အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (1:00 PM)

 7722

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းတို့အနေနဲ့ ပါလက်စတိုင်းလူမျိုးတွေနေထိုင်နေတဲ့ ဂါဇာဒေသကို လူမနေတဲ့ စွန့်ခွာကျွန်းသဖွယ်ဖြစ်အောင် ဝန်းရံပိတ်ဆို့သွားမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ဂါဇာဒေသက အမြန်ဆုံးထွက်ခွာဖို့ သတိပေးပြောဆိုလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရဲ့ သတိပေးပြောဆိုချက်များကြောင့် ဂါဇာဒေသမှာနေထိုင်နေတဲ့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေကြောင်းသိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့ကြိုတင်သတိပေးချက်မရှိဘဲ အလစ်တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းအားပြုတိုက် ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။

အစ္စရေးဟာ တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အောက်တိုဘာလ ၈ ရက်က ဗုံးကြဲတိုက်ခိုက်မှုများနဲ့ ပြန်လည်လက်တုံ့ပြန်ခဲ့ပြီး ဂါဇာမြို့လယ်ခေါင်ရှိ ပါလက်စတိုင်းရုံးတွေအပြင် အဆောက်အဦးပေါင်း ဒါဇင်ချီ ဗုံးကြဲခံခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့်ဂါဇာမြို့ရှိ အထပ် ၁၄ ထပ်ရှိတဲ့ တာဝါအဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။

အစ္စရေး နဲ့ ဟားမက်စ်အဖွဲ့ကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာတံခါးပိတ်အရေးပေါ်အစည်းအဝေးကျင်းပနေကြောင်းသိရပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ နိုင်ငံဖြစ်တဲ့ မော်လ်တာနိုင်ငံက အရေးပေါ် အစည်းအဝေးကျင်းပဖို့ တောင်းဆိုခဲ့သလို ယူအေအီး နဲ့ ဘရာဇီးတို့ကလည်း မော်လ်တာရဲ့တောင်းဆိုမှုတွေကို ထောက်ခံခဲ့ကြောင်းသိရပါတယ်။

အစ္စရေးစစ်ဘက်က၎င်းတို့အနေနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်ဖို့ ပြင်ဆင်နေခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ မတူညီတဲ့နေရာ ၇ ခုမှာနေထိုင်နေတဲ့ဒေသခံတွေကို နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာသွားရောက်နေထိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အစ္စရေးဟာ တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အောက်တိုဘာလ ၈ ရက်က ဗုံးကြဲတိုက်ခိုက်မှုများနဲ့ ပြန်လည်လက်တုံ့ပြန်ခဲ့ပြီး ဂါဇာမြို့လယ်ခေါင်ရှိ ပါလက်စတိုင်းရုံးတွေ၊ အပြင်အဆောက်အဦးပေါင်း ဒါဇင်ချီ ဗုံးကြဲခံခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဂါဇာမြို့ရှိ အထပ် ၁၄ ထပ်ရှိတဲ့ တာဝါအဆောက်အဦး လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။

အစ္စရေးလေကြောင်းလိုင်းတွေဟာ ဟားမက်စ်အဖွဲ့ နဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် အောက်တိုဘာလ ၈ ရက် ညနေပိုင်းက စတင်ပြီး တဲအဲဗစ် မြို့ပျံသန်းမယ့် လေကြောင်းခရီးစဉ် ၈၀ကျော်ကို ဆိုင်းငံ့လိုက်ကြောင်းသိရပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေဟ ဂါဇာဒေသကို လေကြောင်းက အရှိန်မြင့်တိုက်ခိုက်နေခြင်းကြောင့် အစ္စရေးကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်အချို့ကိုလည်း လက်ရှိအချိန်မှာ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်းများလုပ်ဆောင်နေကြောင်းသိရပါတယ်။

အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့က အမေရိကန်လေကြောင်းလိုင်းတွေကို အစ္စရေးလေကြောင်းပိုင်နက်အတွင်း ပျံသန်းခြင်းမျိုးမလုပ်ဖို့ နဲ့ ပျံသန်းမယ်ဆိုရင်လည်း သတိထားဖို့ အောက်တိုဘာလ ၉ ရက်က သတိပေးလိုက်ပါတယ်။ အစ္စရေးတိုက် လေယာဉ်တွေဟာ ဝေဟင်မှာ ပျံသန်းမှုလုပ်ဆောင်ကာ ဂါဇာဒေသရှိ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တွေကို တိုက်ခိုက်လျက်ရှိနေကြောင်းသိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့ နဲ့ နိုးနိုးကြားကြား သတိနဲ့နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဟားမက်စ် နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန်အစိုးရက အစ္စရေးဟာ ကိုယ်ကိုယ်ကို ခုခံပိုင်ခွင့်အရ ဟားမက်စ်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အခွင့်ရေးရှိနေကြောင်း၊ ပြောဆိုထားသလို လာမယ့်ရက်ပိုင်းအတွင်းအစ္စရေး လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့အနေနဲ့ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ၎င်းတို့အနေနဲ့လည်း ပြန်ပေးဆွဲခဲ့တဲ့ အစ္စရေး တပ်ဖွဲ့ဝင်များနဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ်လို့ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ al-Arouri ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းက အစ္စရေး ကိုရော့ကဒ် ဒုံးကျည်ထောင်ချီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလိုအစ္စရေးပိုင်နက်တွေအတွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနယ်ခြားစောင့်တပ်ဖွဲ့တွေ နဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့ကြောင်းသိရပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်အတွင်း အစ္စရေးစစ်သားအများအပြားကို ဖမ်းဆီးခဲ့သလို သတ်ဖြတ်တာမျိုးတွေလည်းလုပ်ခဲ့တယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဖမ်းဆီးထားတဲ့အစ္စရေးတပ်ဖွဲ့တွေ နဲ့အစ္စရေးနိုင်ငံ သားတွေကို ပြန်လွှတ်ပေးမှာပါ"လို့ ပြောပါတယ်။ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ပါလက်စတိုင်းလူမျိုး ၅၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အကျဉ်သားအခွင့်ရေးစောင့်ရှောက်ရေးအဖွဲ့ Addameer က ပြောပါတယ်။

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (12:15 PM)

ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ al-Arouri က လွတ်လပ်မှုအတွက် တိုက်ပွဲဆင်နွဲနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဘက်စုံတိုက်ပွဲများကို ပြုလုပ်နေပြီး၊ တိုက်ပွဲများကို လက်ရှိထက် ပိုမိုအရှိန်မြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက "ကျွန်တော်တို့အဖွဲ့ရဲ့အဓိက ပစ်မှတ်က လွတ်လပ်ဖို့ပါ။ ကျွန်တော်တို့ ပါလက်စတိုင်းတွေ လွတ်မြောက်ဖို့ ပါ။ ကျွန်တော်တို့ဟာ လွတ်မြောက်ဖို့၊ လွတ်လပ်ဖို့ အခွင့်အရေးရှိတယ်။ ကျွန်တော်တို့ဟာ အောင်ပွဲ၊ လွတ်လပ်မှု နဲ့ လွတ်လပ်ရေး ရယူနိုင်ချိန်အထိ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်မယ်" ဟု ပြောသည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ပေးပို့နေသော လျှပ်စစ်ဓါတ်အား၊ ရေနံနှင့် ကုန်စည်ပို့ဆောင်ပေးမှုများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က သတင်းထုတ်ပြန်လိုက်သည်။ အစ္စရေးက လျှပ်စစ်မီး ပို့လွှတ် ပေးနေမှုများ ဖြတ်တောက်လိုက်ခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်နေသူများသည် ညအမှောင်ထဲ တွင် ရှင်သန်နေထိုင်နေရကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က ဂါဇာကမ်းမြောင်ဒေသအပေါ် ပြုလုပ်နေသော တန်ပြန်စစ်ဆင်ရေးပထမ အဆင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့များရှိနေသည့် နေရာအများအပြားကို တိုက်ခိုက် ခဲ့ကြောင်း ပြောသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကမ္ဘာ့အကြီးဆုံး ဆွန်နီဘာသာရေး လေ့လာသင်ကြားပေးနေသည့် Al-Azhar al-Sharif ဗလီက အစ္စရေးအပေါ် ဟားမက်စ်အဖွဲ့၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ပါလက်စတိုင်းနှင့်အတူ စုစည်းညီညွှတ်စွာ ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံရှိ ဂျူးဖက်ဒရေးရှင်းအဖွဲ့ကလည်း အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ပါလက်စတိုင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံအပေါ် အောက်တိုဘာ ၇ ရက်က အံ့အားသင့်ဖွယ် ရုတ်တရက်တိုက်ခိုက်လာခဲ့ပြီးနောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ နှင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့၏ စွမ်းဆောင် ရည်က မေးခွန်းထုတ်စရာဖြစ်လာနေကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းနှင့်ပတ်သက်ပြီး အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဒုတိယအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ Jonathan Panikoff က "ဒီဖြစ်စဉ်မှာ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ကျဆုံးတာကို ပြသလိုက်တာပါ။ သတင်းကြိုတင်လက်ဦးမှု မရယူနိုင်ခဲ့ဘူး" ဟု ဝေဖန်ထား သည်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ခဲ့သော ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ ဟားမက်စ်အုပ်စု၏ တိုက်ခိုက်မှုများကို လူသားမဆန်သော တိုက်ခိုက်မှုအဖြစ် ဝေဖန်ပြစ်တင်လိုက်ပြီး ပါလက်စတိုင်း နှင့် အစ္စရေးနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားအလုပ်သမားတွေကို အမြန်ဆုံး ပြန်ခေါ်ယူ သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

