်းတို့ရဲ့ ဝန်ထမ်း ၁၂ ဦးတို့ကို ဖန်တာနိုင်းနဲ့ စိတ်ကြွဆေးထုတ်လုပ်ခြင်း၊ ဓာတုဆေးဝါးများ ဖြန့်ဖြူးခြင်း၊ ဓာတုပစ္စည်းများ ရောင်းချခြင်းတို့နဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှုတွေနဲ့ စွဲချက်ရှစ်ခုထိ တင်ခဲ့ပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လီယူပန်ဂူက တရုတ်နိုင်ငံဟာ အင်္ဂါနေ့(အောက်တိုဘာ ၃ ရက်နေ့) က ဝါရှင်တန် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ကန့်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ တရုတ်အစိုးရရဲ့ အမေရိကန်အပေါ် ရပ်တည်ချက်ဟာ ပြောင်းလဲခြင်း မရှိဖူးကြောင်း ၊ ဒါပေမယ့် အမေရိကန်ဟာ တရုတ်ရဲ့ စေတနာကို ဂရုမစိုက်ဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများ၊ အပုပ်ချခြင်းနဲ့ ဆဲရေးခြင်းဆိုင်ရာ နည်းဗျူဟာတွေနဲ့ တရုတ်ကို အချည်းနှီးပြောဆိုနေပြီး ယင်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံအုတ်မြစ်ကို ချိုးဖျက်နေခြင်းပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖန်တာနိုင်း ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုမှာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးမှုတွေ မြင့်တက်လာစေခဲ့တဲ့ အစွမ်းထက် ဓာတုပစ္စည်း ဖြစ်ပါတယ်။ အင်္ဂါနေ့ (အောက်တိုဘာ ၃ ရက်နေ့) က ကြေညာခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုမှာ ပစ်မှတ်ထားခံရသူတွေရဲ့ အမေရိကန်ပိုင်ဆိုင်မှုမှန်သမျှကို ရပ်တန့်စေပြီး အမေရိကန်လူမျိုးတွေကိုလည်း ၎င်းတို့နဲ့ အဆက်အဆံမလုပ်ဖို့လည်း တားမြစ်ထားတယ်လို့ သိရပါတယ်။