ပဲခူးမြစ်ရေစံချိန်တင်မြင့်တက်မှုနှင့်အတူ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းအချို့ဆက်သွယ်မှုများ ပြတ်တောက်နေ

920
NP News - အောက်တိုဘာ ၉
ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးမြစ်ရေစံချိန်တင်မြင့်တက်မှုနှင့်အတူ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းအချို့ ဆက်သွယ်မှုများ ပြတ်တောက်နေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်၊ ညပိုင်းမှစတင်ကာ ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
“ခုတော့ တစ်မြို့လုံးနီးပါး ရေနစ်နေတာပေါ့။ မနစ်တာဆိုလို့ အမြင့်ပိုင်းဖြစ်တဲ့ ဟင်္သာကုန်းတစ်ခုပဲရှိတော့မယ်လို့ ထင်တယ်။ တော်တော်များများလဲ ဟင်္သာကုန်းဘက်ကိုပဲ ရွှေ့လာနေကြတာ။ ဖုန်းလိုင်းတွေကလဲ Mytel တစ်ခုပဲရတယ်”ဟု ပဲခူးမြို့ရှိဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ပဲခူးမြို့အနိမ့်ပိုင်းရှိ ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုသည် (၆)ပေမှ (၉)ပေခန့်အထိရှိနေပြီး ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုများသည် ဆက်လက်မြင့်တက်လာနေကြောင်း သိရသည်။
“ကျောက်တွင်းကုန်းဆို (၉)ပေကျော်တယ်။ တချို့ရပ်ကွက်တွေဆို ပေါင်လောက်နဲ့။ တချို့နေရာဆိုရင် ရင်ခေါင်းလောက်ထိ ရောက်တာပေါ့။ တချို့နေရာတွေက တစ်ထပ်အိမ်တွေဆိုရင် ခေါင်တွေပဲမြင်ရတော့တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယမန့် (အောက်တိုဘာလ ၈ ရက်)၊ နေ့လည် ၁နာရီခွဲအချိန်တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ (၂)ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၃)ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပဲခူးမြို့၏မြစ်ရေ စိုးရိမ်ရေအမှတ်သည် (၈၈၀)စင်တီမီတာ ဖြစ်သော်လည်း ယမန်နေ့(အောက်တိုဘာလ ၈ ရက်)၊ ညနေပိုင်းတွင် စိုးရိမ်ရေအမှတ် (၉၇၀)စင်တီမီတာအထိ မြင့်တက်လာခဲ့ကြောင်း ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ယနေ့ (အောက်တိုဘာလ ၉ ရက်)၊ နံနက် ၆နာရီခွဲအချိန်တွင် ပဲခူးမြို့၏မြစ်ရေစိုးရိမ်ရေအမှတ်သည့် (၁၀၀၄)စင်တီမီတာအထိ မြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အလားတူ လှည်းကူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အိမ်ခြေ(၂၀)နှင့် လူဦးရေ (၁၀၀)နီးပါးခန့် ရေဘေးကူညီမှုများလိုအပ်လျက်ရှိကြောင်း သိရသည်။
“အရင်တုန်းက ရေမတက်တဲ့ အမြင့်ပိုင်းတွေတောင် အခုရေရောက်တယ်။ နည်းတာနဲ့များတာပဲကွာတယ်။ မနေ့က နှစ်နေရာပဲဆိုတော့ အိမ်ထောင်စု (၂၀)လောက်ရှိတယ်။ လူဦးရေကတော့ (၉၀)ကျော် (၁၀၀)နီးပါးပေါ့။ လက်ရှိက ကယ်ဆယ်ရေးစခန်းမရောက်သေးတော့ မသိရသေးဘူး”ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့နယ်ရှိ ဈေးကြီးရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ရိပ်သာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ကို ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။
ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးရှောင်ပြည်သူများကို ယာယီရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိပြီး ၎င်းတို့အတွက် အစားအစာအပါအဝင် သောက်ရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပဲခူးျမစ္ေရစံခ်ိန္တင္ျမင့္တက္မႈႏွင့္အတူ တစ္ၿမိဳ႕လုံးနီးပါး ေရႀကီးေရလွ်ံမႈ ျဖစ္ပြားလ်က္ရွိၿပီး ဖုန္းလိုင္းအခ်ိဳ႕ဆက္သြယ္မႈမ်ား ျပတ္ေတာက္ေန