အစ္စရေးနိုင်ငံအပေါ် စတင်တိုက်ခိုက်ခဲ့သော ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး ခဲ့ကာ ထိုင်းနိုင်ငံသား ၁၁ ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။
ကမ္ဘောဒီးယား ကျောင်းသားတစ်ဦးသည် အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲ အတွင်း သေဆုံးသွားခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံသား ၄၅ဝ ဦးသည် အစ္စရေးနိုင်ငံတွင် ကျောင်းတက်လျက်ရှိနေကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (1:00 PM)

အစ္စရေးစစ်တပ်ဟာ အောက်တိုဘာ ၈ ရက်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သိမ်းပိုက်ခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသနယ်စပ်အနီးရှိ ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်စစ်သွေးကြွအဖွဲ့ဟာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အစ္စရေးနိုင်ငံကို ဒုံးကျည် အစင်းပေါင်းထောင်နဲ့ချီ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ထိုးစစ်ဆင်နွဲမှုများလုပ်ဆောင်ခဲ့ရာ Sderot မြို့ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၁ဝ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲ စတင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ အစ္စရေးစစ်တပ်ဟာ နိုင်ငံပိုင်နက်အတွင်းကို စိမ့်ဝင်ရောက်ရှိနေတဲ့ ပါလက်စတိုင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့အများအပြားကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က ရော့ကဒ်ဒုံးကျည်ထောင်ချီ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြေပြင်တပ်ဖွဲ့တွေ စေလွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဟာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက်စလုံးက အနည်းဆုံးလူပေါင်း ၅ဝဝ ကျော် သေဆုံးထားပြီး လူထောင် ချီ ဒဏ်ရာရထားကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံအပေါ် စတင်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေက ပြစ်တင်ရှုတ်ချထားပြီး၊ အစ္စရေးကူညီထောက်ပံ့ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများနဲ့ တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အစ္စရေး နဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုကြားဖြစ်နေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ နဲ့ စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို အီရန်နိုင်ငံက အပြည့်အဝအားပေးထောက်ခံထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အီရန်၊ တူရကီ၊ ဟစ်ဘိုလာ နဲ့ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့စည်းထားကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံအပေါ်အလစ်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စစ်သွေးကြွအဖွဲ့ရဲ့တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားတွေနဲ့ အစ္စရေးပြည်သူအများအပြား ပြန်ပေးဆွဲခံခဲ့ရပြီး ကလေးငယ်၊အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Jonathan Conricusက ပြန်ပေးဆွဲခံရသူအနက်အချို့က သေဆုံးခဲ့ကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ၎င်းတို့ပြန်ပေးဆွဲထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ရုပ်သံဖိုင်ကို အွန်လိုင်းပေါ်မှာပြသခဲ့ပြီး အခြားရုပ်သံဖိုင်ထဲမှာတော့ ဟားမက်စ်အဖွဲ့တွေဟာ ပြန်ပေးဆွဲထားသူတွေကို ကုန်ကားတွေနဲ့ တင်ဆောင်ပြီး ဂါဇာကမ်းမြောင်ဘက်ကို မောင်းနှင်ထွက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဟားမက်စ်အဖွဲ့တွေဟာ အစ္စရေးစစ်သားတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်ပေးဆွဲခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

