၂ဝ၂၃ ခုနှစ်က ကမ္ဘာ့အပူချိန်မြင့်မားတဲ့ စံချိန်တင်နှစ် တစ်နှစ် ဖြစ်လာဖွယ်ရှိနေ

849

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅
၂ဝ၂၃ ခုနှစ်ဟာ ကမ္ဘာ့အပူချိန်မြင့်မားတဲ့ စံချိန်တင် နှစ်တစ်နှစ်ဖြစ်လာခဲ့ကြောင်း၊ ဥရောပသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲရေးဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
ဒီနှစ်အတွင်း အပူချိန်ဟာ ပျှမ်းမျှအပူချိန်ထက် ဝ ဒသမ ၅၂ ဒီဂရီစင်တီဂရိတ် ပိုမြင့်တက်လာနေကြောင်း အဆိုပါ အဖွဲ့က ပြောပါတယ်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့အပူချိန်ဟာ ၁၈၅ဝ ပြည့်နှစ်ကနေ ၁၉ဝဝ ပြည့်နှစ် အတွင်းရှိခဲ့ဖူးတဲ့ အပူချိန်ထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ် မြင့်တက်နေကြောင်း သိရပါတယ်။
ရာသီဥတုပြောင်းလဲမှုတွေဟာ ကမ္ဘာ့ရာသီဥတု နဲ့ အပူချိန်ကို မြင့်တက်အောင် တွန်းအားပေးစေခဲ့ကြောင်း အဆိုပါ အဖွဲ့က သုံးသပ်ထားပါတယ်။ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက် ဒီနှစ်မှာ ၁ ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ် အထိတိုးလာဖွယ်ရှိနေကြောင်းသိရပါတယ်။
ဒီနှစ်အတွင်း အယ်နီညိုဝင်ရောက်မှုတွေကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကမ္ဘာ့အပူချိန် စံချိန်တင်မြင့်တက် လာခဲ့ကြောင်း သိရပါတယ်။ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ရေမျက်နှာပြင်ပူနွေးမှုတွေ ရှိလာခဲ့ရာ ကမ္ဘာ့အပူချိန်စံချိန်တင်မြင့်တက်လာနေကြောင်း သိရပါတယ်။ အန္တာတိက ပင်လယ်ရေခဲပြင်ဟာ တစ်နှစ်တာ အတွင်း စံချိန်တင် အနိမ့်ဆုံးအဆင့်ကိုရောက်ရှိနေသလို အာတိတ်ရေခဲမျက်နှာပြင်ဟာလည်း ပျှမ်းမျှထက် ၁၈ ရာခိုင်နှုန်း လျော့နည်းနေကြောင်း သိရပါတယ်။
ရာသီဥတုဆိုင်ရာသုတေသီတစ်ဦးဖြစ်တဲ့ Samantha Burgess က "ပြီးခဲ့တဲ့နွေရာသီမှာ အပူချိန် စံချိန်တင်ဖြစ်လာ ခဲ့တယ်။ စက်တင်ဘာလအတွင်း အပူချိန်ကိုလေ့လာကြည့်ရာမှာလည်း အပူချိန်မြင့်တက်နေဆဲဖြစ်တယ်။ စက်တင်ဘာလအတွင်း အပူချိန်ဟာ ယခင်နှစ်တွေက ရှိခဲ့ဖူးတဲ့ ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ပိုများနေတယ်" လို့ ပြောပါတယ်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္က ကမာၻ႔အပူခ်ိန္ျမင့္မားတဲ့ စံခ်ိန္တင္ႏွစ္ တစ္ႏွစ္ ျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅
၂ဝ၂၃ ခုႏွစ္ဟာ ကမာၻ႔အပူခ်ိန္ျမင့္မားတဲ့ စံခ်ိန္တင္ ႏွစ္တစ္ႏွစ္ျဖစ္လာခဲ့ေၾကာင္း၊ ဥေရာပသမဂၢရဲ႕ ရာသီဥတု ေျပာင္းလဲေရးဝန္ေဆာင္မႈအဖြဲ႕က ေျပာပါတယ္။
ဒီႏွစ္အတြင္း အပူခ်ိန္ဟာ ပွ်မ္းမွ်အပူခ်ိန္ထက္ ဝ ဒသမ ၅၂ ဒီဂရီစင္တီဂရိတ္ ပိုျမင့္တက္လာေနေၾကာင္း အဆိုပါ အဖြဲ႕က ေျပာပါတယ္။
၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလကေန စက္တင္ဘာလအတြင္း ကမာၻ႔အပူခ်ိန္ဟာ ၁၈၅ဝ ျပည့္ႏွစ္ကေန ၁၉ဝဝ ျပည့္ႏွစ္ အတြင္းရွိခဲ့ဖူးတဲ့ အပူခ်ိန္ထက္ ၁ ဒသမ ၄ ဒီဂရီစင္တီဂရိတ္ ျမင့္တက္ေနေၾကာင္း သိရပါတယ္။
ရာသီဥတုေျပာင္းလဲမႈေတြဟာ ကမာၻ႔ရာသီဥတု နဲ႔ အပူခ်ိန္ကို ျမင့္တက္ေအာင္ တြန္းအားေပးေစခဲ့ေၾကာင္း အဆိုပါ အဖြဲ႕က သုံးသပ္ထားပါတယ္။ ၂ဝ၁၆ ခုႏွစ္ကေန ၂ဝ၂ဝ ခုႏွစ္အတြင္း ရရွိခဲ့တဲ့ ကမာၻ႔အပူခ်ိန္ထက္ ဒီႏွစ္မွာ ၁ ဒသမ ၂၅ ဒီဂရီ စင္တီဂရိတ္ အထိတိုးလာဖြယ္ရွိေနေၾကာင္းသိရပါတယ္။
ဒီႏွစ္အတြင္း အယ္နီညိဳဝင္ေရာက္မႈေတြေၾကာင့္ ရာသီဥတုေျပာင္းလဲမႈနဲ႔အတူ ကမာၻ႔အပူခ်ိန္ စံခ်ိန္တင္ျမင့္တက္ လာခဲ့ေၾကာင္း သိရပါတယ္။ ပစိဖိတ္သမုဒၵရာအလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းတို႔မွာ ေရမ်က္ႏွာျပင္ပူေႏြးမႈေတြ ရွိလာခဲ့ရာ ကမာၻ႔အပူခ်ိန္စံခ်ိန္တင္ျမင့္တက္လာေနေၾကာင္း သိရပါတယ္။ အႏၲာတိက ပင္လယ္ေရခဲျပင္ဟာ တစ္ႏွစ္တာ အတြင္း စံခ်ိန္တင္ အနိမ့္ဆုံးအဆင့္ကိုေရာက္ရွိေနသလို အာတိတ္ေရခဲမ်က္ႏွာျပင္ဟာလည္း ပွ်မ္းမွ်ထက္ ၁၈ ရာခိုင္ႏႈန္း ေလ်ာ့နည္းေနေၾကာင္း သိရပါတယ္။
ရာသီဥတုဆိုင္ရာသုေတသီတစ္ဦးျဖစ္တဲ့ Samantha Burgess က "ၿပီးခဲ့တဲ့ေႏြရာသီမွာ အပူခ်ိန္ စံခ်ိန္တင္ျဖစ္လာ ခဲ့တယ္။ စက္တင္ဘာလအတြင္း အပူခ်ိန္ကိုေလ့လာၾကည့္ရာမွာလည္း အပူခ်ိန္ျမင့္တက္ေနဆဲျဖစ္တယ္။ စက္တင္ဘာလအတြင္း အပူခ်ိန္ဟာ ယခင္ႏွစ္ေတြက ရွိခဲ့ဖူးတဲ့ ပွ်မ္းမွ်အပူခ်ိန္ထက္ ၁ ဒသမ ၄ ဒီဂရီစင္တီဂရိတ္ ပိုမ်ားေနတယ္" လို႔ ေျပာပါတယ္။