NP News - ေအာက္တိုဘာ ၉
ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၌ ပဲခူးျမစ္ေရစံခ်ိန္တင္ျမင့္တက္မႈႏွင့္အတူ တစ္ၿမိဳ႕လုံးနီးပါး ေရႀကီးေရလွ်ံမႈ ျဖစ္ပြားလ်က္ရွိၿပီး ဖုန္းလိုင္းအခ်ိဳ႕ ဆက္သြယ္မႈမ်ား ျပတ္ေတာက္ေနေၾကာင္း သိရသည္။
မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈေၾကာင့္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၇ ရက္၊ ညပိုင္းမွစတင္ကာ ပဲခူးၿမိဳ႕၌ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလာခဲ့ေၾကာင္း သိရသည္။
“ခုေတာ့ တစ္ၿမိဳ႕လုံးနီးပါး ေရနစ္ေနတာေပါ့။ မနစ္တာဆိုလို႔ အျမင့္ပိုင္းျဖစ္တဲ့ ဟသၤာကုန္းတစ္ခုပဲရွိေတာ့မယ္လို႔ ထင္တယ္။ ေတာ္ေတာ္မ်ားမ်ားလဲ ဟသၤာကုန္းဘက္ကိုပဲ ေ႐ႊ႕လာေနၾကတာ။ ဖုန္းလိုင္းေတြကလဲ Mytel တစ္ခုပဲရတယ္”ဟု ပဲခူးၿမိဳ႕ရွိေဒသခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ပဲခူးၿမိဳ႕အနိမ့္ပိုင္းရွိ ရပ္ကြက္အခ်ိဳ႕၌ ေရဝင္ေရာက္မႈသည္ (၆)ေပမွ (၉)ေပခန႔္အထိရွိေနၿပီး ရပ္ကြက္အတြင္းသို႔ ေရဝင္ေရာက္မႈမ်ားသည္ ဆက္လက္ျမင့္တက္လာေနေၾကာင္း သိရသည္။
“ေက်ာက္တြင္းကုန္းဆို (၉)ေပေက်ာ္တယ္။ တခ်ိဳ႕ရပ္ကြက္ေတြဆို ေပါင္ေလာက္နဲ႔။ တခ်ိဳ႕ေနရာဆိုရင္ ရင္ေခါင္းေလာက္ထိ ေရာက္တာေပါ့။ တခ်ိဳ႕ေနရာေတြက တစ္ထပ္အိမ္ေတြဆိုရင္ ေခါင္ေတြပဲျမင္ရေတာ့တယ္” ဟု ၎ကဆက္လက္ေျပာသည္။
ယမန႔္ (ေအာက္တိုဘာလ ၈ ရက္)၊ ေန႔လည္ ၁နာရီခြဲအခ်ိန္တိုင္းတာခ်က္အရ ပဲခူးျမစ္ေရသည္ စိုးရိမ္ေရအမွတ္အထက္သို႔ (၂)ေပခြဲခန႔္ ေက်ာ္လြန္ ေရာက္ရွိေနၿပီး ေနာက္တစ္ရက္အတြင္း (၃)ေပခန႔္ ျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။
ပဲခူးၿမိဳ႕၏ျမစ္ေရ စိုးရိမ္ေရအမွတ္သည္ (၈၈၀)စင္တီမီတာ ျဖစ္ေသာ္လည္း ယမန္ေန႔(ေအာက္တိုဘာလ ၈ ရက္)၊ ညေနပိုင္းတြင္ စိုးရိမ္ေရအမွတ္ (၉၇၀)စင္တီမီတာအထိ ျမင့္တက္လာခဲ့ေၾကာင္း ပဲခူးတိုင္း အစိုးရအဖြဲ႕ထံမွ သိရသည္။
ယေန႔ (ေအာက္တိုဘာလ ၉ ရက္)၊ နံနက္ ၆နာရီခြဲအခ်ိန္တြင္ ပဲခူးၿမိဳ႕၏ျမစ္ေရစိုးရိမ္ေရအမွတ္သည့္ (၁၀၀၄)စင္တီမီတာအထိ ျမင့္တက္လာခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
အလားတူ လွည္းကူးၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး အိမ္ေျခ(၂၀)ႏွင့္ လူဦးေရ (၁၀၀)နီးပါးခန႔္ ေရေဘးကူညီမႈမ်ားလိုအပ္လ်က္ရွိေၾကာင္း သိရသည္။
“အရင္တုန္းက ေရမတက္တဲ့ အျမင့္ပိုင္းေတြေတာင္ အခုေရေရာက္တယ္။ နည္းတာနဲ႔မ်ားတာပဲကြာတယ္။ မေန႔က ႏွစ္ေနရာပဲဆိုေတာ့ အိမ္ေထာင္စု (၂၀)ေလာက္ရွိတယ္။ လူဦးေရကေတာ့ (၉၀)ေက်ာ္ (၁၀၀)နီးပါးေပါ့။ လက္ရွိက ကယ္ဆယ္ေရးစခန္းမေရာက္ေသးေတာ့ မသိရေသးဘူး”ဟု လွည္းကူးၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေရႀကီးေရလွ်ံမႈေၾကာင့္ လွည္းကူးၿမိဳ႕နယ္ရွိ ေဈးႀကီးရပ္ကြက္၊ ေအာင္မဂၤလာရပ္ကြက္၊ ျပည္ေတာ္သာရပ္ကြက္၊ ရိပ္သာရပ္ကြက္ႏွင့္ ၿမိဳ႕မရပ္ကြက္တို႔ကို ေရဝင္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။
ေရႀကီးေရလွ်ံမႈမ်ား ဆက္တိုက္ျဖစ္ေပၚေနျခင္းေၾကာင့္ ေရေဘးေရွာင္ျပည္သူမ်ားကို ယာယီေရေဘးေရွာင္စခန္းမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးလ်က္ရွိၿပီး ၎တို႔အတြက္ အစားအစာအပါအဝင္ ေသာက္ေရႏွင့္ ေဆးဝါးမ်ား လိုအပ္လ်က္ရွိေၾကာင္း သိရသည္။