zawgyi version
အစၥေရး - ပါလက္စတိုင္း ေနာက္ဆုံးရသတင္း updated (12:15 PM)
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ၎တို႔အေနနဲ႔ ပါလက္စတိုင္းလူမ်ိဳးေတြေနထိုင္ေနတဲ့ ဂါဇာေဒသကို လူမေနတဲ့ စြန႔္ခြာကြၽန္းသဖြယ္ျဖစ္ေအာင္ ဝန္းရံပိတ္ဆို႔သြားမွာျဖစ္တဲ့အတြက္ ေဒသခံေတြအေနနဲ႔ဂါဇာေဒသက အျမန္ဆုံးထြက္ခြာဖို႔ သတိေပးေျပာဆိုလိုက္ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕ သတိေပးေျပာဆိုခ်က္မ်ားေၾကာင့္ ဂါဇာေဒသမွာေနထိုင္ေနတဲ့ ေဒသခံေတြ စိုးရိမ္မႈျမင့္တက္ေနေၾကာင္းသိရပါတယ္။ အစၥေရးဟာ ဟားမက္စ္အဖြဲ႕ရဲ႕ႀကိဳတင္သတိေပးခ်က္မရွိဘဲ အလစ္တိုက္ခိုက္ခံရၿပီးေနာက္ ဟားမက္စ္အဖြဲ႕ထိန္းခ်ဳပ္ထားတဲ့ ဂါဇာကမ္းေျမာင္ေဒသကို ေလေၾကာင္းအားျပဳတိုက္ ခိုက္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

အစၥေရးဟာ တိုက္ခိုက္ခံရၿပီးေနာက္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အေပၚ ေအာက္တိုဘာလ ၈ ရက္က ဗုံးႀကဲတိုက္ခိုက္မႈမ်ားနဲ႔ ျပန္လည္လက္တုံ႔ျပန္ခဲ့ၿပီး ဂါဇာၿမိဳ႕လယ္ေခါင္ရွိ ပါလက္စတိုင္း႐ုံးေတြအျပင္ အေဆာက္အဦးေပါင္း ဒါဇင္ခ်ီ ဗုံးႀကဲခံခဲ့ရေၾကာင္းသိရပါတယ္။ အစၥေရးတို႔ရဲ႕ ဗုံးႀကဲတိုက္ ခိုက္မႈေၾကာင့္ဂါဇာၿမိဳ႕ရွိ အထပ္ ၁၄ ထပ္ရွိတဲ့ တာဝါအေဆာက္အဦးလည္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းသိရပါတယ္။

အစၥေရး နဲ႔ ဟားမက္စ္အဖြဲ႕ၾကားအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား အရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာတံခါးပိတ္အေရးေပၚအစည္းအေဝးက်င္းပေနေၾကာင္းသိရပါတယ္။ လုံၿခဳံေရးေကာင္စီအဖြဲ႕ ႏိုင္ငံျဖစ္တဲ့ ေမာ္လ္တာႏိုင္ငံက အေရးေပၚ အစည္းအေဝးက်င္းပဖို႔ ေတာင္းဆိုခဲ့သလို ယူေအအီး နဲ႔ ဘရာဇီးတို႔ကလည္း ေမာ္လ္တာရဲ႕ေတာင္းဆိုမႈေတြကို ေထာက္ခံခဲ့ေၾကာင္းသိရပါတယ္။

အစၥေရးစစ္ဘက္က၎တို႔အေနနဲ႔ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္မႈအသစ္ေတြလုပ္ေဆာင္ဖို႔ ျပင္ဆင္ေနျခင္းေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသရွိ မတူညီတဲ့ေနရာ ၇ ခုမွာေနထိုင္ေနတဲ့ေဒသခံေတြကို ေနရပ္စြန႔္ခြာၿပီး ဒုကၡသည္စခန္းေတြမွာသြားေရာက္ေနထိုင္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

အစၥေရးဟာ တိုက္ခိုက္ခံရၿပီးေနာက္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အေပၚ ေအာက္တိုဘာလ ၈ ရက္က ဗုံးႀကဲတိုက္ခိုက္မႈမ်ားနဲ႔ ျပန္လည္လက္တုံ႔ျပန္ခဲ့ၿပီး ဂါဇာၿမိဳ႕လယ္ေခါင္ရွိ ပါလက္စတိုင္း႐ုံးေတြ၊ အျပင္အေဆာက္အဦးေပါင္း ဒါဇင္ခ်ီ ဗုံးႀကဲခံခဲ့ရေၾကာင္းသိရပါတယ္။ အစၥေရးတို႔ရဲ႕ ဗုံးႀကဲတိုက္ ခိုက္မႈေၾကာင့္ ဂါဇာၿမိဳ႕ရွိ အထပ္ ၁၄ ထပ္ရွိတဲ့ တာဝါအေဆာက္အဦး လည္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းသိရပါတယ္။

