ဖြူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် (၃)ဦးသေဆုံး ၊(၂၅)ဦး ဒဏ်ရာရ

 322

Pearl (NP News) - ဇူလိုင် ၁

ဖြူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် (၃)ဦးသေဆုံး ၊(၂၅)ဦး ဒဏ်ရာရရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သောင်ပုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ဝဲကြီး(တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုသော်တာဦး(၂၂)နှစ်၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဦးဆန်းဝင်း (၅၆)နှစ်၊ မောင်မျိုးမင်းဆက်(၂၄)နှစ်၊ မောင်ဉာဏ်လင်းထက်(၂၂)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ မောင်ကံထူးဝေ(၈)လ၊ မောင်စုမြတ်သူ (၁၂)နှစ်၊ မစုမြတ်မွန်(၁၀)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မရွှေဇင်ဦး(၂၆)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ ဒေါ်ဇာ(၃၄)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာ နေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း (၄၆)နှစ်တို့ (၂၅) ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျဖဴးၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ (၃)ဦးေသဆုံး ၊(၂၅)ဦး ဒဏ္ရာရ
Pearl (NP News) - ဇူလိုင္ ၁

ျဖဴးၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ (၃)ဦးေသဆုံး ၊(၂၅)ဦး ဒဏ္ရာရရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၉ ရက္ေန႔၊ နံနက္ ၅ နာရီ ၂၀ မိနစ္ခန႔္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီး(ေတာင္)ေက်း႐ြာသို႔ KNLA အဖြဲ႕ႏွင့္ PDF အဖြဲ႕ဝင္မ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေသာင္ပုေက်း႐ြာဘက္သို႔ ျပန္လည္ဆုတ္ခြာသြားေၾကာင္း သိရသည္။ အဆိုပါပစ္ခတ္တိုက္ခိုက္ခဲ့မႈျဖစ္စဥ္အတြင္း ဝဲႀကီး(ေတာင္)ေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ ေမာင္ဇြဲျပည့္(၇)ႏွစ္၊ ေဒၚခင္ေအးစု(၅၆)ႏွစ္ႏွင့္ ေဒၚသီတာဦး(၃၅)ႏွစ္တို႔သုံးဦးတြင္ ဗုံးသီးေပါက္ကြဲစထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ကိုေသာ္တာဦး(၂၂)ႏွစ္၊ ေဒၚခင္ေ႐ႊ(၇၀)ႏွစ္၊ ဦးဆန္းဝင္း (၅၆)ႏွစ္၊ ေမာင္မ်ိဳးမင္းဆက္(၂၄)ႏွစ္၊ ေမာင္ဉာဏ္လင္းထက္(၂၂)ႏွစ္၊ ေမာင္ျပည့္စုံ(၁၈)ႏွစ္၊ ဦးတင္ဝင္းထြန္း(၄၄)ႏွစ္၊ ဦးမ်ိဳးမင္းထြန္း(၃၇)ႏွစ္၊ ေမာင္ေကာင္းခန႔္ေသာ္(၈)ႏွစ္၊ ေဒၚစံပယ္(၄၃)ႏွစ္၊ ေမာင္ခန႔္(ခ)ခန႔္ညား(၁၇)ႏွစ္၊ ေမာင္ဘုန္းခန႔္ေသာ္(၇)လ၊ ေမာင္ကံထူးေဝ(၈)လ၊ ေမာင္စုျမတ္သူ (၁၂)ႏွစ္၊ မစုျမတ္မြန္(၁၀)ႏွစ္၊ မသြယ္သြယ္စိုး(၈)ႏွစ္၊ မေ႐ႊဇင္ဦး(၂၆)ႏွစ္၊ မတြယ္တာဦး(၂၀)ႏွစ္၊ ေဒၚဝါဝါျမင့္(၄၉)ႏွစ္၊ ေဒၚစုေႏြဇင္(၃၈)ႏွစ္၊ ေဒၚဇာ(၃၄)ႏွစ္၊ ေဒၚခ်ိဳ(၆၀)ႏွစ္၊ ဝဲႀကီး(ေျမာက္)ေက်း႐ြာ ေနသူမ်ားျဖစ္ၾကသည့္ ဦးဝင္းၫြန႔္(၅၆)ႏွစ္၊ ေဒၚခင္ေဌး(၇၃)ႏွစ္ႏွင့္ ဝဲေဒါင့္ေက်း႐ြာေန ဦးႏိုင္ထြန္း (၄၆)ႏွစ္တို႔ (၂၅) ဦးတြင္ ဗုံးသီးေပါက္ကြဲစထိမွန္ဒဏ္ရာ၊ က်ည္ထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ျဖဴးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္၍ လိုအပ္သည့္ ေဆးဝါးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး တာဝန္ရွိသူမ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.