AI နည်းပညာက လူသားများ၏ အလုပ်လုပ်ချိန်ကို လျော့နည်းစေမည်ဖြစ်ကြောင်း JPMorgan ကုမ္ပဏီစီအီးအိုပြော

687

Pika (NP News) - အောက်တိုဘာ ၈
Artificial Intelligence (AI) နည်းပညာသည် လာမည့်မျိုးဆက်သစ်အလုပ်သမားများ၏ လူနေမှုဘဝကို သိသိ သာသာ တိုးတက်လာစေမည်ဖြစ်ကြောင်း JPMorgan ကုမ္ပဏီစီအီးအို Jamie Dimon က အကြုံပြုပြောခဲ့သည်။
သို့သော်လည်း (AI)နည်းပညာကြောင့် အချို့လူများ အလုပ်လက်မဲ့ဖြစ်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောခဲ့သည်။ (AI) နည်းပညာသည် လုပ်ငန်းစဉ်တစ်ခုချင်းစီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သွားမည်ဖြစ်ပြီး အဆိုပါ နည်းပညာကို ၎င်း၏ဘဏ်တွင် ဝန်ထမ်းထောင်ပေါင်းများစွာက အသုံးပြုနေပြီဖြစ်ကြောင်း Jamie Dimon က ပြောခဲ့သည်။
၎င်း က "(AI)နည်းပညာကြောင့် လာမယ့်အနာဂတ်မှာ ကလေးငယ်တွေဟာ ကင်ဆာရောဂါဖြစ်ပွားခြင်းမျိုးမရှိဘဲ အသက်(၁ဝဝ) လောက်ထိ နေနိုင်တော့မှာပါ။ ပြီးတော့ သူတို့ဟာ သီတင်းပတ်တစ်ပတ်ကို သုံးရက်ခွဲလောက်ပဲ အလုပ်လုပ်ရတော့မှာပါ" ဟု ပြောဆိုခဲ့သည်။
ထို့အပြင် JPMorgan ကုမ္ပဏီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှ ဧပြီလအတွင်း (AI)နည်းပညာနှင့်ပတ်သက်သော အခန်းကဏ္ဍပေါင်း(၃၅ဝဝ)ကျော်အတွက် ကြော်ငြာခဲ့ဖူးကြောင်း သိရသည်။ JPMorgan ကုမ္ပဏီ၏ အနာဂတ် အောင်မြင်မှုများအတွက် (AI)နည်းပညာကို လိုအပ်ကြောင်း Jamie Dimon ကပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း (AI) နည်းပညာကြောင့် အလုပ်အကိုင်များ အစားထိုးခြင်း အပါအဝင် အခြားဆက်စပ်သည့်အန္တရာယ်များကို Jamie Dimon က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version;
AI နည္းပညာက လူသားမ်ား၏ အလုပ္လုပ္ခ်ိန္ကို ေလ်ာ့နည္းေစမည္ျဖစ္ေၾကာင္း JPMorgan ကုမၸဏီစီအီးအိုေျပာ
Pika (NP News) - ေအာက္တိုဘာ ၈
Artificial Intelligence (AI) နည္းပညာသည္ လာမည့္မ်ိဳးဆက္သစ္အလုပ္သမားမ်ား၏ လူေနမႈဘဝကို သိသိ သာသာ တိုးတက္လာေစမည္ျဖစ္ေၾကာင္း JPMorgan ကုမၸဏီစီအီးအို Jamie Dimon က အႀကဳံျပဳေျပာခဲ့သည္။
သို႔ေသာ္လည္း (AI)နည္းပညာေၾကာင့္ အခ်ိဳ႕လူမ်ား အလုပ္လက္မဲ့ျဖစ္သြားႏိုင္ဖြယ္ရွိေၾကာင္း ၎က မွတ္ခ်က္ျပဳ ေျပာခဲ့သည္။ (AI) နည္းပညာသည္ လုပ္ငန္းစဥ္တစ္ခုခ်င္းစီ၏ အစိတ္အပိုင္းတစ္ခုျဖစ္သြားမည္ျဖစ္ၿပီး အဆိုပါ နည္းပညာကို ၎၏ဘဏ္တြင္ ဝန္ထမ္းေထာင္ေပါင္းမ်ားစြာက အသုံးျပဳေနၿပီျဖစ္ေၾကာင္း Jamie Dimon က ေျပာခဲ့သည္။
၎ က "(AI)နည္းပညာေၾကာင့္ လာမယ့္အနာဂတ္မွာ ကေလးငယ္ေတြဟာ ကင္ဆာေရာဂါျဖစ္ပြားျခင္းမ်ိဳးမရွိဘဲ အသက္(၁ဝဝ) ေလာက္ထိ ေနႏိုင္ေတာ့မွာပါ။ ၿပီးေတာ့ သူတို႔ဟာ သီတင္းပတ္တစ္ပတ္ကို သုံးရက္ခြဲေလာက္ပဲ အလုပ္လုပ္ရေတာ့မွာပါ" ဟု ေျပာဆိုခဲ့သည္။
ထို႔အျပင္ JPMorgan ကုမၸဏီသည္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလမွ ဧၿပီလအတြင္း (AI)နည္းပညာႏွင့္ပတ္သက္ေသာ အခန္းက႑ေပါင္း(၃၅ဝဝ)ေက်ာ္အတြက္ ေၾကာ္ျငာခဲ့ဖူးေၾကာင္း သိရသည္။ JPMorgan ကုမၸဏီ၏ အနာဂတ္ ေအာင္ျမင္မႈမ်ားအတြက္ (AI)နည္းပညာကို လိုအပ္ေၾကာင္း Jamie Dimon ကေျပာဆိုခဲ့ဖူးသည္။ သို႔ေသာ္လည္း (AI) နည္းပညာေၾကာင့္ အလုပ္အကိုင္မ်ား အစားထိုးျခင္း အပါအဝင္ အျခားဆက္စပ္သည့္အႏၲရာယ္မ်ားကို Jamie Dimon က သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။