အစၥေရးေလေၾကာင္းလိုင္းေတြဟာ ဟားမက္စ္အဖြဲ႕ နဲ႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ေအာက္တိုဘာလ ၈ ရက္ ညေနပိုင္းက စတင္ၿပီး တဲအဲဗစ္ ၿမိဳ႕ပ်ံသန္းမယ့္ ေလေၾကာင္းခရီးစဥ္ ၈၀ေက်ာ္ကို ဆိုင္းငံ့လိုက္ေၾကာင္းသိရပါတယ္။ အစၥေရးတိုက္ေလယာဥ္ေတြဟ ဂါဇာေဒသကို ေလေၾကာင္းက အရွိန္ျမင့္တိုက္ခိုက္ေနျခင္းေၾကာင့္ အစၥေရးကို ပ်ံသန္းမယ့္ ေလေၾကာင္းခရီးစဥ္အခ်ိဳ႕ကိုလည္း လက္ရွိအခ်ိန္မွာ ဆိုင္းငံ့ျခင္း၊ ဖ်က္သိမ္းျခင္းမ်ားလုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

အေမရိကန္ေလေၾကာင္းအာဏာပိုင္အဖြဲ႕က အေမရိကန္ေလေၾကာင္းလိုင္းေတြကို အစၥေရးေလေၾကာင္းပိုင္နက္အတြင္း ပ်ံသန္းျခင္းမ်ိဳးမလုပ္ဖို႔ နဲ႔ ပ်ံသန္းမယ္ဆိုရင္လည္း သတိထားဖို႔ ေအာက္တိုဘာလ ၉ ရက္က သတိေပးလိုက္ပါတယ္။ အစၥေရးတိုက္ ေလယာဥ္ေတြဟာ ေဝဟင္မွာ ပ်ံသန္းမႈလုပ္ေဆာင္ကာ ဂါဇာေဒသရွိ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္ေတြကို တိုက္ခိုက္လ်က္ရွိေနေၾကာင္းသိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အစၥေရးႏိုင္ငံကိုေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ လုံၿခဳံေရးဂ႐ုစိုက္ဖို႔ နဲ႔ ႏိုးႏိုးၾကားၾကား သတိနဲ႔ေနထိုင္ဖို႔ တိုက္တြန္းထားပါတယ္။ ဟားမက္စ္ နဲ႔ အစၥေရးတို႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက အစၥေရးဟာ ကိုယ္ကိုယ္ကို ခုခံပိုင္ခြင့္အရ ဟားမက္စ္အဖြဲ႕ေတြကို တိုက္ခိုက္ဖို႔ အခြင့္ေရးရွိေနေၾကာင္း၊ ေျပာဆိုထားသလို လာမယ့္ရက္ပိုင္းအတြင္းအစၥေရး လိုအပ္တဲ့အရာေတြကို ကူညီေထာက္ပံ့ေပးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕အေနနဲ႔ အစၥေရးအက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးထားတဲ့ ပါလက္စတိုင္းလူမ်ိဳးေတြကို ျပန္လႊတ္ေပးမယ္ဆိုရင္ ၎တို႔အေနနဲ႔လည္း ျပန္ေပးဆြဲခဲ့တဲ့ အစၥေရး တပ္ဖြဲ႕ဝင္မ်ားနဲ႔ အစၥေရးႏိုင္ငံသားေတြကို ျပန္လႊတ္ေပးမယ္လို႔ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ al-Arouri ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဟားမက္စ္အဖြဲ႕ဟာ ေအာက္တိုဘာလ ၈ ရက္၊ နံနက္ပိုင္းက အစၥေရး ကိုေရာ့ကဒ္ ဒုံးက်ည္ေထာင္ခ်ီနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလိုအစၥေရးပိုင္နက္ေတြအတြင္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး အစၥေရးနယ္ျခားေစာင့္တပ္ဖြဲ႕ေတြ နဲ႔ အစၥေရးႏိုင္ငံသားေတြကို ျပန္ေပးဆြဲခဲ့ေၾကာင္းသိရပါတယ္။ ၎က "ကြၽန္ေတာ္တို႔ဟာ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခ်ိန္အတြင္း အစၥေရးစစ္သားအမ်ားအျပားကို ဖမ္းဆီးခဲ့သလို သတ္ျဖတ္တာမ်ိဳးေတြလည္းလုပ္ခဲ့တယ္။ တိုက္ပြဲေတြကေတာ့ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ အစၥေရးအက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးခံထားရတဲ့ ပါလက္စတိုင္းလူမ်ိဳးေတြကို ျပန္လႊတ္ေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကလည္း ဖမ္းဆီးထားတဲ့အစၥေရးတပ္ဖြဲ႕ေတြ နဲ႔အစၥေရးႏိုင္ငံ သားေတြကို ျပန္လႊတ္ေပးမွာပါ"လို႔ ေျပာပါတယ္။ အစၥေရးအက်ဥ္းေထာင္ေတြထဲမွာ ပါလက္စတိုင္းလူမ်ိဳး ၅၂၀၀ ေက်ာ္ ဖမ္းဆီးထိန္းသိမ္းခံထားရတယ္လို႔ အက်ဥ္သားအခြင့္ေရးေစာင့္ေရွာက္ေရးအဖြဲ႕ Addameer က ေျပာပါတယ္။

အစၥေရး - ပါလက္စတိုင္း ေနာက္ဆုံးရသတင္း updated (12:15 PM)

ဟားမက္စ္အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သူ al-Arouri က လြတ္လပ္မႈအတြက္ တိုက္ပြဲဆင္ႏြဲေနျခင္းျဖစ္ေၾကာင္း၊ ၎တို႔အေနျဖင့္ ဘက္စုံတိုက္ပြဲမ်ားကို ျပဳလုပ္ေနၿပီး၊ တိုက္ပြဲမ်ားကို လက္ရွိထက္ ပိုမိုအရွိန္ျမင့္ ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

၎က "ကြၽန္ေတာ္တို႔အဖြဲ႕ရဲ႕အဓိက ပစ္မွတ္က လြတ္လပ္ဖို႔ပါ။ ကြၽန္ေတာ္တို႔ ပါလက္စတိုင္းေတြ လြတ္ေျမာက္ဖို႔ ပါ။ ကြၽန္ေတာ္တို႔ဟာ လြတ္ေျမာက္ဖို႔၊ လြတ္လပ္ဖို႔ အခြင့္အေရးရွိတယ္။ ကြၽန္ေတာ္တို႔ဟာ ေအာင္ပြဲ၊ လြတ္လပ္မႈ နဲ႔ လြတ္လပ္ေရး ရယူႏိုင္ခ်ိန္အထိ အစၥေရးအေပၚ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္မယ္" ဟု ေျပာသည္။

အစၥေရးသည္ ဂါဇာကမ္းေျမာင္ေဒသကို ေပးပို႔ေနေသာ လွ်ပ္စစ္ဓါတ္အား၊ ေရနံႏွင့္ ကုန္စည္ပို႔ေဆာင္ေပးမႈမ်ားကို ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္က သတင္းထုတ္ျပန္လိုက္သည္။ အစၥေရးက လွ်ပ္စစ္မီး ပို႔လႊတ္ ေပးေနမႈမ်ား ျဖတ္ေတာက္လိုက္ျခင္းေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသတြင္ ေနထိုင္ေနသူမ်ားသည္ ညအေမွာင္ထဲ တြင္ ရွင္သန္ေနထိုင္ေနရေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု က ဂါဇာကမ္းေျမာင္ေဒသအေပၚ ျပဳလုပ္ေနေသာ တန္ျပန္စစ္ဆင္ေရးပထမ အဆင့္ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း၊ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕မ်ားရွိေနသည့္ ေနရာအမ်ားအျပားကို တိုက္ခိုက္ ခဲ့ေၾကာင္း ေျပာသည္။

အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ရွိ ကမာၻ႔အႀကီးဆုံး ဆြန္နီဘာသာေရး ေလ့လာသင္ၾကားေပးေနသည့္ Al-Azhar al-Sharif ဗလီက အစၥေရးအေပၚ ဟားမက္စ္အဖြဲ႕၏ အံ့အားသင့္ဖြယ္တိုက္ခိုက္မႈ စတင္ခဲ့ၿပီးေနာက္ ၎တို႔အေနျဖင့္ ပါလက္စတိုင္းႏွင့္အတူ စုစည္းညီၫႊတ္စြာ ရပ္တည္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ အေမရိကန္ႏိုင္ငံရွိ ဂ်ဴးဖက္ဒေရးရွင္းအဖြဲ႕ကလည္း အစၥေရးႏိုင္ငံကို ကူညီေထာက္ပံ့ေပးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။

ပါလက္စတိုင္း ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕က အစၥေရးႏိုင္ငံအေပၚ ေအာက္တိုဘာ ၇ ရက္က အံ့အားသင့္ဖြယ္ ႐ုတ္တရက္တိုက္ခိုက္လာခဲ့ၿပီးေနာက္ အစၥေရးလုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ အစၥေရးေထာက္လွမ္းေရးအဖြဲ႕၏ စြမ္းေဆာင္ ရည္က ေမးခြန္းထုတ္စရာျဖစ္လာေနေၾကာင္း သိရသည္။ အေရွ႕အလယ္ပိုင္းႏွင့္ပတ္သက္ၿပီး အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕ ဒုတိယအႀကီးအကဲေဟာင္းတစ္ဦးျဖစ္သူ Jonathan Panikoff က "ဒီျဖစ္စဥ္မွာ အစၥေရး ေထာက္လွမ္းေရးအဖြဲ႕က်ဆုံးတာကို ျပသလိုက္တာပါ။ သတင္းႀကိဳတင္လက္ဦးမႈ မရယူႏိုင္ခဲ့ဘူး" ဟု ေဝဖန္ထား သည္။

ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္က အစၥေရးႏိုင္ငံအေပၚ တိုက္ခိုက္ခဲ့ေသာ ပါလက္စတိုင္း လက္နက္ကိုင္ အဖြဲ႕ ဟားမက္စ္အုပ္စု၏ တိုက္ခိုက္မႈမ်ားကို လူသားမဆန္ေသာ တိုက္ခိုက္မႈအျဖစ္ ေဝဖန္ျပစ္တင္လိုက္ၿပီး ပါလက္စတိုင္း ႏွင့္ အစၥေရးႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ထိုင္းႏိုင္ငံသားအလုပ္သမားေတြကို အျမန္ဆုံး ျပန္ေခၚယူ သြားမည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။

အစၥေရးႏိုင္ငံအေပၚ စတင္တိုက္ခိုက္ခဲ့ေသာ ဟားမက္စ္အဖြဲ႕၏ တိုက္ခိုက္မႈအတြင္း ထိုင္းႏိုင္ငံသားတစ္ဦး ေသဆုံး ခဲ့ကာ ထိုင္းႏိုင္ငံသား ၁၁ ဦး ျပန္ေပးဆြဲခံခဲ့ရေၾကာင္း သိရသည္။
ကေမာၻဒီးယား ေက်ာင္းသားတစ္ဦးသည္ အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ စစ္ပြဲ အတြင္း ေသဆုံးသြားခဲ့ေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။ ကေမာၻဒီးယားႏိုင္ငံသား ၄၅ဝ ဦးသည္ အစၥေရးႏိုင္ငံတြင္ ေက်ာင္းတက္လ်က္ရွိေနေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

အစၥေရး - ပါလက္စတိုင္း ေနာက္ဆုံးရသတင္း updated (1:00 PM)

အစၥေရးစစ္တပ္ဟာ ေအာက္တိုဘာ ၈ ရက္မွာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ သိမ္းပိုက္ခဲ့တဲ့ ဂါဇာကမ္းေျမာင္ေဒသနယ္စပ္အနီးရွိ ရဲစခန္းကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
ဟားမက္စ္စစ္ေသြးႂကြအဖြဲ႕ဟာ ေအာက္တိုဘာ ၇ ရက္ နံနက္ပိုင္းက အစၥေရးႏိုင္ငံကို ဒုံးက်ည္ အစင္းေပါင္းေထာင္နဲ႔ခ်ီ တိုက္ခိုက္ခဲ့ၿပီးေနာက္ ေျမျပင္ထိုးစစ္ဆင္ႏြဲမႈမ်ားလုပ္ေဆာင္ခဲ့ရာ Sderot ၿမိဳ႕ရဲစခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးတပ္ဖြဲ႕ဝင္ေတြဟာ ရဲစခန္းကို ျပန္လည္တိုက္ခိုက္သိမ္းပိုက္ဖို႔ ျပဳလုပ္တဲ့ စစ္ဆင္ေရးအတြင္း စစ္ေသြးႂကြ ၁ဝ ဦးကို သုတ္သင္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ အစၥေရးစစ္တပ္ဟာ ႏိုင္ငံပိုင္နက္အတြင္းကို စိမ့္ဝင္ေရာက္ရွိေနတဲ့ ပါလက္စတိုင္း ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အမ်ားအျပားကို ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ား လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ဟားမက္စ္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို ေအာက္တိုဘာ ၇ ရက္က ေရာ့ကဒ္ဒုံးက်ည္ေထာင္ခ်ီ နဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့သလို ေျမျပင္တပ္ဖြဲ႕ေတြ ေစလႊတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားစစ္ပြဲဟာ ဒုတိယေျမာက္ေန႔အျဖစ္ ဆက္လက္တိုက္ခိုက္ေနၿပီး ႏွစ္ဖက္စလုံးက အနည္းဆုံးလူေပါင္း ၅ဝဝ ေက်ာ္ ေသဆုံးထားၿပီး လူေထာင္ ခ်ီ ဒဏ္ရာရထားေၾကာင္း သိရပါတယ္။

အစၥေရးႏိုင္ငံအေပၚ စတင္တိုက္ခိုက္ခဲ့တဲ့ ဟားမက္စ္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြကို အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြက ျပစ္တင္ရႈတ္ခ်ထားၿပီး၊ အစၥေရးကူညီေထာက္ပံ့ေပးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ ႏိုင္ငံမ်ားနဲ႔ တ႐ုတ္၊ ႐ုရွား အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ အစၥေရး နဲ႔ ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕ ဟားမက္စ္အုပ္စုၾကားျဖစ္ေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ နဲ႔ ေစ့စပ္ေဆြးေႏြးဖို႔ ေတာင္းဆိုေနေၾကာင္း သိရပါတယ္။

ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အစၥေရးႏိုင္ငံအေပၚ တိုက္ခိုက္ခဲ့တဲ့လုပ္ရပ္ကို အီရန္ႏိုင္ငံက အျပည့္အဝအားေပးေထာက္ခံထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ဟားမက္စ္အဖြဲ႕ဟာ အီရန္၊ တူရကီ၊ ဟစ္ဘိုလာ နဲ႔ အာဖန္ဂန္နစၥတန္ႏိုင္ငံရွိ တာလီဘန္အဖြဲ႕ေတြနဲ႔ မဟာမိတ္ဖြဲ႕စည္းထားေၾကာင္း သိရပါတယ္။

အစၥေရးႏိုင္ငံအေပၚအလစ္တိုက္ခိုက္ခဲ့တဲ့ ဟားမက္စစ္ေသြးႂကြအဖြဲ႕ရဲ႕တိုက္ခိုက္မႈအတြင္း အစၥေရးစစ္သားေတြနဲ႔ အစၥေရးျပည္သူအမ်ားအျပား ျပန္ေပးဆြဲခံခဲ့ရၿပီး ကေလးငယ္၊အမ်ိဳးသမီးေတြ နဲ႔ သက္ႀကီး႐ြယ္အိုေတြ ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးစစ္ဘက္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး Jonathan Conricusက ျပန္ေပးဆြဲခံရသူအနက္အခ်ိဳ႕က ေသဆုံးခဲ့ေၾကာင္း ေျပာပါတယ္။ ဟားမက္စ္အဖြဲ႕ဟာ ၎တို႔ျပန္ေပးဆြဲထားတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြရဲ႕႐ုပ္သံဖိုင္ကို အြန္လိုင္းေပၚမွာျပသခဲ့ၿပီး အျခား႐ုပ္သံဖိုင္ထဲမွာေတာ့ ဟားမက္စ္အဖြဲ႕ေတြဟာ ျပန္ေပးဆြဲထားသူေတြကို ကုန္ကားေတြနဲ႔ တင္ေဆာင္ၿပီး ဂါဇာကမ္းေျမာင္ဘက္ကို ေမာင္းႏွင္ထြက္သြားတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဟားမက္စ္အဖြဲ႕ေတြဟာ အစၥေရးစစ္သားေတြနဲ႔ ျပည္သူေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျပန္ေပးဆြဲခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။

Picture

Sai Tun

08/10/2023 12:18

ဒီနေ့မှ အောက်တိုဘာ ၈ရက်ပဲ ရှိပါသေးတယ်၊ သတင်းရေးသူသတိမထားမိတာလား? သတိပြုနိုင်ဖို့ပါ။

Related news

© 2021. All rights reserved.